ရန်ကုန်မြို့ရှိ ခရီးသည်တင် အဓိပတိ အပြာ ယာဉ်လိုင်းမှာ ငွေစက္ကူ မလိုဘဲ I Pay Card စနစ်နဲ့ အသုံးပြု စီးနင်းနေနိုင်ပြီ ဖြစ်ရာ နောက်ပိုင်း မှာတော့
အခြားယာဉ် များမှာပါ ထပ်မံ တိုးချဲ့ သွားဖို့ရှိတာ ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ I Pay Card စနစ် သုံးစွဲဖို့ လွယ်ကူစေဖို့ I Pay Station တွေကို ရန်ကုန်မြို့တွင်းရှိ မြေနီကုန်း၊ လှည်းတန်း၊ စံပြ၊ ၈ မိုင်၊ လှိုင်သာယာ အဝေးပြေး၊ သာကေတ ၊မြလမ်း၊ မင်္ဂလာလမ်း ဈေးရှေ့၊ ၃၆ လမ်းနဲ့ မဟာဗန္ဓု လမ်းထောင့် အစရှိတဲ့ နေရာတွေမှာ ထားရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အဆိုပါ I Pay Card ရဲ့ တန်ဖိုးဟာ ၃၀၀ ကျပ်ဖြစ်ပြီး နောက်ပိုင်း ကိုယ်ပိုက်ဆံ ထည့်ချင် သလောက် ထည့်ပြီး သုံးလို့ရတာ ဖြစ်ပါတယ်။ အဆိုပါ ကဒ်ဟာ ရေစို၊ စုတ်ပြဲခြင်းလည်း မရှိဘဲ ကြာရှည်ခံ နိုင်တာ ဖြစ်တယ်လို့ I Pay Card မှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။