မြန်မာ့ မီးရထားမှ ဆောက်လုပ် လျက်ရှိတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာ-ပုသိမ် မီးရထား လမ်းပိုင်း တည်ဆောက်မှုဟာ လာမယ့် မိုးအကုန်မှာ ပြီးစီးနိုင်ဖွယ်
ရှိတယ်လို့ သိရပါတယ်။ အဆိုပါ မီးရထား လမ်းပိုင်းကို ၂၀၀၉ ခုနှစ်၊ စက်တင်ဘာလနဲ့ အောက်တိုဘာ လမှာ စတင် အကောင်အထည် ဖော်ခဲ့တာ ဖြစ်ပြီး ရထား လပိုင်းက ၂ ပိုင်း ဖြစ်တယ်လို့ သိရပါတယ်။
အဆိုပါ ရထား လမ်းပိုင်း တွေက လှိုင်သာယာ-ညောင်တုန်း အိမ်မဲ-ပုသိမ် လမ်းပိုင်းနဲ့ ဟင်္သာတ-ဇလွန်-ဓနုဖြူ-စက်ကော့ ညောင်တုန်း လမ်းပိုင်း တို့ဖြစ်ပြီး ယခု လက်ရှိ မှတော့ လှိုင်သာယာ-ညောင်တုန်း ကြားကို တံတား ဆောက်နေပြီး ညောင်တုန်း-ဇလွန်ကြားကို သံလမ်းခင်း နေပြီဖြစ် တယ်လို့ မြန်မာ့ မီးရထားမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
ဒီလို ဆောက်လုပ်မှု တွေဟာ ယခု လောလောဆယ်မှာ မြေသား လုပ်ငန်းတွေရဲ့ ပြီးစီးမှုဟာ ၇၅ ရာခိုင်နှုန်း ပြီးစီးပြီး တံတား ဆောက်လုပ်မှု တွေဟာ ၆၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် ရထား လမ်းရဲ့ အရှည်ဟာ လှိုင်သာယာ-ပုသိမ်ကို ၉၈ မိုင်ရှည်ပြီး ဟင်္သာတ-ညောင်တုန်း လမ်းပိုင်း ကတော့ ၄၈ မိုင်ရှည် တယ်လို့ သိရပါတယ်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။