ဆော့ဖ်ဝဲ ခိုးသုံးမှု အတွက် မိုက်ခရိုဆော့ဖ်မှ တရုတ် အိုင်တီ ကုမ္ပဏီ ၂ ခုကို တရားစွဲ

Friday, April 27, 20121မှတ်ချက်များ

တရုတ် နိုင်ငံမှ အိုင်တီ ကုမ္ပဏီ ၂ ခုမှာ ကြာသပတေး နေ့က မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှ ခိုးယူထားသည့် ဆော့ဖ်ဝဲ အတုများကို သုံးစွဲမှုဖြင့် တရားရုံးတွင်

အစစ်ဆေးခံရန် ဆင့်ခေါ် ခံလိုက်ရပြီ ဖြစ်ကာ အမေရိကန်ရှိ မိုက်ခရိုဆော့ဖ်တို့ အနေဖြင့် ယင်းသို့ တရားမဝင် သုံးစွဲမှုကြောင့် လျော်ကြေးငွေ အဖြစ် ဒေါ်လာ ၁.၅၉ သန်း ရလိုကြောင်းလည်း တောင်းခံလိုက်ပြီ ဖြစ်သည်။ မိုက်ခရိုဆော့ဖ် ကုမ္ပဏီမှာ Beijing Ming Wan Zhi Da Technology Co., Ltd. နှင့် Ming Wan Information Technology Co., Ltd. တို့ကို ယခုလို စွပ်စွဲခဲ့ခြင်း ဖြစ်ကာ အဆိုပါ ကုမ္ပဏီ နှစ်ခုမှာ အသေးစားနှင့်အလတ်စား စီးပွားရေး လုပ်ငန်းများ အတွက် e-commerce ဝန်ဆောင်မှုများကို ပေးနေခြင်း ဖြစ်သည်။

ယင်းကုမ္ပဏီ နှစ်ခုမှာ ခိုးယူထားသည့် မိုက်ခရိုဆော့ဖ်၏ ရုံးလုပ်ငန်းသုံး ဆော့ဖ်ဝဲများ ဖြစ်သည့် Microsoft Windows, Office, Visual Studio နှင့်အခြားသော ဆော့ဖ်ဝဲများကို ၎င်းတို့ ကုမ္ပဏီရှိ ကွန်ပြူတာများထဲတွင် သုံးစွဲခဲ့သဖြင့် ယခုလို တရားစွဲရခြင်း ဖြစ်သည်ဟု မိုက်ခရိုဆော့ဖ်မှ ရှေ့နေက ပြောသည်။ အဆိုပါ ကုမ္ပဏီ ၂ ခုမှာ ဘေဂျင်းတွင် အခြေစိုက်ပြီး နိုင်ငံ အနှံ့တွင် ရုံးခွဲများ ဖွင့်လှစ်ထားခြင်း ဖြစ်သည်။ ယခုလို ဒေါ်လာ ၁.၅၉ သန်းကို တောင်းရခြင်းမှာ မိုက်ခရိုဆော့ဖ်တို့ အနေဖြင့် ၎င်းတို့ဘက်မှ ဆုံးရှုံးနစ်နာမှု အတွက် ကုန်ကျနိုင်သည့် ပမာဏကို တောင်းခံခြင်းလည်း ဖြစ်ကာ ယခုလို တောင်းဆိုမှု အတွက် အဆိုပါ ကုမ္ပဏီ ၂ ခုဘက်မှ ရှေ့နေမှ တုံ့ပြန်ရာ၌ မှားယွင်း တွက်ချက်ပြီး တောင်းခံခြင်းသာ ဖြစ်သည်ဟု ပြောခဲ့သည်။ မိုက်ခရိုဆော့ဖ်တို့ အနေဖြင့် အဆိုပါ ကုမ္ပဏီ ၂ ခုကို နိုင်ငံ၏ အထင်ကရ သတင်းစာ ဖြစ်သော People's Daily တွင် တရားဝင် တောင်းပန်မှု ပြုလုပ်ရန်လည်း တောင်းဆိုခဲ့ကြောင်း ဇင်ဝှာ သတင်းတွင် ဖော်ပြခဲ့သည်။

source : xinhuanews

Share this article :

+ မှတ်ချက်များ + 1 မှတ်ချက်များ

April 27, 2012 at 8:58 PM

တရုတ်တွေ၊ တရုတ်တွေ။ မလွယ်ပါလား။ နာမည်ကြီး Company Microsoft ကိုမှသွားလုပ်ရက်တယ်။ လျော်လိုက်ပါတယ်။ ၀န်ခံနေရတာ ခုအချိန်နှောင်းသွားပြီလေ။

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger