အာဂျင်တီးနားနှင့် တောင်ကိုရီးယား နိုင်ငံမှ အင်တာနက် တရားဝင် ထိန်းသိမ်းသူ အဖွဲ့အစည်း များမှ အွန်လိုင်း ရှာဖွေရေးနှင့် ကြော်ငြာလုပ်ငန်း
ကုမ္ပဏီ ဖြစ်သည့် Google ကို စေ့စပ်စွာ စစ်ဆေး နေပြီ ဖြစ်သည်။ အမေရိကန် ဖယ်ဒရယ် ကုန်သွယ်ရေး ကော်မရှင်မှ ယခင် တရားရေး ဌာန အစိုးရ ရှေ့နေ ဖြစ်သူ Beth Wilkinson ကို Google တို့အနေဖြင့် အွန်လိုင်း ရှာဖွေမှု လုပ်ငန်းအတွင်း တရားမဝင် စိုးမိုးထားမှု ပြုလုပ်ခြင်း ရှိ ၊ မရှိကို စုံစမ်းမှု ပြုလုပ်ရန် အတွက် ငှားရမ်းလိုက်ကြောင်း ထုတ်ပြန်ခဲ့ အပြီး နောက်တစ်ရက်တွင် ယခုလို ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။
ယမန်နှစ်က အမေရိကန်ရှိ စစ်ဆေးရေး အဖွဲ့ ဝင်များမှာ Google ၏ အမြတ်အစွန်း များလှသည့် အွန်လိုင်း ရှာဖွေရေး လုပ်ငန်းနှင့် ကြော်ငြာ လုပ်ငန်းများနှင့် ပတ်သက်ပြီး စစ်ဆေးရန် အတွက် စီစဉ်ခဲ့ အပြီးတွင် Google ကုမ္ပဏီ အတွက် ကြီးမားသည့် တရားဝင် စိန်ခေါ်မှု တစ်ခု ဖြစ်စေခဲ့ခြင်း ဖြစ်သည်။ ယခုလို စုံစမ်းမှုတွင် တောင်ကိုရီးယား နိုင် ငံအတွင်း Google ၏ လုပ်ဆောင်မှုများ တရားဝင်ခြင်း ရှိ ၊ မရှိကို ယမန်နှစ်ကပင် စတင် စစ်ဆေးခဲ့သည်။
source : channelnewsasia.com
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။