Yahoo နှင့် Facebook တို့၏ မူပိုင်ခွင့် တိုက်ပွဲ အရှိန်မြင့်လာ

Saturday, April 28, 20120 မှတ်ချက်များ

လွန်ခဲ့သည့် သောကြာနေ့က အင်တာနက် လုပ်ငန်းကြီး နှစ်ခုဖြစ်သော Yahoo နှင့် Facebook တို့၏ မူပိုင်ခွင့် တိုက်ပွဲမှာ ပိုမို ပြင်းထန်လာခဲ့ပြီ ဖြစ်ကာ

Facebook တို့အနေဖြင့် Yahoo ကို တရားရုံးတွင် လက်တုံ့ပြန်နိုင်ရန် အတွက် ဥာဏပစ္စည်း မူပိုင်ခွင့်များကို ဝယ်ယူခဲ့သည်ဟု Yahoo တို့ဘက်မှ စွပ်စွဲလိုက်ပြီ ဖြစ်သည်။

လူမှုရေး ကွန်ရက်ဆိုက် Facebook မှာ မူပိုင်ခွင့်များကို ချိုးဖောက်နေသည်ဟု Yahoo မှ စွပ်စွဲခဲ့ပြီးနောက် Facebook မှ ပြန်လည် တုံ့ပြန်စွပ်စွဲမှု ထွက်ပေါ် လာခဲ့ကာ စာမျက်နှာ ၃၇ မျက်နှာပါ စွဲ ချက်ဖြင့် Yahoo တို့အပေါ် တရားရုံးသို့ ပြန်ပြီး တန်ပြန် စွဲချက်တင်လိုက်ခြင်းပင် ဖြစ်သည်။ Yahoo ၏ စွဲချက်ကို လက်တုံ့ပြန်သည့် အနေဖြင့် ယခုလို ပြုမူသော Facebook ၏ လုပ်ဆောင်ချက်မှာ တန်ပြန် စွဲချက်တင်ခြင်းသာ ဖြစ်ကြောင်း Yahoo ရှေ့နေ ဖြစ်သူ Kevin Smith မှ ပြောခဲ့ကာ မူပိုင်ခွင့် ၁၀ ခုကို ချိုးဖောက်ခဲ့ကြောင်း ဖယ်ဒရယ် တရားရုံးတွင် ပြန်လည်ပြီး စွဲချက် တင်လိုက်ခြင်း ဖြစ်သည်။

လွန်ခဲ့သည့် မတ်လက Yahoo တို့ဖက်မှ Facebook ကို မူပိုင်ခွင့် ၁၀ ခု ချိုးဖောက်ကြောင်း စွဲချက်တင် အမှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ ယခုလို Facebook တို့ဖက်မှ စွပ်စွဲ ချက်ကို မိမိတို့ အနေဖြင့် သဘောတူညီမှု မရှိဘဲ မိမိတို့ ကိုယ်ကို အားစိုက်ခွန်စိုက်ပြီး တုန့်ပြန်သွားမည် ဖြစ်သည်ဟုလည်း Yahoo ၏ ရှေ့နေ ဖြစ်သူမှ ပြောကြား သွားခဲ့သည်။

source : challelnewsasia.com

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger