သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်..ဆုဂျေခုတင်ပြချင်တဲ့အင်တာဗျူး
လေးကတော့..လောလောဆယ်လူငယ်ပရိတ်သတ်တွေကြားမှာ..တော်တော်လေးရေပန်းစားနေတဲ့...ရင်ခုန်သံတူသူ
တွေအတွက်..တကယ့်ကို..heart ထိစေတဲ့သီချင်းလေးကိုဆိုထားတဲ့...သူချစ်တဲ့ကောင်မလေးမှာချစ်သူရှိတယ်လို့
တရားဝင်ကြေငြာထားတဲ့...နောက်ပြီး..တိုင်းရင်းသားလေးပီပီ...ဖော်ရွေရင်းနှီးစွာဆက်ဆံတတ်တဲ့..ချင်းတိုင်းရင်းသား
စစ်စစ်လေး...ဂျေကေစံပဲဖြစ်ပါတယ်ရှင်..။နှစ်သစ်ချိန်ခါလေးမှာ....ရင်းနှီးနွေးထွေးမှုလေးတွေနဲ့..ထုံမွှမ်းနေတဲ့..
အင်တာဗျူးလေးကိုတင်ဆက်ပေးချင်တာကတော့..ဒီလိုပါနော်..။
♥ပထမဆုံးကိုဂျေဂီတလောကထဲရောက်လာပုံလေးကိုသိပါရစေနော်..။
♥♥2006ခုနှစ်မှာရန်ကုန်ဆင်းလာပြီးတော့ ပန်းဆိုးတန်းက GMI ဆိုတဲ့ဂီတသင်တန်းကျောင်းကိုတက်ဖြစ်တယ်
ညီမလေး။ကျောင်းဆင်းပြီးတော့..ဒီအနုပညာမှာအသိတွေတိုးလာပြီးတော့...ဒီအနုပညာကိုဆက်လုပ်ဖြစ်တယ်
ဆိုပါတော့။
♥ဒါဆိုသီချင်းဆိုတာကိုရော..ဘယ်အရွယ်ကစ၀ါသနာပါလဲ..
♥♥အကို6တန်းလောက်မှာစနားထောင်ဖြစ်တယ်..8တန်းလောက်ကြတော့နည်းနည်းပါးပါးဆိုနေပြီလေ..နောက်..
Church တွေမှာလည်းဆိုနေတယ်လေ..ဒီတော့ငယ်ငယ်ကတည်းကပါတယ်လို့ဆိုရမှာပေါ့နော်။
♥ကိုဂျေငယ်ငယ်တုန်းကဟစ်ခဲ့တဲ့..သီချင်းတွေကဘယ်သူ့သီချင်းတွေများလဲ..
♥♥ငယ်ငယ်တုန်းကနားထောင်တာကကိုလေးဖြူလေ..ကိုလေးဖြူဆိုထွက်သမျှခွေရော..သီချင်းစာအုပ်ကအစရှိတယ်
ညီမလေး..သူ့သီချင်းအေးအေးလေးတွေဟစ်ဖြစ်ပါတယ်..။
♥အကို့နာမည်အရင်းကဂျေကေစံပဲလားအကို
♥♥မဟုတ်ဘူးညီမလေး..အနုပညာနာမည်ပါ...း)။
♥ဘယ်လိုကြောင့်ခုလိုနာမည်လေးပေးဖြစ်တာလဲအကို
♥♥ဟုတ်..ချင်းအမျိုးထဲမှာ..အကိုတို့အမျိုးက JK အမျိုးလေ..အရှည်ကတော့...J က Jason Kကတော့..Kaung
အဲဒီကနေ...ယူဖြစ်တာပါ။
♥ဇာတိကကလေးဖြစ်မယ်ထင်တယ်နော်အကို..း)
♥♥ဟုတ်တာပေါ့ဗျာ..တော်တယ်..း)။
♥ခုလိုဟိုးအဝေးကြီးကနေ..ရန်ကုန်ထိဆင်းလာပြီးဂီတအလုပ်တွေလုပ်နေရတာဆိုတော့..အခက်အခဲတော့ရှိမှာပေါ့နော်
♥♥ဟုတ်..သိပ်ရှိတာပေါ့ဗျာ..ဒါပေမယ့်..ကြာလာတော့လည်း..အခက်အခဲလို့ကိုမမြင်တော့ပါဘူးလေ။
♥အခက်အခဲတွေကိုဘယ်လိုစိတ်နဲ့ကျော်ဖြတ်ခဲ့လဲအကို
♥♥အမေက အကို့ကိုပြောတယ်..အမြဲလည်းအားပေးတယ်..ဘယ်လိုအားပေးလဲဆိုတော့..အခက်အခဲဆိုတာနေရာတိုင်း
မှာရှိတယ်..ဒါပေမယ့်..ဒီအခက်အခဲတွေကလက်လျော့ဖို့မဟုတ်ဘူး..အခက်အခဲတွေရဲ့တစ်ဘက်မှာ..ကြီးမားတဲ့ရလဒ်
တွေရှိနေတယ်..ဒီတော့..အခက်အခဲကြီးလေလေ...ရလာမယ့်အကျိုးရလဒ်က..များလေလေလို့မှတ်ပြီး..ကြိုးစားနောလို့
အမေကအမြဲပြောတယ်ညီမလေး..အဲဒီစိတ်နဲ့ပဲအကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်ဗျာ။
♥ဒါဆိုအမေပေးတဲ့အားတွေနဲ့ခုလိုဆက်လျောက်နိုင်ခဲ့တယ်ပေါ့..။
♥♥ဟုတ်တယ်ညီမလေး..တစ်ခုခုအဆင်မပြေတာရှိရင်လည်းခုချိန်ထိ..အမေနဲ့ဖုန်းအမြဲပြောပြီးတိုင်ပင်ဖြစ်ပါတယ်..။
♥နောက်ထပ်အကို့ရဲ့ကျေးဇူးရှင်လို့သတ်မှတ်လို့ရတဲ့သူရှိရင်လည်းပြောပြပါနော်။
♥♥အင်း..သူကတော့..အကိုတို့ဂီတကျောင်းကဂီတဆရာပါ..နာမည်က Jubert လို့ခေါ်တယ်..အကို့ကိုဆိုသူငယ်ချင်းလို
ညီအကိုလိုပဲ..သူကအကို့ရဲ့ဘ၀ကိုသိတော့..အမြဲကူညီအားပေးတယ်..ကျန်တာတွေကတော့..အကိုရဲ့သင်ဆရာ..မြင်ဆရာ
ကြားဆရာတွေနဲ့..ပရိတ်သတ်တွေပေါ့ဗျာ..။
♥အဆိုတော်တွေထဲမှာတိုင်းရင်းသားအဆိုတော်တွေကစည်းလုံးမှုပိုရှိကြတာတွေ့ရတယ်နော်..ဒီ့အတွက်တိုင်းရင်းသား
တစ်ယောက်ဖြစ်တဲ့အကို့ရဲ့ခံစားချက်လေးသိလိုရမလား
♥♥ဟုတ်တယ်ညီမလေး..တိုင်းရင်းသားတွေပိုစည်းလုံးတာ.ခုအဆိုတော်ဖြစ်လာမှပိုသိလာရတယ်..ဒီ့အတွက်လည်း
ကျေနပ်ဂုဏ်ယူမိပါတယ်ဗျာ။
♥ခုကျွန်တော့ချစ်သူမှာချစ်သူရှိတယ်ဆိုတဲ့ခွေလေးကိုအချိန်ဘယ်လောက်ယူပြီအကိုပြင်ဆင်ခဲ့ရလဲရှင့်
♥♥2008လောက်ကသီချင်းလိုက်စုတယ်..ခွေတကယ်ထွက်နိုင်တာက...2010မှဆိုတော့...နှစ်နှစ်ကျော်ကျော်ကြာခဲ့တာပေါ့
♥တစ်ခွေလုံးကကိုယ်ပိုင်သံစဉ်တွေချည်းဆိုတော့..အကိုက Own Tune ကိုပိုအားသန်တဲ့သဘောလား
♥♥ဟုတ်..နိုင်ငံခြားသံစဉ်တွေနားထောင်ဖြစ်ပေမယ့်..စိတ်က ကိုယ်ပိုင်သံစဉ်ဆိုရတာကိုပိုအားသန်နေမိတယ်ညီမလေး။
♥ဒီခွေလေးထဲမှာကိုဂျေအကြိုက်ဆုံးသီချင်းလေးတွေက..
♥♥အကုန်လုံးတော့ကြိုက်တာပေါ့..ဒါပေမယ့်..ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်နဲ့..ဘေးနားကလူသီချင်းရယ်ကို
ပိုကြိုက်မိတယ်ဗျ။
♥ပရိတ်သတ်တွေကရောဘယ်သီချင်းတွေကြိုက်တယ်လို့ပြောလဲအကို
♥♥တစ်ယောက်နဲ့တစ်ယောက်တော့မတူဘူးညီမလေး...ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်လည်းပြောတယ်..ဘေးနား
ကလူလို့လည်းပြောတယ်..ပါသွားပြီး..အဲသီချင်းလေးတွေအပြောများတယ်..ကျွန်တော့်ပရိတ်သတ်တွေအသဲကွဲနေကြ
တယ်ထင်ပါရဲ့ဗျာ..။
♥တစ်ခွေလုံးကသီချင်းအေးအေးလေးတွေများတယ်နော်..အကိုကြိုက်လို့လား
♥♥ဟုတ်တယ်ညီမလေး..သီချင်းအေးအေးလေးတွေကိုအကိုလည်းကြိုက်တယ်..ပရိတ်သတ်ကလည်းပိုကြိုက်မယ်ထင်လို့ပါ။
♥ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်ဆိုတဲ့သီချင်းလေးကို Title ပေးဖြစ်သွားပုံလေးသိပါရစေနော်.
♥♥အစကပေးထားတာက..နံရိုးတစ်ချောင်း၇ဲ့ရာဇ၀င်ပါ...ဒါပေမယ့်..အကုန်လုံးကလည်းဖုန်းဆက်ကြတယ်..ကျွန်တော်ချစ်
တဲ့သူမှာချစ်သူရှိတယ်ကိုပိုကြိုက်ကြတယ်..ပြောင်းလိုက်ပါလားပေါ့...နောက်ပြီးဒီသိချင်းလေးက..ခွေကာဗာလုပ်ရတာ
လည်းပိုအဆင်ပြေမယ်ထင်လို့လေ..။
♥အကို့ရဲ့ခံစားချက်စစ်စစ်လေးလို့ပြောလို့ရလားအကိုဒီသီချင်းလေးကလေ...း)။
♥♥ဟားဟား..မဟုတ်ပါဘူးဗျာ..ခုချိန်ထိ..ချစ်ရမယ့်သူမရှိသေးပါဘူး..ခုမှရှာနေတုန်းလေ..။တော်တော်လေးမေးကြပါတယ်..
အဲမေးခွန်းကိုလေ..။
♥VCD ကိုကိုဒေါင်လွဏ်းနဲ့..ရိုက်ဖြစ်ပုံလေးလည်းသိပါရနော်..။
♥♥သူရိုက်တာတွေကြည့်ဖူးတော့သဘောကျတယ်လေ..သူနဲ့ကအစကမခင်ဘူးနောက်မှ..ကီးဘုတ်တီးတဲ့..မုံပီးကမိတ်
ဆက်ပေးတာနဲ့ခင်သွားတာလေ..သူ့ကိုသီချင်းခွေပေးနားထောင်လိုက်တော့..သူလည်းကြိုက်တာနဲ့..လက်တွဲဖြစ်သွား
တာပါ..။
♥ဟုတ်လား..သရုပ်ဆောင်တာကြည့်ရတာနည်းနည်းရှက်နေသလိုပဲနော်..း)
♥♥ဟားဟား..ဟုတ်တယ်..နည်းနည်းမဟုတ်ဘူး..အများကြီးရှက်နေတာ..အဲဒီတုန်းက..ခုတော့မရှက်လောက်တော့ဘူး
ထင်ပါတယ်..။
♥အကိုတွဲဆိုချင်တဲ့သရုပ်ဆောင်ရောရှိလား..
♥♥ရှိတယ်..ချမ်းချမ်းနဲ့ဝိုင်းစုပေါ့..။
♥း)..သူတို့နဲ့ဘာလို့တွဲဆိုချင်တာလဲဆိုတာရောသိလို့ရမလား
♥♥ချမ်းချမ်းကသီချင်းဆိုတာ..mood ကောင်းတယ်လေ..အသံလည်းနိုင်တယ်..နောက်ပြီးဝိုင်းစုကျတော့သီချင်းအေးအေး
လေးတွေဆိုရင်ချိုချိုလေးနဲ့မိုက်တယ်...တင်ဇာမော်ကိုလည်းကြိုက်တယ်..သူကျတော့ခုဒီမှာမရှိဘူးလေ..။
♥ဟုတ်အကို..အကောင်အထည်ဖော်ဖို့ရောစိတ်ကူးရှိလား..
♥♥ခုဒုတိယခွေမှာ..တစ်ယောက်ယောက်နဲ့ဆိုနိုင်အောင်တော့..စီစဉ်နေတယ်လေ..။
♥ဒုတိယခွေကဘယ်တော့လောက်ထွက်မလဲအကို
♥♥ကြာတော့ကြာဦးမယ်ဗျ..ခုမှသီချင်းလိုက်စုနေတုန်းလေ..6ပုဒ်လောက်တော့ရပြီ...လောလောဆယ်တော့အတွဲခွေ
တွေမှာဆိုထားတယ်..5လပိုင်းကုန်လောက်ဆိုထွက်မယ်ထင်တယ်..။
♥လောလောဆယ်ဘာတွေလုပ်နေလဲအကို..
♥♥ခုအင်တာဗျူးဖြေနေတယ်လေ..ဟားဟား..နောက်တာ..အတွဲခွေတွေမှာဆိုထားတာကိုအချောဝင်နေတယ်..နောက်ပြီး
ရင်..calendar ထုတ်ဖို့ရှိတယ်..
♥ရှေ့ဆက်ပြီးရောဘာတွေဆက်လုပ်ဖို့ရှိလဲအကို..
♥♥ဟုတ်..ရှေ့ဆက်ပြီးရေးမယ်ဆိုမယ်..လုပ်ချင်တာတွေကတော့အများကြီးပဲညီမလေးရ..း)။
♥အ၀တ်အစားဒီဇိုင်းနဲ့ပတ်သက်ပြီးဘယ်လိုဖက်ရှင်လေးတွေခိုက်လဲကိုဂျေ။
♥♥ပေါ့ပေါ့ပါးပါး..fancy လေးတွေကြိုက်တယ်ညီမလေး..
♥ကာလာထဲမှာကြိုက်တာကရော..
♥♥အဖြူ..အမဲလည်းကြိုက်တယ်..အစိမ်းလည်းကြိုက်တယ်ဗျ..။
♥ဆံပင်ပုံစံရောဘယ်လိုစတိုင်လ်ကြိုက်လဲ..
♥♥အီမိုစတိုလ်ကြိုက်တယ်..ခုတော့တစ်လတစ်ခါလောက်ပြောင်းဖြစ်နေတယ်..ကာလာကတော့ချောကလက်ရောင်လေး
တွေဆိုးဖြစ်နေတယ်လေ..ခုနောက်ပိုင်းပေါ့။
♥အစားအသောက်ထဲကရောဘယ်ဟာကြိုက်လဲ
♥♥အကုန်စားပါတယ်..သန့်ရှင်းရင်ပေါ့...အသားထဲကတော့..၀က်သားပါဗျာ..။
♥အသံနဲ့ပတ်သက်ပြီးဘာတွေရှောင်ဖြစ်လဲ
♥♥ရှောင်တာကတော့ရေခဲရေဗျ..ကျန်တာကတော့..အစုံစားတယ်..ဟားဟား။
♥အောင်မြင်တဲ့အဆိုတော်တစ်ယောက်ဖြစ်ဖို့ဘာတွေလိုမယ်ထင်လဲကိုဂျေ။
♥♥အဓိကကတော့..ပရိတ်သတ်ကိုစေတနာမှန်မှန်..နဲ့ပေးဆပ်ဖို့ပါပဲ..။
♥ခုလို On Line အင်တာဗျူးလေးလုပ်ရတဲ့အပေါ်အကို့အမြင်လေးသိပါရစေနော်..
♥♥ဟား..မိုက်တာပေါ့..ထူးထူးဆန်းဆန်းလေးလည်းဖြစ်သွားတာပေါ့နော့..။
♥အကို့ရဲ့ Profile လေးတစ်စိတ်လောက်..
♥♥နာမည်ရင်းက..ပေါင်ဆောင်းစံ..မိဘတွေနာမည်က..ဦးခွါလ်ဇလျံ...နဲ့..ဒေါ်ကျင်ခင်းဒိမ်..ခုနေတာကတော့..တိုက်4
7လွှာ..စမ်းချောင်းမြို့နယ်..ကျွန်းတောလမ်း.ရန်ကုန်ပါ...မွေးချင်3းယောက်ပါ။ကျောင်းတက်နေဆဲပါ..။
♥အားပေးချင်တဲ့ပရိတ်သတ်တွေ အွန်လိုင်းကဆက်သွယ်လို့ရမယ့်အကောင့်လေးသိလို့ရမလား
♥♥sangte25@gmail.comပါ..facebook.ကတော့..Sang Te ပါဗျာ...။
♥ခုလိုစိတ်ရှည်ရှည်နဲ့ဖော်ဖော်ရွေရွေဖြေပေးတဲ့အကို့ကို...ပရိတ်သတ်တွေကိုယ်စားကျေးဇူးတင်ပါတယ်နော်..
♥♥ဟုတ်..အကိုကလည်းကျေးဇူးတင်ပါတယ်ဗျာ...ညီမလေးကိုရောပေါ့..။
♥အမှတ်တရစကားလေးလည်းပြောပြပါဦးနော်..
♥♥အကို့အမေဆုံးမတဲ့စကားလေးကိုချစ်တဲ့ပရိတ်သတ်ကြီးကိုလက်ဆောင်အနေနဲ့ပေးချင်ပါတယ်ဗျာ...။
♥♥ဒါက...ခွေထဲကသီချင်းလေးတွေနော်..သူငယ်ချင်းတို့..♥♥
၃ ကျွန်တော်ချစ်တဲ့သူမှာချစ်သူရှိတယ်
၁၀ တောင်းပန်ပါတယ်ခွင့်လွတ်ပေးပါ
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။