ယာယီ နိုင်ငံကူး လက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်

Saturday, April 21, 20120 မှတ်ချက်များ

ယာယီ နိုင်ငံကူး လက်မှတ်ရုံး ရှစ် ရုံးအထိ ထိုင်း၌ တိုးချဲ့ ဖွင့်မည်ထိုင်းရောက် မြန်မာလုပ်သားများအား ယာယီ နိုင်ငံကူး လတ်မှတ် ထုတ်ပေးရေး ရုံးများကို ရှစ်ရုံး အထိ တိုးချဲ့  ဖွင့်သွားမည်ဟု ထိုင်း နိုင်ငံခြားရေး ၀န်ကြီးဌာနမှ အတွင်းဝန် မစ္စတာ ချာလာပွန်က ပြောသည်။

၎င်းက ထိုင်းနိုင်ငံ ဘန်ကောက်ရှိ သုဝဏ္ဏဘူမိ လေဆိပ် နားနေဆောင်တွင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးစဉ် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

မစ္စတာ ချာလာပွန်က ယခုလ ၂၀ ရက်မှစ၍ ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသား တရားမ၀င် လုပ်သားများအတွက် ယာယီ နိုင်ငံကူးလတ်မှတ်များကို စိစစ် ဆောင်ရွက် ပေးနေကြောင်း ပြောကြားခဲ့သည်။

သမ္မတ ဦးသိန်းစိန်ဦး ဆောင်သည့် ကိုယ်စားလှယ် အဖွဲ့သည် မဲခေါင်-ဂျပန်နှင့် မြန်မာ-ဂျပန် ထိပ်သီး အစည်းအဝေး သို့ တက်ရောက်ရန် ဂျပန်နိုင်ငံ တိုကျိုမြို့သို့ ယခုလ ၁၉ ရက်နေ့ ညနေက ထွက်ခွာလာရာတွင် ဘန်ကောက်ရှိ လေဆိပ်၌ ၂ နာရီခန့် ခရီးတစ်ထောက် နားစဉ် မစ္စတာ ချာလာပွန်မှ လာရောက် တွေ့ဆုံ ဂါရ၀ပြု နုတ်ဆက်ခဲ့ခြင်း ဖြစ်သည်။

ထိုင်းရောက် မြန်မာတို့ကို ယာယီ နိုင်ငံကူးလတ်မှတ် ထုတ်ပေးနိုင်ရေးအတွက် တာချီလိတ်၊ ကော့သောင်း၊ ရနောင်း၊ ဘန်ကောက်၊ မဲဆောက်၊ ချင်းမိုင် စသည့် တို့တွင် ရုံး ခြောက် ရုံးဖွင့်လှစ်ခဲ့သည်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger