မီးလောင်မှုငြှိမ်းသတ်ရန် မောင်းနှင်လာသည့် မီးသတ်ယာဉ်တိုက်မှုကြောင့် တစ်ဦးဆုံး ၂ ဦးဆေးရုံရောက်

Saturday, April 21, 20120 မှတ်ချက်များ

အိဖြူလွင်
ရန်ကုန်၊ ဧပြီ- ၂၀
ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့တွင် မီးလောင်မှုကို ငြှိမ်းသတ်ရန် သွားရောက်သည့် မီးသတ်ယာဉ်နှင့် ရေပက်ခံထွက်ဆိုင်ကယ်တစ်စီးတိုက်
မိ၍ သင်္ကြန်အတက်နေ့က ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်းမြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ ဌာနချုပ်မှ သတင်းရရှိသည်။

ယင်းနေ့ညနေ ၄ နာရီ ၁၅ မိနစ်ခန့်တွင် ပြည်မြို့ရွာဘဲနယ် မြေ၊ အောင်သုခရပ်ကွက်ရှိ ကြက်ခြံတွင် မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
အဆိုပါမီးလောင်မှုကို စုစုပေါင်းမီးသတ်ယာဉ် ၆ စီးဖြင့် မီးငြှိမ်းသတ်ရန်သွားရောက်ခဲ့ပြီး ခေတ္တရာမြို့သစ်အရန်မီးသတ်တပ်ဖွဲ့မှ မီးသတ်ယာဉ်သည် ရေကစားမဏ္ဍပ်ရှေ့မှ ဖြတ်ဝင်လာသော ဆိုင်ကယ်ကို တိုက်မိခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ယာဉ်တိုက်မိမှုကြောင့်ဆိုင်ကယ်မောင်းသူ ဦးဇင်မင်းအသက် ၃၂ နှစ်နှင့် အသက် ၃၅ နှစ်ရှိ ဒေါ်လှလှဌေးတို့မှာ ဒဏ်ရာရရှိခဲ့ ပြီးပြည်သူ့ဆေးရုံတွင်အတွင်းလူနာ အဖြစ်ကုသခံနေရသည်။ ဆိုင်ကယ်နောက်တွင်ပါလာသည့် သမီးဖြစ်သူ အသက် ၇ နှစ်ရှိ မအေးဇာဇာထွန်းမှာ သေဆုံးသွားခဲ့ကြောင်းသိရသည်။
အဆိုပါမီးလောင်မှုနှင့်ယာဉ်တိုက်မှုတို့ကို ပြည်မြို့အမှတ် (၂) ရဲစခန်းမှ (ပ)၁၅၀/၂၀၁၂ ဖြင့် ဆက်လက်ဆောင်ရွက်နေကြောင်း မီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

7Day News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger