မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုများကို အမေရိကန် ဖြေလျှော့ပေး

Saturday, April 21, 20120 မှတ်ချက်များ

မြန်မာနိုင်ငံအပေါ် ကန့်သတ်မှုများကို အမေရိကန် ဖြေလျှော့ပေးအမေရိကန် အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့အစည်းများ အနေဖြင့် မြန်မာနိုင်ငံတွင် ၀င်ရောက် လုပ်ကိုင်နိုင်ရန် ဘဏ္ဍာရေး ကန့်သတ်မှုများကို အမေရိကန်က ဧပြီလ ၁၇ ရက်မှ စတင်၍ လျှော့ပေးလိုက်ပြီး ဒီမိုကရေစီ ပြုပြင် ပြောင်းလဲမှုများကို အားပေးရန် မက်လုံး ပေးလိုက်ကြောင်း သိရ သည်။ အခြေခံ လူသား လိုအပ်ချက်များ ဖြည့်ဆည်းရန် သို့မဟုတ် ဒီမိုကရေစီ မြှင့်တင်ရန် အတွက် ဘဏ္ဍာရေး လွှဲပြောင်း ပေးအပ် သုံးစွဲခြင်းများကို ပိတ်ပင် တားဆီးတော့မည် မဟုတ်ကြောင်း အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက ကြေညာခဲ့သည်။

အမေရိကန် အခြေစိုက် အစိုးရ မဟုတ်သော အဖွဲ့ အစည်းများအား လုပ်ကိုင်ခွင့် ပြုသော စီမံကိန်းများတွင် ပြည်တွင်း၌ ရွှေ့ပြောင်း နေရသူများအား အကူ အညီပေးခြင်း၊ အင်္ဂလိပ် ဘာသာ ကျောင်းများအား ကူညီခြင်း၊ ဆေးဝါးနှင့် အ၀တ် အထည်များ ပေးအပ် ခွင့်ပြုခြင်းများလည်း ပါဝင် ပြီး ဗုဒ္ဓဘာသာဝင် အများအပြား ရှိရာ နိုင်ငံတွင် အမေရိကန် သာသနာပြု အဖွဲ့များအား ငွေကြေး သုံးစွဲခွင့် ပြုလိုက်ခြင်းလည်း ဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းက ဖော်ပြသည်။

မြန်မာ သင်္ကြန် နှစ်သစ်ကူး နေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ မြန်မာ နိုင်ငံသည် ဒီမိုကရေစီနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး သမိုင်းဝင် လမ်းကြောင်းသစ်ပေါ်တွင် အရေးပါသော ခြေလှမ်းများ လျှောက်လှမ်း ခဲ့ပြီ ဖြစ်ကြောင်း အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီ ကလင်တန်က ပြောကြားခဲ့သည်။

—Ref: AFP

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger