မြန်မာ နဲ့ ကုန်သွယ်မှု ဖွင့်ဖို့ ဂျင်ဝက် တိုက်တွန်း

Friday, April 20, 20120 မှတ်ချက်များ

မြန်မာနိုင်ငံရဲ့ပြုပြင်ပြောင်းလဲမှုတွေကို အားပေးချီးမြှင့်တဲ့အနေနဲ့
အမေရိကန်ပြည်ထောင်စု ဟာ မြန်မာ နဲ့ ကုန်သွယ်ရေးလမ်းကြောင်း
ပြန်ဖွင့်သင့်တယ်လို့ အရှေ့အာရှ နဲ့ပစိဖိတ်ဒေသဆိုင်ရာ အမေရိကန်
ူဝါဒရေးရာ ကြီးကြပ်ရေးမှူး အထက်လွှတ်တော်အမတ် မစ္စတာ ဂျင်ဝက် က မနေ့ က တိုက်တွန်းလိုက်ပါတယ်။

သမ္မတ ဦးသိန်းစိန် ရဲ့ ရဲရင့်ဝံ့စားလှတဲ့ လုပ်ရပ်တွေကို ထောက်ခံအားပေးဖို့ အရေးကြီး ပါတယ်လို့လည်း ပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီ နေရာအများစုအနိုင်ရခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲ အပြီး အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံ
အပေါ် ဘဏ္ဍာရေးဆိုင်ရာ ကူညီပံ့ပိုးရေး နဲ့ ရင်နှီးမြှုပ်နှံမှုတွေမှာ
ပိတ်ဆို့မှုတွေ လျှော့ပေါ့ပေးခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကထုတ်ကုန်တွေ
တင်သွင်းနိုင်ရေးကတော့ မပါဝင်သေးပါဘူး။ မိမိတို့အနေနဲ့ တားဆီးရမှာတွေ ရှိပါတယ်၊ ဒါပေမဲ့ ကုန်သွယ်ရေးမှာတော့ ရှေ့ကို
လှမ်းသင့်နေပါပြီ၊ အခု အချိန် ဟာ အချိန်ကောင်းပါလို့ မစ္စတာ ဂျင်ဝက် က ဆိုပါတယ်။

လာမယ့် သီတင်းပတ်အတွင်း မြန်မာအပေါ်ပိတ်ဆို့ထားတဲ့ အရေးယူမှုတွေကို ဘယ်လို့လက်တွေ့ကျကျ လျှော့ပေါ့နိုင်ခြေတွေနဲ့ ပတ်သက်ပြီး အိုဘားမားအစိုးရအဖွဲ့နဲ့ ကြားနာပွဲတစ်ရပ်ခေါ်ယူကျင်းပမယ်
လို့လည်း ပြောဆိုပါတယ်။

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နီးစပ်တဲ့ စွမ်းအင် နဲ့ ကျောက်မျက်လို စီးပွားရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံခွင့်တွေ ပိတ်ဆို့ထားဆဲဖြစ်ပေမဲ့ ၊ ခရီးသွားလုပ်ငန်း၊ စိုက်ပျိုးရေး၊ ကြေးနန်း ဆက်သွယ်ရေးနဲ့ ဘဏ်လုပ်ငန်း ကဏ္ဍ တွေမှာ ရင်းနှီးမြှုပ်နှံခွင့်ပြုလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။ အရင်စစ်အစိုးရဟောင်းနဲ့ ဆက်စပ် ပတ်သက်နေသူတွေ ဟာ အပြောင်းအလဲ ကို စိုးရိမ်နေကြတာကြောင့် မြန်မာပြည်
ရှေ့ဆက်ပြုပြင်ပြောင်းလဲရေးတွေ ဆောင်ရွက်နိုင်ဖို့အတွက် မက်လုံးတွေ ဖန်တီးပေးဖို့ အရေးကြီးတယ်လို့လည်း မစ္စတာ ဂျင်ဝက် က ပြောဆိုပါတယ်။
RFA
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger