ဂျပန် ငါးလုပ်ငန်း မြန်မာကို စိတ်ဝင်စား

Friday, April 20, 20120 မှတ်ချက်များ

အခုအခါ ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ အတော်များများ
မြန်မာနိုင်ငံဘက်ကို စိတ်ဝင်စားနေကြ တယ်လို့ ဂျပန် ငါးလုပ်ငန်းဆိုင်ရာ သတင်းဌာနတစ်ခုက ဖေါ်ပြပါတယ်။

ဂျပန် ငါးလုပ်ငန်းရှင်တွေဟာ နော်ဝေးနိုင်ငံက ငါးသေတ္တာငါးတွေကို တခြားနိုင်ငံကိုတင်ပို့၊ အသင့်စားသုံး နိုင်အောင် ထုတ်ပိုးပြင်ဆင်ပြီး ဂျပန်ကို ပြန်သွင်းကြပါတယ်။ မူလက လူ နဲ့ လုပ်အား ပေါတဲ့ တရုတ်ပြည်ကို အဓိကထားပြီး လုပ်ကိုင်နေခဲ့ပေမဲ့ တရုတ်ပြည်မှာ လုပ်အားခတွေ
ဈေးတက်လာတဲ့အတွက် ထိုင်းနဲ့ဗီယက်နမ် ကိုပါပို့ပြီး ဆောင်ရွက်ခဲ့ ပါတယ်။

အဲဒီနောက် ထိုင်းမှာလည်း လုပ်ခဈေးနှုန်းတွေပြင်ဆင်တိုးမြှင့်လိုက်ရာမှာ အလုပ်ရှင်တွေက အလုပ်သမားခံစားခွင့်တွေရုတ်သိမ်းလိုက်တဲ့အတွက် အလုပ်သမားတွေဆန္ဒပြခဲ့ကြလို့ ဂျပန်ကိုပို့မယ့် ပင်လယ်စာစက်ရုံ လုပ်ငန်းတွေ ထိခိုက်ခဲ့ပါတယ်။

အဲဒါကြောင့် ပွင့်လင်းလာတဲ့ မြန်မာပြည်အပေါ် ဂျပန် ပင်လယ်စာ သွင်းကုန်လုပ်ငန်းရှင်တွေ မျက်စိကျလာကြ ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ စီးပွားရေးထုတ်ကုန်လုပ်ငန်းတွေအတွက် အခြေခံလိုအပ်ချက်တွေ မလုံလောက် သေးတာက အဓိကပြဿနာဖြစ်နေပါတယ်။

ဂျပန်ငါးကုန်သည်ကြီးတစ်ယောက်က - ပင်လယ်စာ ပို့ကုန် လုပ်ငန်းမှာ ကျန်းမာရေးစံချိန်စံညွှန်း အဆင့်မီဖို့ အထူးလိုအပ်လှပါတယ်၊ ဒါပေမဲ့ ဒီအတွက် မြန်မာပြည်မှာ စံချိန်မီ ဥပဒေဆိုင်ရာပြဌာန်းချက်တွေ
မရှိသေးပါဘူး၊ နောင်မှာ တဖြည်းဖြည်းဖြစ်လာမယ်ဆိုပေမဲ့ အချိန် အတော်ယူရပါဦးမယ်၊ ဒီတော့ တရုတ်ကို ပို့နေတဲ့ နော်ဝေး ငါးသေတ္တာငါးတွေကို မြန်မာပြည်ပြောင်းပို့ဖို့ ချက်ခြင်းလက်ငင်း မဖြစ်နိုင်သေးပါဘူးလို့ ပြောဆိုပါတယ်။
RFA
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger