နာရေးအသင်းဥက္ကဋ္ဌ ဦးကျော်သူ ပြည်သူ့ဂုဏ်ရည်ပွဲ တက်ရောက်မည်

Friday, April 20, 20120 မှတ်ချက်များ

အမေရိကန်ပြည်ထောင်စု မေလ (၂၇)ရက်နေ့ နယူးရောက်မြို့မှာ ကျင်းပမယ့် ပြည်သူ့ဂုဏ်ရည် ဆုချီးမြှင့်ပွဲအခမ်းအနားကို မြန်မာနိုင်ငံက
နာရေးကူညီမှုအသင်း ဥက္ကဌ ဦးကျော်သူ တက်ရောက်မှာ ဖြစ်တယ်လို့
ပြည်သူဂုဏ်ရည်အသင်းက အာအက်ဖ်အေကို အတည်ပြုပြောဆိုပါတယ်။

ဦးကျော်သူ နဲ့အတူ ဇနီးဖြစ်သူ ဒေါ်ရွှေဇီးကွက်လည်းလိုက်ပါလာမှာဖြစ်ပြီး
မြန်မာလူမှုရေးလုပ်ငန်း အခြေအနေတွေနဲ့ပတ်သက်လို့အမေရိကန်
ပြည်နယ်တချို့ကို လှည့်လည်ဟောပြောမယ်လို့ ပြည်သူ့ဂုဏ်ရည် အသင်း ပြန်ကြားရေးတာဝန်ခံ ကိုထိန်လင်း က ပြောပါတယ်။

ဦးကျော်သူဟာ ပြည်သူ့ဂုဏ်ရည်ဆု ပထမဦးဆုံးဆုရှင်ဖြစ်ပါတယ်။
ဒီနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုချီးမြှင့်ဖို့ ပဏာမအမည်စာရင်း အယောက် (၂၀)ကိုလည်း ဧပြီလ (၁၇)ရက်နေ့က ထုတ်ပြန်ထားပါတယ်။

ထူးခြားချက်အနေနဲ့ ကချင်ဒုက္ခသည်တွေအရေး ဆောင်ရွက် နေတဲ့ ကချင်လူငယ် လဖိုင်နော်မိန်း အပါအ၀င် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး တစိုက်မတ်မတ်ဆောင်ရွက်နေသူ သစ်တောပညာရှင် ဦးအုန်း နဲ့ မနှစ်က မင်္ဂလာတောင်ညွန့် မေတ္တာမွန် ကုန်လှောင်ရုံကို မီးငြိမ်းသတ်ရင်း အသတ်စွန့်သွားကြတဲ့ မီးသတ်သမား (၅) ဦးရဲ့ အမည် စာရင်းတွေလည်း ပါဝင်ပါတယ်။

လာမည့် ဧပြီလ (၂၂)ရက်နေ့နောက်ဆုံးထားပြီး ဆန်ကာတင် ဆုရှင် ငါးဦး (သို့မဟုတ်) ငါးဖွဲ့ အမည် စာရင်းကိုပေးပို့ကြဖို့လည်း ပြည်သူဂုဏ်ရည် အသင်းက ကြေညာထားပါတယ်။

အမေရိကန်ပြည်ထောင်စုရောက် မြန်မာနိုင်ငံသားတွေအနေနဲ့ ပြည်တွင်း
စေတနာ့ဝန်ထမ်း လူမှု လုပ်ငန်းတွေကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူတွေ ကို ဂုဏ်ပြုသောအားဖြင့် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ကို ၂၀၀၉ခုနှစ်ကတည်းက နှစ်စဉ်ချီးမြှင့်ခဲ့တာဖြစ်ပြီး ဆုအတွက် အမေရိကန်ဒေါ်လာ (၁) သောင်း ချီးမြှင့်ပေးအပ်မှာဖြစ်ပါတယ်။
RFA
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger