မလေးသို့ တရားမ၀င် ထွက်ခွာသူဘင်္ဂလီလူမျိုး ၁၂၀ ဦးကို ထပ်မံဖမ်းမိပြန်ပြီ""

Monday, September 17, 20120 မှတ်ချက်များ



 ဘင်္ဂလားဒေ့ခ်ျနိုင်ငံ ဒုတိယမြို့တော်
 စစ်တကောင်းကနေ မလေးရှားနိုင်ငံသို့
တရားမ၀င်ထွက်ခွာသူ လူပေါင်း ၁၂၀ကို
ရဲတပ်ဖွဲ့မှ ယနေ့စက်တင်ဘာ ၁၇
ရက်နေ့တွင် ဖမ်းဆီးလိုက်သည်။


သူတို့သည် စစ်တကောင်းမြို့နယ် ဘင်္ဂခါးလီ ဒေသမှ ပင်လယ်ကိုဖြတ်ကျော်ကာ
 တရားမ၀င်လမ်းမှ တဆင့် ထွက်ခွာရန် ကြိုးစားသူရာ၌ ယခုလိုဖမ်းဆီး ခံ
လိုက်ရသည်ဟု သိရသည်။

“သူတို့ကို မနက်အာရုဏ် ၃နာရီလောက်မှာ ဖမ်းဆီးတာဖြစ်ပါတယ်” ဟု ဘင်္ဂခါးလီ
ရဲဌာနမှ အရာရှိတဦးဖြစ် သည့် Akter Hossain က bdnews24
သို့ပြောကြားသည်။



ယမန်နေ့ကလည်း မလေးရှားသို့ ထွက်ခွာရန် ကြိုးစားသူ ဘင်္ဂလားဒေ့ခ်ျနိုင်ငံမှ
၁၇ဦးနှင့် မြန်မာနိုင်ငံသား ၈ဦးတို့အဖမ်းအခံခဲ့ရသည်။

၎င်းတို့မှာ ဘင်္ဂခါးလီမြို့နယ် ရှာနူ ကမ်းခြေမှတဆင့် မလေးရှားသို့ ဘုတ်တစီးဖြင့်
ထွက်ခွာရန် ကြိုးစားချိန်တွင် ရဲတပ် ဖွဲ့မှ သွားရောက် ဖမ်းဆီးခြင်းဖြစ်
ဟု ဆိုသည်။

 ရွှေမြန်မာမီဒီယာဂရု

မူရင်းလင့်
120 held for 'illegal' migration
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger