မီးရထားရဲက ရိုက်နှက်သဖြင့် လူ ၁ ဦး သေဆုံး

Monday, September 17, 20120 မှတ်ချက်များ


ကချင်ပြည်နယ် ဟိုပင်မြို့ နယ်မှာ မီးရထား
ရဲက ရိုက်နှက်တဲ့အတွက် အရပ်သား
 ၁ ဦး သေဆုံးခဲ့ ပါတယ်။ဟိုပင်မြို့ နယ်
ရွာသစ်ကြီးကျေးရွာက ကိုမောင်ဦးဟာ
 တောင်ပြုန်းဘူတာရှိ မီးရထားများနှင့် ပွဲတော်လာ 
ဧည့်သည်များ တွေ့ရစဉ်။ ဓာတ်ပုံ - စည်သူလွင်


 နန်းခမ်းချိုတောင်ကနေ အလုပ်လုပ်ပြီး ပြန်လာစဉ် ဟိုပင် ဘူတာမှာ ငှက်ဖျားရောဂါ
 ပြန်ထလာလို့ ဖျားပြီး အိပ်နေတုန်း အဲဒီဘူတာက  တာဝန်ကျ မီးရထားရဲတပ်ဖွဲ့ဝင်
ရဲတပ်ကြပ်ကြီး ကျော်စိုးလွင်က စက်တင်ဘာ ၉ ရက်နေ့က ရိုက်နှက်ခဲ့တယ်လို့
 သေဆုံးသူ ကိုမောင်ဦးရဲ့ ဇနီးဖြစ်သူ မဝင်းကြည်က ပြောပါတယ်။

ကိုမောင်ဦးဟာ စက်တာလ ၁၃ ရက်နေ့ မိုးညှင်းဆေးရုံမှာ ရိုက်နှက်ခံရတဲ့ ဒဏ်ရာတြွေကာင့် သေဆုံးခဲ့ပါတယ်။ဟိုပင်မြို့ ဒသခံ ဦးကျော်ငြိမ်းက
“တပ်ကြပ်ကြီး ကျော်စိုးလွင်၊ သူက မူးလာပြီးတော့ ဒီကေလးကို
ရန်ရှာတော့တာပဲ။

 မောင်ဦးက အသက် ၂၉ နှစ်ပဲရှိပါသေးတယ်။ ထခိုင်းတယ် မောင်ဦးက မထနိုင်ဘူး၊ ဒီကောင်ကလည်း သေနတ်ကြီးနဲ့ ဘေးမှာလူတွေကလည်း မရှိကြဘူး။

 ၁၁ နာရီဆိုတော့ လူခြေကလည်းတိတ်နေတယ်။ ဟိုပင်ဘူတာက ရုံပိုင်ကလည်း
အဲဘူတာထဲမှာပဲ သူလည်းမြင်တယ်တဲ့။

 ထခိုင်းတယ်၊ ဟိုကလည်း မထနိုင်၊  မထနိုင်ခြေထာက်နဲ့ကန်၊ ငါ့ဘာကောင်မှတ်လဲ
ငါ့လက်ညှိုးကွေးလိုက်ရင် မင်းဘာဖြစ်သွားမလဲ သိလား ဆိုပြီး ဇွတ်ကန်နှိုး၊
 ခြေထာက်နဲ့ ကန်လိုက် လဲသွားလိုက်၊ အဲလို ထခိုင်းလိုက်၊ မှောက်ခိုင်းလိုက်၊ ရိုက်နေတာဟာ ဘေးက ကောင်မေလးပြောတာ ၈၂ ချက်ရှိတယ်” လို့ ပြောပါတယ်။

ကိုမောင်ဦး သေဆုံးရတဲ့အတွက် ဟိုပင်ရဲစခန်းမှာ အမှုဖွင့်တိုင်တန်းတာကို လက်ခံ
လိုက်တယ်လို့ ဦးကျော်ငြိမ်းက ပြောပါတယ်။

ဇနီးဖြစ်သူ မဝင်းကြည်ကေတာ့ ဘယ်လိုညှိနှိုင်းဆောင်ရွက်တာမျိုးကိုမှ လက်သင့်
မခံဘူးလို့ ဆိုပါတယ်။

လင်ယောကျာ်းဖြစ်သူ သေဆုံးတဲ့အတွက် အမှန်တရားပေါ်ပေါက်ဖို့ တရားဥပေဒအရ
ရင်ဆိုင်သွားမယ်လို့ ကိုမောင်ဦးရဲ့ ဇနီး မဝင်းကြည်က ဒီဗွီဘီကို ပြောဆို
သွားပါတယ်။

“ကျမယောကျာ်းက သေသွားပြီဆိုတော့ သူတို့ ဘယ်လိုပဲညှိညှိလက်သင့်မခံဘူး။
အမှန်တရားအတိုင်း တရားဥပေဒနဲ့ ရင်ဆိုင်ဖို့ပဲ လိုချင်တယ်။

 လျော်ကြေးတွေဘာတွေလည်း ဘာမှ မလိုချင်ဘူး။”ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပဲခူးတိုင်းဒေသကြီး ဖြူမြို့ နယ်မှာလည်း အရပ်သား တဦးကို ရဲစခန်းအတွင်း ခေါ်
ယူစစ်ဆေးမေးမြန်းစဉ်  မှာ သေဆုံးခဲ့ဖူးပါတယ်။


DVB (မြန်မာပိုင်း)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger