မန္တလေးတိုင်းမှာ မြေကွက် ၃ ထောင် စည်ပင်က စတင်ဖယ်ရှားပြီ""
Monday, September 17, 20120 မှတ်ချက်များ
မန္တလေးစည်ပင်သာယာက ကျူးကျော်မြေ
ကွက်နဲ့ တဲတွေကို ပြောင်းရွှေ့ပေးဖို့ ရက်
ချိန်းပြည့်ပြီးနောက် ဒီနေ့ မှာ လူအင်အားနဲ့ 
 စက်အင်အားသုံးပြီး စတင်ဖျက်ဆီးပါတယ်။
ဒီလ ၁၂ ရက်နေ့က ချမ်းမြသာစည်မြို့ နယ်၊ ပြည်ကြီးတံခွန်နဲ့ အမရပူရမြို့ ယ်တွင်းက ကျူးကျော်မြေ
ကွက်တွေ ကို စက်တင်ဘာ ၁၆ ရက်နေ့  နောက်ဆုံးထား ပြောင်းပေးဖို့
 ခေါ်ယူသတိပေးခဲ့တာဖြစ်ပြီး မလိုက်နာတဲ့အိမ်တွေကို  ဒီနေ့ လူအင်အား
 စက်အားသုံးပြီး စတင်ဖျက်ဆီးတာပါ။
သမန်းကုန်းကျေးရွာမှာ စည်ပင်သာယာက အိမ်ဖျက်နေတာကို ရပ်ကြည့်နေ
သူတဦးက   အခုလို ပြောပါတယ်။
“အခုလောလောဆယ် မြေထိုးစက်တွေနဲ့ ထိုးနေတယ်၊ ချမ်းမြသာစည်မြို့ နယ်၊
သမန်းကုန်းရပ်ကွက်မှာ အိမ်တွေကိုလှန်ပြီး မြေထိုးစက်နဲ့ အလုံး၅၀
 လောက်ထိုးပြီးနေပြီ။
 ကျနော်တို့ထင်တာက အစိုးရဝန်ထမ်းတွေက အမိန့်ပေးပြီး ပြည်သူလူထုအေပ်ါမှာ တဖက်သက်ဖျက်တာမရဘူး. ကျနော်တို့ပြည်သူလူထုနဲ့ ပြန်လည်တင်ပြေဆွးနွေး
 ပိုင်ခွင့်ရှိရပါမယ်။
 သူတို့က ဆွေးနွေးဖို့အစည်းအေဝးတွေခ်ါပါတယ်။ ခေါ်ပြီးတော့ သူတို့ရဲ့ အမိန့်တွေကို တဖက်သက်သူတို့အမိန့်တွေကို နာခံပြီး ဒါကိုလိုက်နာရမယ်ဆိုတာဟာ အစိုးရနဲ့
 ပြည်သူအကြား အထက်အောက် ပြန်လည် စီးဆင်းမှုမရှိဘူးပေါ့။
ဒါက အာဏာရှင်ဆန်လွန်းတယ်။”အဲဒီဖျက်ဆီးခံရမယ့် သတ်မှတ် အိမ်ခြေတွဟာ
အလုံး ၅ ထောင် လောက်ရှိမယ်လို့ သူက ခန့်မှန်းပါတယ်။ စည်ပင်သာယာအေနနဲ့
တဖက်သတ်မ ဆုံးဖြတ်ဘဲ အိမ်ဖျက်ဆီးခံရမယ့် သူတွေနဲ့ ဆွေးနွေး
သင့်တယ်လို့ ဆိုပါတယ်။
ဒီအိမ်တွေဟာ လွန်ခဲ့တဲ့နှစ်ပိုင်းတွေက ဒေသခံတွေ ဝယ်ယူထားတဲ့ မြေ
ကွက်တွေဖြစ်ပါတယ်။
 ဒီမြေတွကို ၁၉၉၃ ခုနှစ်လောက်က အစိုးရကသိမ်းယူပြီး အိမ်မြေအဖြစ်ပြောင်းလဲခဲ့ပြီး စီမံကန်းအေကာင်အထည်မေဖ်ာဖြစ်ဘဲ ကျန်ရစ်တဲ့မြေတြွဖစ်တယ်လို့
လည်း ဆိုပါတယ်။
ဒီမြေတွကို မူလလယ်ပိုင်ရှင်တွေက အကွက်ရိုက်ပြီး ရောင်းချခဲ့တာဖြစ်ပြီး အဲဒီ
ကာလတုန်းက အုပ်ချုပ်သူတွေလည်း တားမြစ်ခြင်းမရှိခဲ့ပါဘူး။
လယ်မြေသိမ်းခံရြပီးတဲ့နောက် မြေကွက်ဖော်ရောင်းတဲ့ ဦးကျော်ညွန့်က “ရေ၊
 မီးလည်းအဆင်မြေပ၊ လုပ်ရကိုင်ရတာလည်း အဆင်မြေပေတာ့ ရောင်း
လိုက်ကြတာပေါ့လေ။
ဆင်းရဲသားလည်း ပေပျာက်အောင် နေနိုင်အောင်ဆိုပြီး တကွက်မှ ၁၀ သိန်း၊
၁၂ သိန်းဆိုပြီး ရောင်းပေးတာ၊ ဒါကို စည်ပင်က သူပဲပိုင်တယ်ဆိုပြီး
ဖျက်တာပေါ့လေ။
ဖျက်တာကလည်း နဂိုက ငြိမ်းချမ်းရေးယူထားတဲ့ အကွက် ၁၅ ဧက ရှိတယ် ဖျက်မယ်ဆိုပြီး
အခုက အဲကို ဦးမတည်တော့ဘူး၊ ကျန်တာတွေ ဘေးက ရောင်ပြန်ဟပ်တဲ့ဟာတွေ
ဖျက်နေတာ့တယ်။
”မြေကွက်တွေပ်ါမှာ တဲအိမ်နဲ့ အသင့်အတင့် သပ်ရပ်တဲ့အိမ်တွေ ဆောက်လုပ်နေ
ထိုင်နေကြ တာဖြစ်ပါတယ်။
 လယ်ဝေးမြို့နယ်ကေန ပြောင်းရွှေ့ပြီး မိသားစုဝင် ၇ ဦးနဲ့ နေထိုင်နေတဲ့ အမျိုးသမီး
တဦးကလည်း သူ့အိမ်ကို ဖျက်ဆီးခံရတဲ့အတွက် ဘယ်မှာ နေထိုင်ရမယ်ဆိုတာ မသိတော့ဘူးလို့ ပြောပါတယ်။
“အိမ်ရှင်တွေကလည်း အလုပ်သွားနေတုန်း ရဲတွေနဲ့ စည်ပင်တွေက အင်အားနဲ့
ဒီလိုတွေ ဝင်ပြီး လုပ်လာတာ။
 နဂိုဝယ်စဉ်တုန်းက ဒါက ဘာမြေ ဘာမြေဆိုပြီး လာမတားဘူး။ အိမ်တွေက
သားသားနားနား အိမ်တွေလည်းရှိတယ်လေ။
 အကုန်လုံးဖျက်ပြီး ကားပေါ်တင်သွားတာ။ အခုက အားလုံးကဒုက္ခေရာက်ပြီ၊
 စောင်တွေရာ၊ခွက်တွေရာ ဒီအတိုင်းပဲ။
”အဲဒီဖျက်ဆီးနေတဲ့ နေရာကို ရောက်ရှိနေတဲ့ သံဃာတော် ၁ ပါးကလည်း
ခုလို မိန့်ပါတယ်။
“ဘုန်းကြီးတို့က မေတ္တာရပ်ခံပေးရုံကလွဲလို့ ဘာမှလုပ်မရဘူးလေ။ အဲတော့
မီဒီယာတွေကေန ဒါတွေမသင့်တော်ဘူးဆိုတာ တင်ပြေပးပါ။
အထက်အမိန့် ဘယ်လိုမှမရဘူးဆိုလည်း ရက်ကေလးစောင့်ပေးလေ ၁၅
ရက်တန်သည်၊ ၁ လတန်သည်၊ ပြောင်းရွှေ့လို့ရေအာင်လေ။ ဘုန်းကြီး
ပြောတာ သဘာဝမကျဘူးလား။
အများကိုငဲ့ညှာသောအားဖြင့်လေ။”ပြောင်းရမယ့်အိမ်မြေတွကေတာ့ ချမ်းမြသာ
စည်မြို့ နယ်က အောင်သာယာနဲ့ ကန်သာယာရပ်ကွက်၊
 ပြည်ကြီးတံခွန်မြို့နယ်က ကန်ကြီးကုန်းနဲ့ ဇီးအုပ်ရပ်ကွက်၊ အမရပူရမြို့ နယ်က ကုန်းတန်းနဲ့ ရေအိုးစဉ်တန်းရပ်ကွက်တွေက မြေကွက်ပေါင်း ၃ ထောင်ကျော်ကို
စည်ပင်က ဖယ်ခိုင်းထားတာပါ။
နဂိုကတည်းက ဒီမြေကွက်တွေကို ဂရမ်တွေနဲ့ အေရာင်းအဝယ်လုပ်တာ
မဟုတ်ဘဲ စွန့်စားရောင်းဝယ်ကြတာဖြစ်ပါတယ်။
အဲဒီအစွန်အဖျားဒေသေတွဟာ မြို့ တစပ်တည်း လို ဖြစ်လာဖွယ်ရှိတဲ့နောက်
 ဈေးကောင်းလာရာက ဖျက်သိမ်းမှုစလာတာဖြစ်ပါတယ်။
ကနဦးပိုင်းက မြေကွက်တွေကို လျော်ကြေးပေးသိမ်းတာလို့ စည်ပင်သာယာက
 ပြောပေမယ့် ၁ ဧကကို ကျပ် ၄ ထောင်နှုန်းနဲ့ ပေးပြီး ၃ ဧက အထက်ကို
 မြေကွက်ပေးမယ်ဆိုပြီး မပေးတာကြောင့် အကွက်ရိုက်ရောင်းကြတာလို့ ဆိုပါတယ်။
DVB (မြန်မာပိုင်း)
Share this article :
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger