အမေရိကန်နိုင်ငံမှ ချီးမြှင့်သည့် “ံHellman-Hammell Dramt Award 2012” ဆုကို
မြန်မာနိုင်ငံ မှ ကိုဇော်သက်ထွေး ရရှိခဲ့ကြောင်း
သိရသည်။
အဆိုပါဆုအား မီဒီယာသမားဖြစ်၍ အများအကျိုးအတွက်
ကိုယ်ကျိုးစွန့် လုပ်ကိုင်သူအား ပေးအပ်ခြင်းဖြစ်ကြောင်း သိရှိရသည်။
လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရေးအဖွဲ့မှ ပေးအပ်သည့် ယင်းဆုအား စက်တင်ဘာ
၁၄ ရက်တွင် မေးလ်ဖြင့် ဆုရရှိခဲ့ကြောင်း အကြောင်းကြားပေး ပို့ခဲ့ပြီး၊ ဆုချီးမြှင့်ငွေမှာ
အမေရိကန်ဒေါ်လာ ၆၀၀၀ ဖြစ်ကြောင်းနှင့် ဆုလက်ခံ ရရှိရန်အတွက်
အမေရိကန်နိုင်ငံသို့ သွားရောက်၍ အခမ်းအနားနှင့် လက်ခံ ရန်၊ အမေရိကန်သို့
မလာဘဲ မြန်မာနိုင်ငံ၌ပင် လူသိရှင်ကြား လက်ခံရန်နှင့် တိတ်တဆိတ်ဆုလက်ခံ
ယူရန် မေးထားရာ အကြောင်းမပြန်ရသေးကြောင်း ဆုရရှိသူ
ကိုဇော်သက်ထွေးကပြောသည်။
“ဒီလိုမျိုး လူ့အခွင့်အရေး အတွက် ကိုယ်ကျိုးစွန့်ပြီး လုပ်လို့ ဒီဆုရရှိတဲ့ အတွက်
လည်း ၀မ်းသာပါတယ်။” ဟု ၄င်းကဆက်ပြောသည်။
“Hellman-Hammell Dramt Award” ဆု ကို မြန်မာနိုင်ငံမှ ပထမဆုံး အကြိမ်အဖြစ်
လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်က သရုပ်ဆောင် ဇာဂနာမှ လက်ခံ
ရရှိခဲ့ကြောင်းသိရသည်။
ခိုင်နွယ်ဦး
Popular News

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။