မြန်မာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန ဖျက်သိမ်းဖို့ သမ္မတတောင်းဆို

Saturday, September 1, 20120 မှတ်ချက်များ



မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ဖျက်သိမ်းပေးဖို့ သမ္မတ ဦးသိန်းစိန်က လွှတ်တော်ကို ဒီကနေ့ သ၀ဏ်လွှာပေးပို့ တောင်းဆိုလိုက်ပါတယ်။
Photo:Myanmar President Office
၂၀၁၂ ခုနှစ် ဇွန်လ ၂၅ ရက်က နေပြည်တော်တွင် ကျင်းပနေသည့် လူမှုကာကွယ် စောင့်ရှောက်ရေးဆိုင်ရာ ညီလာခံ၌ သမ္မတ ဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ်။
မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနဟာ ယခင်စစ်အစိုးရ လက်ထက် နောက်ဆုံးသက်တမ်းမှာ ဖွဲ့စည်းခဲ့တာဖြစ်ပြီး နယ်စပ်ရေးရာ ဝန်ကြီးဌာနနဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာန (၂) ခုကို ဒုဗိုလ်ချုပ်ကြီး သိန်းဌေးက ဝန်ကြီးအဖြစ် ဦးဆောင် လုပ်ကိုင်ခဲ့တာပါ။
အခုလို မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖျက်သိမ်းဖို့ ဖြစ်လာရတာဟာ ဒီဝန်ကြီးဌာနရဲ့ ဘတ်ဂျက်သုံးစွဲမှုနဲ့ ပတ်သက်ပြီး လွှတ်တော်နှစ်ရပ်စလုံးက ကန့်ကွက် ဆွေးနွေးခဲ့တာကြောင့် ဖြစ်ကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဖြစ်သူ ဒေါက်တာအေးမောင်က RFA ကို ရှင်းပြပါတယ်။
" နယကရဲ့ လက်ထက်က အတည်ပြုခဲ့တဲ့ ဘတ်ဂျက်မှာ မပါဘဲနဲ့ ဘတ်ဂျက်မဲ့ သုံးစွဲတာဖြစ်တယ် ဆိုပြီးတော့ အခါမှာ အခြေအတင် ဆွေးနွေးမှုတွေ အလီလီဖြစ်ခဲ့ပါတယ်။ အဲဒီမှာ နဘူးအိုင် စီမံကိန်းတို့မှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့လုပ်မဲ့ မြန်မာ့စက်မှု ဖွံ့ဖြိုးရေးဋ္ဌာနကလုပ်မဲ့ အစီအစဉ်တွေကို ဗိုလ်ချုပ်ကြီးသိန်းဌေးက ပြည်ထောင်စု လွှတ်တော်ကို တင်ပြတဲ့အခါမှာ လွှတ်တော်အမတ်တွေက ဘယ်ဘတ်ဂျက်နဲ့ သုံးသလဲ၊ အဲဒီလိုမေးခွန်းတွေ မေးတာတို့၊ အဆိုပြုတာတို့ ရှိခဲ့ပါတယ်။ သူတို့ဖြေတာကတော့ဖြင့် သမ္မတရုံးရဲ့ အထူးရန်ပုံငွေထဲက သုံးတယ်ဆိုတဲ့ သဘောပဲ ရှိတဲ့အခါကျတော့ ပြည်ထောင်စုလွှတ်တော် တစ်ခုလုံးကပဲ ဒီဝန်ကြီးဋ္ဌာနကိုဖျက်ဖို့ ကျွန်တော်တို့ ဆွေးနွေး အဆိုပြုခဲ့ကြတာ ရှိပြီးတဲ့နောက်မှာ ဒီဝန်ကြီးဋ္ဌာနရဲ့ ဘတ်ဂျက် အကုန်လုံးကို ဆက်မပေးတော့ဘူး ဆိုတဲ့သဘောနဲ့ ဆွေးနွေးခဲ့ကြတာ ရှိပါတယ်"
တရုတ်နိုင်ငံမှာ စက်မှုဖွံ့ဖြိုးရေး ဆောင်ရွက်ပြီး စီးပွားရေး ပြုပြင်ပြောင်းလဲခဲ့တဲ့ စံနမူနာတွေအတိုင်း လုပ်ဆောင်ဖို့ အခုဖျက်သိမ်းတော့မယ့် မြန်မာ့စက်မှု ဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့တာ ဖြစ်တယ်လို့ သိရပြီး ဒီဝန်ကြီးဌာနအတွက် သမ္မတရဲ့ အထူးဘဏ္ဍာငွေထဲက သုံးစွဲနေတာ ဖြစ်ကြောင်း သိရပါတယ်။

RFA Burmese
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger