ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ဦးရဲထွဋ် အား ခန့် အပ်

Saturday, September 1, 20120 မှတ်ချက်များ

ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က) နှင့် ပုဒ်မခွဲ(ဃ)၊ ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉ ) တို့အရ ဦးရဲထွဋ်အား ပြန်ကြားရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးအဖြစ် ယနေ့ သြဂုတ်လ ၃၁ ရက် ည ၈ နာရီ အချိန်တွင် ထုတ်ပြန်ကြေငြာ ခဲ့ကြောင်းသိရသည်။

ထိုကဲ့သို့ ရာထူး တိုးမြှင့်ခံရခြင်းနှင့် ပတ်သက်၍ ဦးရဲထွဋ် မှ ၄င်း Facebook တွင် ယခုကဲ့သို့ ဖော်ပြရေး သားထားကြောင်းတွေ့ ရှိရသည်။
" ရာထူးတိုးမြှင့်ခံရခြင်းသည် အခွင့်အရေးကို တိုးမြှင့်ခံစားရန်မဟုတ်ဘဲ တာဝန်ကို ပိုမိုထမ်းဆောင်ရန် ဖြစ် သည်ဟု ခံယူပါတယ်။
ဒါ့ကြောင့် သမ္မတကြီး၏ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် ကိုယ်စွမ်းဥာဏ်စွမ်းရှိသရွေ့ ပါဝင်ထမ်းဆောင် သွားမည်ဖြစ်ကြောင်း ကတိသစ္စာပြုပါတယ်။ မိတ်ဆွေများ၊ သံသယရှိနေဆဲ သူများအားလုံးနှင့် ပူးပေါင်းပြီး နိုင်ငံနှင့် လူမျိုးအတွက် ကြိုးစားဆောင်ရွက် သွားပါမယ်။
ကျွန်တော့် FB ကိုလည်း ဆက်ထားပါတယ်။ အကြံပေးလိုသူများ၊ ဝေဖန်လိုသူများ ဒီနေရာကနေ စောင့်ကြည့်ပြုပြင်ပေးသွားဖို့ မေတ္တာရပ်ခံအပ်ပါတယ်။ "
https://www.facebook.com/ye.htut.988/posts/281552105291732

သြဂုတ်လ ၂၇ ရက်နေ့ တွင် ပြန်ကြားရေးဝန်ကြီးဌာန ၀န်ကြီးအဖြစ် ဦးအောင်ကြည်အား ခန့် အပ်ပြီး ယင်းနေ့ တွင် ဒုတိယ၀န်ကြီးအဖြစ်
ဦးပိုက်ထွေးအား ခန့် အပ်ခဲ့ပြီး ယနေ့ သြဂုတ် ၃၁ ရက်နေ့ တွင် ဒုတိယ၀န်ကြီးအဖြစ် ဦးရဲထွဋ် အား ထပ်မံခန့် အပ်ခဲ့သဖြင့် ပြန်ကြားရေး
ဝန်ကြီးဌာတွင် ဒုတိယ၀န်ကြီးနှစ်ဦး ဖြစ်ကြောင်း သိရသည်။

Popular Myanmar News Journal


ဦးရဲထွဋ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger