ပုဂ္ဂလိကသို့ လွှဲပြောင်းလိုက်သည့် တညင်းကုန်း အုတ်စက်ရုံ လုပ်သားများ လျော်ကြေးမရ

Saturday, September 1, 20120 မှတ်ချက်များ

ရန်ကုန် ၊ သြဂုတ် ၃၁

ရန်ကုန်တိုင်း ဒေသကြီး အင်းစိန်မြို့နယ် တညင်းကုန်း အုတ်စက်ရုံအား ပုဂ္ဂလိကသို့ စက်တင်ဘာလ ၁ ရက်နေ့တွင် လွှဲပြောင်းမည် ဖြစ်သော်လည်း လုပ်သက်ရင့် စက်ရုံ ဝန်ထမ်း များမှာ ပင်စင်လစာ အပါအ၀င် ခံစားခွင့် လျော်ကြေး တစ်စုံတစ်ရာ ပေးလျော်ခြင်း မရှိကြောင်း စက်ရုံ လုပ်သားများက ပြောကြားသည်။

"ကျွန်တော်တို့ဆီမှာ လုပ်သက် ၂၈ နှစ် ရှိနေတာတောင် လျော်ကြေး မပေးဘူး ၊ နှစ်သုံးဆယ် ပြည့်ရင်လည်း တာဝန် မယူဘူးလို့ စက်ရုံမှူးက အစည်းဝေးမှာ ပြောပါတယ်။ စည်းကမ်းချက် တွေကို သိချင်လို့ ကပ်ထားပေးပါ ဆိုတော့လည်း မီဒီယာသမားတွေကြောင့် မကပ်ထားဘူး၊ဖတ်ချင်ရင် ၇ုံးခန်းထဲမှာပဲ လာဖတ်လို့ ပြောပါတယ်။" ဟု လုပ်သက် ၂၈ နှစ်ရှိ ယင်းစက်ရုံရှိ ဝန်ထမ်းတစ်ဦး က ပြောသည်။

ယခင်က အဆိုပါ စက်ရုံ ဝန်ထမ်းများကို စက်ရုံအနီးနှင့် ဝင်းအတွင်း နေအိမ်များ ပေးထားပြီး ၊ အချို့ ဝန်ထမ်းများကို တဲထိုး နေထိုင်ခွင့် ပေးသော်လည်း  Mother Trading သို့ လွှဲပြောင်းပြီး နောက်ပိုင်းတွင် ဆက်လက် အလုပ်လုပ်မည့် ၀န်ထမ်း အချို့ကိုသာ နေထိုင်ခွင့် ပေးကြောင်း အဆိုပါ စက်ရုံ အလုပ်သမားများ ထံမှ သိရသည်။

အထက်ပါ ကိစ္စနှင့် ပါတ်သက်ပြီး The Voice Weekly က တယ်လီဖုန်းဖြင့် ဆက်သွယ် မေးမြန်းရာ ၀န်ကြီးဌာန၏ ညွှန်ကြားချက် ဖြစ်သောကြောင့် တစ်စုံတစ်ရာ ဖြေကြားပိုင်ခွင့် မရှိပါကြောင်း ၊ အသေးစိတ် သိရှိလိုပါက ၀န်ကြီးဌာန ရုံးအဖွဲ့မှူး ထံသို့ဆက်သွယ် မေးမြန်းရန် ဖြေကြားသည်။

The Voice Weekly


Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger