ပြင်ပဈေးကွက်တွင် CDMA 800 MHz ဖုန်းလိုင်းကဒ် ဈေး ကျပ်(၃)သိန်းကျော်အထိမြင့်တက်

Saturday, August 25, 20120 မှတ်ချက်များ

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ  ချထားမှုရပ်ဆိုင်းထားသော CDMA 800 MHz ဖုန်းလိုင်းကဒ်များမှာ အပြင်ဈေးကွက်တွင် ဝယ်လိုအားမြင့်တက်လျှက်ရှိပြီး ဈေးနှုန်းများမှာလည်း သိသိသာသာမြင့်တက်လာကြောင်း ဖုန်းအရောင်းဆိုင်များမှ သိရှိရသည်။

CDMA 800 MHz ဖုန်းလိုင်းကဒ်များကို မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ကျပ် - နှစ်သိန်းဖြင့် ထပ်မံချထားပေးလျှက်ရှိပြီး လက်ရှိတွင် ဝယ်လိုအားမြင့်တက်လျှက်ရှိကာ ငွေကျပ်သုံးသိန်းကျော်အထိ ဈေးနှုန်းမြင့်တက်နေခြင်းဖြစ်သည်။

''  CDMA 800 MHz  ဖုန်းတွေက လူကြိုက်များတယ်၊ အထိုင်ဖုန်းအနေနဲ့လည်း သုံးလို့ရတယ် ဖုန်းလိုင်းဆွဲအားကလည်း ကောင်းတယ်၊ တရားဝင် ဈေးနှုန်းကတော့ ငွေကျပ် နှစ်သိန်းခွဲဆိုပေမယ့် ဖုန်းလိုင်းက ရှားတဲ့အတွက် ဈေးကွက်ထဲမှာ နာမည်ပေါက်ဆိုရင်   ငွေကျပ်သုံးသိန်း ပေးရပြီး ဝယ်နေကြတယ်၊ နယ်တွေ မှာတော့ ငွေကျပ်သုံး သိန်းသုံးသောင်းလောက်အထိ   ပေးဝယ်ရတယ်လို့ ကြားရတယ် ''  ဟုမင်္ဂလာဈေးရှိ မိုဘိုင်းဖုန်းအရောင်းဆိုင်ကြီးတစ်ဆိုင်မှ မသူဇာက ပြောသည်။

 အဆိုပါဖုန်းများမှာ ယခင်က အသုံးပြုမှု ၊ ဟန်းဆက်ရွေးချယ်မှု ခက်ခဲနည်းပါးသည့်အတွက် လူငယ်များကြိုက်နှစ်သက် မှုနည်းပါးခဲ့သော်လည်းအင်တာနက်အသုံးပြုမှု ကောင်းမွန်ခြင်း ၊ နည်းပညာမြင့် ဟန်းဆက်အသစ်များ   ဈေးကွက်အတွင်း   ပေါများလာခြင်းအပြင် မြန်မာနိုင်ငံအတွင်းရှိ နေရာဒေသများများတွင် အသုံးပြုနိုင်ခြင်များကြောင့် လူကြိုက်များလာပြီး ရောင်းအားတက်လာခြင်းဖြစ်ကြောင်း သုံးစွဲသူများထံက သိရှိရသည်။

 အခုလို  800 MHz တွေ ပြန်ပြီးနားထားတော့ အပြင်ပေါက်ဈေးတွေ တက်သွားတာလည်း ဖြစ်နိုင်ပါတယ်''ဟု   မြန်မာ့ဆက်သွယ် ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ကျပ်နှစ်သိန်းတန်  CDMA 800 MHz  ဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ဇူလိုင်လဆန်းပိုင်းတွင် စတင်ရောင်းချပေးခဲ့ပြီး တစ်လခန့်အကြာတွင်ပြန်လည်ရပ်နားထားခဲ့ခြင်း ဖြစ်ကြောင်းနှင့်ပြန်လည်ချထားပေးရန်အစီအစဉ်ရှိကြောင်းကိုလည်း သိရှိရသည်။

'' CDMA 800 MHz  ဖုန်းတွေကို ပြန်ချထားဖို့ရှိပါတယ် လူသုံးများတာကတော့ သူကနယ်မှာဆိုလဲ ကောင်းကောင်း အသုံးပြုလိုရတယ်၊ အင်တာနက်ဆိုလည်း လိုင်းကောင်းကောင်း အသုံးပြုနိုင်တယ်၊ဒါကြောင်အပြင်မှာ ရောင်းအားကောင်းနေတာပါ'' ဟု မြန်မာ့ဆက်သွယ်ရေးမှ တာဝန်ရှိသူတစ်ဦးက ဆက်ပြောသည်။

ဝ၉-၇၃ဝ နှင့်စသော800 MHz  ဖုန်းများကို ၂ဝ၁ဝ ပြည့်နှင့်မှ စတင်ကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက  ကျပ်ငါးသိန်းဖြင့်ငှားရမ်းသုံးစွဲခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၄င်းအချိန်က ပြင်ပဈေးကွက်၌ ကျပ်ခုနှစ်သိန်းအထိ မြင့်တက်ခဲ့ဖူးသည်။

ဥာဏ်ဥာဏ် (မြစ်မခ)
by Myit Makha Mediagroup
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger