လမ်းတစ်ကာလည်း၊ ရန်ကုန်မြို့တစ်မြို့လုံးရေကြီး လမ်းပိတ်ဆို့မှု

Saturday, August 25, 20120 မှတ်ချက်များ


အောက်က Video ဖိုင်ပါ။ ကျွန်တော်ညဘက်မှရိုက်တာဆိုတော့ သိပ်ပြီးတော့ကောင်းကောင်းမမြင်ရဘူးပေါ့။

ဒါကတကယ့်ဖြစ်ရပ်ပါ။ ရပ်ဝေးကလူတွေ၊အဝေးရောက်မြန်မာတွေအတွက်သိရန်ပါ။ ၂နာရီကတည်းက မိုးမရွာဘူးလို့ထင်လိုက်တာမည်းသဲတယ်။ ရွာတယ်လေသိပ်မပါပေမယ့် အရမ်းရွာတယ်။ အဲ့ဒီထက်ဆိုးတာက မိုးကြိုးပစ်၊ လျှပ်စီးလက်တာ သိသာပါတယ်။ ကျွန်တော်ကတော့ တကယ်ချိန်းတာလားလို့ထင်ပါတယ်။ မျှော်လင့်သေးတယ်၊ မိုးဘယ်လောက်ကြာကြာရွာမလဲလို့။ ၄နာရီကျတော့ မိုးစစဲသွားတယ်။ နောက်တော့ ဝေါဝေါချသေးတယ်။ ၃နာရီဆိုတော့ ကျောင်းဆင်းတဲ့လူတွေနဲ့ပိတ်နေမှာပေါ့။ ဒါကြောင့် ကျွန်တော်တို့အားလုံး ၉၆၉၃ နဲ့ကြွရတာအမှန်ပါ။ "မင်းလမ်းကရေကြီးနေပြီ ငါတို့တခြားလမ်းကနေပြန်ရမယ်ကွာ" ဆိုပြီးကျွန်တော်ကြားလိုက်ပါသေးတယ်။ ဖုန်းလာတယ်ဗျ။ ကျွန်တော်တောင်မေးတာဘာကြောင့်ဆိုက်ကားဌားဖို့အစီအစဉ်မဖြစ်ခဲ့လဲဆိုတာကို ... ဖြေသူကတော့ "လမ်းကြတ်လို့ပါ၊ ဆိုက်ကားတောင်အဌားမခံတော့ဘူး။ လိုင်းကားလည်းအဆင်မပြေတော့ လမ်းလျှောက်ရတဲ့အထိဖြစ်လာရတယ်ကွာ" လို့ပြောပါတယ်။ ၈နာရီတောင်လမ်းကြတ်သေးတယ်လေ။ ဈေးလည်းကျ၊ ယမန်နေ့များထက် ဆိုးရွားနေတာဟုတ်ပါပြီ။ နေ့တိုင်းမိုးရွာပေမယ့် ယနေ့လိုမဆိုးရွားပါ။ ၈နာရီကျော်ကျော်၉နာရီတွင်ရပ်သွားပါတယ်။ (24.8.2012)

ဒါကဒုတိယအပိုင်းပါ။


မယုံရင်ကျော်သွား။ယုံရင်အမြတ်။ ဟိဟိ။ ဒီနေ့ထိမိုးရွာမလားမသိပါ။

သတင်းပေးပို့သူ - Pyae Phyo (4mmnews.co.cc)
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger