မြန်မာနိုင်ငံ၏ အမည်ပျက်စာရင်းဝင် ၂၀၈၂ ဦးအား အစိုးရမှ ပယ်ဖျက်

Tuesday, August 28, 20120 မှတ်ချက်များ

နေပြည်တော် သြဂုတ် ၂၈

မြန်မာနိုင်ငံ အစိုးရမှ ယခင်သတ်မှတ်ထားသည့် အမည်မည်းစာရင်းဝင် စုစုပေါင်း(၆၁၆၅)ဦး ရှိသည့်အနက် ပြောင်းလဲလာသည့်မူဝါဒများနှင့်အညီ စိစစ်ဆောင်ရွက်ပြီး စုစုပေါင်း (၂၀၈၂)ဦးအား အမည်မည်းစာရင်းမှ ပယ်ဖျက်ပေးလိုက်ကြောင်းနှင့် အမည်မည်းစာရင်းမှပယ်ဖျက်ခြင်း ခံရသည့် ပြည်ပရောက် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ ပြန်လာနိုင်ရေး
အတွက် ခွင့်ပြုပေးသွားမည် ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင်ဖော်ပြပါရှိသည်။

ယခင်က နိုင်ငံတော်၏ အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက် နိုင်ခြင်းအ
လို့ငှာ ကုမ္ပဏီများ၊ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ သတင်းမီဒီယာသမားများအပါအ၀င် အချို့အား အကြောင်း အမျိုးမျိုးကြောင့် အမည်မည်းစာရင်း(Black List) သတ်မှတ်ရေးသွင်းပြီး ကန့်သတ်မှုများ ဆောင်ရွက်ထားရှိခဲ့သော်လည်း ယခုအခါ ပြောင်းလဲလာသော ခေတ်စနစ်နှင့်အညီ ဖြေလျော့မှုများ ဆောင် ရွက်ပေးခြင်းဖြစ်ကြောင်း ယင်းသတင်း တွင် ဖော်ပြပါရှိသည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger