ယုဇန ကုမ္ပဏီရှေ့ ဟူးကောင်းဒေသခံများ ဆန္ဒပြမည်

Tuesday, August 28, 20120 မှတ်ချက်များ

ရန်ကုန်၊ သြဂုတ် ၃ဝရက်နေ့တွင် ယုဇန ကုမ္ပဏီရုံးချုပ်ရှေ့ တွင် ကချင်ပြည်နယ်ဟူး ကောင်းချိုင့်ဝှမ်းဒေသ မှတောင်သူများ ဆန္ဒဖော်ထုတ်ကြ မည်ဖြစ်ကြောင်းသိ ရသည်။

လယ်ယာမြေ သိမ်းဆည်းခံ ထားရမှု ပြန်လည်ရရှိရေး ၊လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်တန့်ရေးနှင့် လူသား ချင်းစာနာမှု မရှိသည့် လုပ်ငန်းရှင်များ အလိုမရှိ စသည့် အချက်များ ကိုတောင်း ဆိုဆန္ဒပြမည်ဟု ဦးဆောင်လှုပ်ရှား ပါဝင်မည့်သူ ဒေါ်ဘောက်ဂျာက ပြောသည်။

““ကချင်ပြည်နယ်ဟူးကောင်း ချိုင့်ဝှမ်းကလယ်ဧ ကနှစ်သိန်းကျော် လောက် ကို ယုဇနကုပ္မဏီက သိမ်းယူထား တာတယ်။ ရန်ကုန်ကယုဇနကုပ္မဏီ ရုံး ချုပ် ရှေ့ကိုကျွန်မတို့အယောက်၅ဝလောက် က ပိုစတာတွေ ကိုင်ပြီးနိုင်ငံတော် သီချင်းဆို မယ်။ဟောပြောပွဲကိုလည်း လုပ်မယ်။ကျွန်မ ကိုယ်တိုင်လယ်သိမ်းခံထားရတာတွေကို လည်းဟေြာေ ပာတင်ပြ တောင်း ဆိုသွား မယ်””ဟုဒေါ်ဘောက်ဂျာ ကပြော သည်။

ယင်းကဲ့သို့ဆန္ဒဖော်ထုတ်နိုင် ရန် အတွက် သက်ဆိုင်ရာမြို့နယ်ရဲစခန်း သို့လည်းတင်ပြထားရာခွင့်ပြုချက်ရထား ပြီဖြစ်ကြောင်း လည်း ဒေါ်ဘောက်ဂျာက ပြောသည်။

““သြဂုတ်၃ဝရက်နေ့မနက် ၁၁နာရီကနေ၁နာရီထိ ဆန္ဒပြခွင့်ပေးထား တယ်။ကျွန်မတို့တောင်းဆိုတာက မနက် ၁ဝနာရီကနေ၁နာရီထိေ တာင်းဆိုပေမယ့် တစ်နာရီပယ်ချ ခံလိုက်ရတယ်””ဟုယင်းက ပြောသည်။
အဆိုပါကိစ္စရပ်နှင့်စပ်လျဉ်း၍ ဗဟန်းမြို့နယ်ရဲစခန်းသို့သြ ဂုတ်၂၈ ရက် နေ့မွန်းလွဲ၁၂နာရီခွဲခန့်က ဆက်သွယ် မေးမြန်းရာ ဟုတ်မှန် ကြောင်းဖြင့်တာဝန် ကျ ဝန်ထမ်းတစ်ဦးက ပြောသည်။

““အကြောင်းအရာကတော့မှန် ပါတယ်။အထက်ဌာနအဆင့်ဆင့်ဆီကို တင်ပြထားတယ်။အုပ်ချုပ်ရေးမှုးရုံးက ခွင့်ပြုမိန့်ချထားပေးရမှာပါ””ဟုအဆိုပါ ဝန်ထမ်းကဆိုသည်။

ဗဟန်းမြို့နယ်အုပ်ချုပ်ရေးမှုး ရုံးမှလည်း အဆိုပါကိစ္စရပ်သည် ရဲစခန်း နှင့်သာသက်ဆိုင်ကြောင်းတာဝန်ကျဝန် ထမ်းတစ်ဦးက အဆိုပါနေ့ရက် အချိန်ခန့် ကပင် ပြန်လည်ပြောကြားခဲ့သည်။

ကျော်သူ - Yangon Media Group
ဒေါ်ဘောက်ဂျာ

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger