မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင်

Wednesday, August 22, 20120 မှတ်ချက်များ

မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင် ...

မကြုံစဖူး ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က မြို့နယ်တော်တော် များများမှာ ရေလွှမ်းမိုးမှုဒဏ် ခံနေရပါတယ်။

နေအိမ်တွေ ထောင်ချီနစ်မြုပ်ပြီး စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရပါတယ်။ အရေးပေါ်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခသည် ထောင်ချီပြီး ရှိနေတယ်..
...
သာပေါင်း မြို့ရဲ့ ၉၀ % ကျော်လောက် ရေလွှမ်းမိုးမူ ဒဏ်ခံလိုက်ရပြီး ရွာပေါင်း ရာနဲ့ချီပြီး ရေနစ်မြုပ် ကုန်ပါတယ်။ စပါးခင်းတော်တော် များများလည်း မြစ်ရေလွှမ်းသွားတဲ့အတွက် လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။
ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ဘက်မှာ

လည်း ရေလွှမ်းမိုးမူတွေ
ရှိနေသလို ကံကြီးဒေါင့်မြို့နယ် မှာလည်း ရေကာတာ ရေကျော်လို့
ဖောက်ထုတ်ပစ်လိုက်ရတဲ့အတွက်
ရွာတော်များများ နစ်မြုတ်သွားခဲ့ပါတယ်။
စစ်တောင်းမြစ် သံလွင်မြစ် ပဲခူးမြစ်နဲ့ ဧရာဝတီမြစ်တွေရဲ့ မြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ဝကျွန်းပေါ်နေရာအချို့မှ
ာ မိုးတွေဆက်တိုက် ရွာသွန်းနေပြီး ထူးကဲဒီရေမြင့်တက်မူနဲ့ စိုးရိမ်ရေမှတ် ကျော်လွန်မူတွေ ရှိနိုင်တယ်လို့လည်း မိုးလေ၀သနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger