သာပေါင်းမြို့နယ်အတွင်း ကျေးရွာပေါင်း ၃၀၄ ရွာရေနစ်မြုပ်မှု့ကြောင့် လယ်ဧက ၇၀၀၀ ကျော်ပျက်ဆီး

Wednesday, August 22, 20120 မှတ်ချက်များ


သာပေါင်းမြို့နယ်တွင်းရှိ ရေနစ်မြုပ်နေသော ကျေးရွာများကို သြဂုတ်လ ၂၀ ရက်နေ့က တွေ့မြင်ရစဉ်

င၀န်မြစ်ရေ မြင့်တက်မှုကြောင့် သာပေါင်းမြို့နယ်အတွင်းရှိကျေးရွာ ၃၉၄ ရွာအနက် ရွာပေါင်း ၃၀၄ ရွာမှာရေနစ်မြုပ်နေပြီး ရေလုံးဝလွှမ်းမိုးခံခဲ့ရသည့် ကျေးရွာအုပ်စု ၂၄ စုခန့်ရှိကာစိုက်ပျိုးပြီးလယ်ဧက ၇၀၀၀ ကျော် ပျက်စီးခဲ့ကြောင်းသိရှိရပါသည်။

ထို့အတူ ဧရာဝတီမြစ်ရေ မြင့်တက်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီး အတွင်းရှိ မြို့နယ် ၂၆ ...
မြို့နယ်အနက် မော်ကျွန်းမြို့နယ်နှင့် လပွတ္တာမြို့နယ်သာ ရေလွှမ်းမှုဒဏ် မခံရဘဲ ကျန်မြို့နယ်များမှာ ရေနစ်မြုပ်မှုခံနေကြောင်းလည်း သိရှိရပါသည်။

သာပေါင်းမြို့နယ်အတွင်း လူဦးရေ ၂၀၀၀၀၀ ၀န်းကျင်နေထိုင်ပြီး ရေနစ်မြုပ်မှုဒဏ်ကြောင့် လူဦးရေ ၁၅၀၀၀၀ ခန့် ဒုက္ခ ကြုံတွေ့နေကြောင်း သိရှိရပါသည်။ထိုသို့ ဒုက္ခကြုံတွေ့နေသော်လည်း ထိရောက်သည့် ကူညီမှု မရရှိသေးကြောင်းလည်း သာပေါင်း မြို့နယ်အုပ်ချုပ်ရေးမှုး(ခေတ္တ) ဦးကျော်သူက ပြောကြားချက်အရ သိရှိရပါသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger