တောင်ပြုံးပွဲတော်ကြီး စတင်ပြီ

Thursday, August 23, 20120 မှတ်ချက်များ


တောင်ပြုံးပွဲတော်သို့ လာရောက်သူများ ဓာတ်ပုံ - မင်းသန့် -Eleven Media Group
မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ တောင်ပြုံးကျေးရွာရှိ ဆုတောင်းပြည့် ဆုတောင်းရဘုရားပွဲနှင့် တောင်ပြုံးမင်းနှစ်ပါးပွဲတော်ကို ၀ါခေါင်လဆန်းတစ်ရက်နေ့(သြဂုတ်လ ၁၈ ရက်)မှ ၀ါခေါင်လပြည့်ကျော် တစ်ရက်နေ့(စက်တင်ဘာလ ၁ ရက်)အထိ အစဉ်အလာမပျက် စတင်ကျင်းပပြီဖြစ် Eleven Media Group အင်တာနက် စာမျက်နှာမှာ ဖော်ပြထားပါသည်။

ရိုးရာယုံကြည်မှု ဓလေ့ထုံးစံ အစွဲအလန်းများနှင့် အစဉ်အလာမပျက် ကျင်းပသော တောင်ပြုံးပွဲတော်သို့ အများဆုံးလာရောက်ကြသူများမှာ မြန်မာနိုင်ငံအောက်ပိုင်း မြစ်ဝကျွန်းပေါ်ဒေသမှဖြစ်သဖြင့် ပွဲတော်စည်ကားခြင်း၊ မစည် ကားခြင်းဟူသည့် ကိစ္စရပ်မှာ အဆိုပါဒေသ၏ စီးပွားရေး အခြေအနေ၊ ရာသီဥတု အခြေအနေများနှင့် ဆက်စပ်ပတ်သက်ကြောင်း ဆယ့်နှစ်ပွဲဈေးသည် အသိုင်းအ၀ိုင်းမှ ဆိုကြပါသည်။ ထို့ကြောင့် ယခုနှစ်တွင် မြန်မာနိုင်ငံအောက်ပိုင်း ရာသီဥတု အခြေအနေများအရ စည်ကားမှု လျော့ကျဖွယ်ရှိသော်လည်း ပွဲတော်စ တင်သည့် ၀ါခေါင်လဆန်း ၁ ရက်နေ့မှ ၄ ရက်နေ့အထိ(သြဂုတ်လ ၁၈ ရက် မှ ၂၁ ရက်နေ့ထိ) နတ်ညီလာခံ စတင်သည်နှင့် ကိုယ်တော်ကြီး၊ ကိုယ်တော် လေး မင်းနှစ်ပါးစံရာ နတ်နန်းသို့ နန်းထိ နန်းရောက်လာရောက်ကာ ကိုယ်တိုင်ကန်တော့ပွဲရွက်၍ တက်ပွဲ၊ ပြပွဲ၊ အပ်ပွဲ စသည့် အမည်အမျိုးမျိုးနှင့် ကန်တော့ပွဲများ ရောက်ရှိစည်ကားနေပြီဖြစ်သည်။

မင်းညီနောင်ချိုးရေတော်သုံးသော ၀ါခေါင်လဆန်း ၁၁ ရက် (သြဂုတ်လ ၂၈ရက်နေ့)တွင် ဧည့်ပရိတ်သတ်လူထုက ထုံးစံမပျက် တိုးမပေါက်အောင် စည်ကားမည်ဖြစ်ကြောင်း တောင်ပြုံးဒေသခံများက သုံးသပ်ကြပါသည်။ ယခုနှစ်သည် ကောဇာသက္ကရာဇ် ၁၃၇၄ ခုနှစ်ဖြစ်သောကြောင့် 'စုံ'နှစ်ဖြစ်၍ ကိုယ်တော်လေး (မင်းလေး)နှစ်ဖြစ်ရာ ယခင်နှစ်ထက် ပိုမိုစည်ကားမည်မှာ သေချာသည်ဟုလည်း သုံးသပ်ကြသည်။

Eleven Media Group 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger