ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်တို့ ပညာရေး ဆိုင်ရာ ပူးပေါင်းမည်

Thursday, August 23, 20120 မှတ်ချက်များ

ရန်ကုန်၊ သြဂုတ်လ ၂၂။

မြန်မာနိုင်ငံ ရေကြောင်းပညာ တက္ကသိုလ်နှင့် နော်ဝေး၊ အိန္ဒိယ၊ ဂျပန်နိုင်ငံတို့ ပညာရေးဆိုင်ရာ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်း ရေကြောင်း ပညာတက္ကသိုလ်ထံမှ စုံစမ်း သိရသည်။

နော်ဝေး နိုင်ငံနှင့် ရေကြောင်းပညာရပ်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ဂျပန်နိုင်ငံ နှင့် သင်္ဘော တည်ဆောက်ရေး ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ခြင်း အိန္ဒိယနိုင်ငံနှင့် သင်ထောက်ကူ ပြု Simulator တည်ဆောက်ရန် အတွက် ပူးပေါင်းဆောင်ရွက်ခြင်းများ ပြုလုပ်သွားမည် ဖြစ်ကြောင်း အဆိုပါ တက္ကသိုလ်မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

လက်ရှိတွင် ရေကြောင်း ပညာရပ် ဆိုင်ရာ ကျွမ်းကျင် ဆရာ လိုအပ်ချက်၊ ဓါတ်ခွဲခန်း လိုအပ်ချက်၊ Simulator Room လိုအပ်ချက်များကြောင့် နိုင်ငံတကာနှင့် ပူးပေါင်း ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ Simulator Room တစ်ခုအတွက် ကုန်ကျစရိတ်က မြန်မာ ငွေသန်းချီ ကုန်ကျမည် ဖြစ်ပြီး Softwareကို အိန္ဒိယကဝယ်၍ Hardwareကို မြန်မာနိုင်ငံတွင် ဝယ်ယူ တပ်ဆင်ပါက ငွေအကုန်ကျ သက်သာမည် ဖြစ်သောကြောင့် အိန္ဒိယနှင့်အကျိုးတူ ပူးပေါင်းခြင်း ဖြစ်ကြောင်း၊ ရေကြောင်း တက္ကသိုလ် အနေနှင့် နိုင်ငံတကာ White List စာရင်းတွင် ရပ်တည်ရန် အတွက် အရည်အချင်း ပြည့်မီရန် လိုအပ်ချက်များကို ပြုပြင်ရမည် ဖြစ်ကြောင်း ပါမောက္ခချုပ် ဦးချာလီသန်းက ပြောသည်။

ရေကြောင်းပညာ တက္ကသိုလ်ကို ၂၀၀၁-၂၀၀၂ခုနှစ် က စတင် တည်ထောင်ရာ ၂၀၀၃-၂၀၀၄ခုနှစ် တွင် ဆင်မလိုက် ရေကြောင်းသိပ္ပံတွင် စတင်ပညာ သင်ကြားခဲ့ပြီး ရန်ကုန်တိုင်း ဒေသကြီး သန်လျင်မြို့နယ် သီလဝါ ဒေသသို့ ၂၀၀၅ ခုနှစ်တွင် ပြောင်းလဲ ဖွင့်လှစ်ခဲ့ကြောင်း တရားဝင် စာရင်းများ အရ သိရသည်။

The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger