Samsung Galaxy SIII ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်းရမည်ဖြစ်ပြီး ဇွန်လတွင် ဈေးကွက်အတွင်း ရောက်မည်

Saturday, June 2, 20120 မှတ်ချက်များ

AddThis 
Social Bookmark Button
စမတ်ဖုန်းလောကတွင် စိတ်ဝင်စားနေကြသည့် Samsung Galaxy S3 ကို မြန်မာနိုင်ငံအတွက် အလုံး ၁၀၀၀ ခွဲတမ်း ရရှိမည်ဖြစ်ပြီး လာမည့် ဇွန်လအတွင်း၌ ပြည်တွင်းဈေးကွက်သို့ ရောက်ရှိလာမည်ဖြစ်ကြောင်း Samsung မိုဘိုင်းပစ္စည်းများ၏ မြန်မာပြည် ကိုယ်စားလှယ်ဖြစ်သော MobiTel Distribution မှ သတင်းရရှိသည်။
''Galaxy S3 က ဇွန်လ ၂၀ ရက်နေ့လောက် ပြည်တွင်းဈေးကွက်ကို ရောက်ပါမယ်။ မြန်မာနိုင်ငံအတွက် အလုံးရေ ၁၀၀၀ ရထားပါတယ်။ ဈေးနှုန်းက ကျပ်ငါးသိန်းခွဲ ၀န်းကျင်လောက် ဖြစ်နိုင်ပါတယ်။  ပြည်တွင်းဈေးကွက် မှာ အသုံးအများဆုံး အမျိုးအစားတွေကို စစ်တမ်းကောက်ပြီးမှ Samsung ကုမ္ပဏီက သတ်မှတ်ပေးခဲ့ပါတယ်''ဟု MobiTel Distribution မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ Samsung Galaxy S3 တွင် ပရောဆက်ဆာမှာ QuadCore 1.4 GHz သုံးထားပြီး 1 Gb RAM ရှိကာ မျက်နှာပြင် အကျယ်မှာ ၄ ဒသမ ၈ လက်မရှိသည်။ Android 4.0.4 (IceCream Sandwich) စနစ်သုံးထားပြီး ဘက်ထရီ စွမ်းဆောင်ရည်မှာ အထူးကောင်းမွန်ကြောင်း သိရသည်။  အဖြူရောင်နှင့် နက်ပြာရောင်ဟူ၍ နှစ်မျိုး ရရှိနိုင်မည် ဖြစ်သည်။ Galaxy S3 အတွက် နိုင်ငံတကာမှ ကြိုတင်မှာယူမှုမှာ အလုံးရေ ၉သန်းခန့်ရှိပြီး စံချိန်တင်ခဲ့ကြောင်းလည်း သိရသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger