skip to main |
skip to sidebar
“အလုပ်များ၍ facebook သိပ်မကြည့်နိုင်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော”
နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော (၂၂) နှစ်က
တယ်လီဖုန်းမျှပင် မရှိဘဲ နိုင်ငံရေးအကျဉ်းသား အနေဖြင့် နေအိမ်
အကျယ်ချုပ်ဖြင့် နေခဲ့ရသည်။ သူသည် ၁.၆.၂၀၁၂ တွင် အရှေ့အာရှ
ကမ္ဘာ့စီးပွားရေး ညီလာခံ၌ တက်ရောက်နေစဉ် သန်းကိုးရာမျှသော လူမှုရေး
ကွန်ယက်ဝင်များနှင့် Facebook တွင် ဆက်သွယ်ခွင့် ရခဲ့သည်။ သူကနည်းပညာ
အသစ်နှင့် ပတ်သက်၍ မကျွမ်းကျင်သေးပေမယ့် အချိန်မရသေး၍ ဖြစ်ကြောင်း၊
သူ့လုပ်ငန်းများအားလပ်လာလျှင် သူသုံးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယခင်တပ်မတော် အစိုးရခေတ်တွင် အင်တာနက် အဆက်အသွယ်ရှိသော
မြန်မာနိုင်ငံသားများကို အစိုးရက ဆိုဒ်များစွာ
ပိတ်ပင်တားဆီးမှုများရှိခဲ့သည်။ ယခုအရပ်သားအစိုးရသည် ထိုကန့်သတ်မှု
အများစုအား ဖြေလျှော့ပေးခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ်မှ
လွတ်မြောက်ပြီး မကြာခင်တွင် Broadband Internet တစ်ခုသူ့အိမ်တွင်
တပ်ဆင်ခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်က သူသည် လက်ကိုင်ဖုန်းကို
နှစ်သက်သော်လည်း မြန်မာနိုင်ငံ၏ တင်းကြပ်သော လိုင်စင်ဥပဒေများကိုမူ
ဘ၀င်မကျကြောင်း ပြောကြားခဲ့သည်။ (ကျွန်မဆိုလိုတာက ကျွန်မတို့လိုသလောက်
လက်ကိုင်ဖုန်း သုံးစွဲမှု မတိုးပွားနိုင်ခဲ့တာပါ။ နောက်ပြီး
ကျွန်မတို့အားလုံး သဘောတူကြတာ လက်ကိုင်ဖုန်းတွေက နိုင်ငံတစ်ခု
ပွင့်လင်းလာရာမှာ နိုင်ငံရေးရော၊ စီးပွားရေးမှာပါ သိပ်အရေးကြီးတယ်ဟု
ပြောကြားခဲ့သည်။)
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။