မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ CDMA 800 MHz
ဖုန်းများကို ယခုလ ၁၂ ရက်နေ့တွင် EVDO
အင်တာနက်စနစ် အသုံးပြု ခွင့်ပြန်လည် လျှောက်ထားနိုင်တော့မည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
"ပြည်နယ်တိုင်းတွေရဲ့ဆက်သွယ်ရေးရုံးတွေနဲ့၊ ရန်ကုန်မှာ
အလုံ၊ပန်းဆိုးတန်း၊ ရွှေဂုံတိုင်ဆက်သွယ်ရေးရုံးတွေမှာ အင်တာနက်
ဝန်ဆောင်မှုတွေကို ၁၂ ရက်နေ့အင်္ဂါနေ့မှာ ချထားပေးမယ်" ဟု ၎င်းကပြောသည်။
CDMA 800 MHz မိုဘိုင်းဖုန်းအသုံး
ပြုသူများအနေဖြင့်ယင်းဆက်သွယ်ရေးရုံးများတွင် အင်တာနက်အသုံးပြုခွင့်
ကျပ်ငွေ တစ်သောင်း ပေးသွင်းရုံဖြင့် EVDO
အင်တာနက်စနစ် အသုံးပြုနိုင် ပြီဖြစ်ကြောင်း၊ အင်တာနက်အသုံးပြုခ အနေဖြင့်
တစ်မိနစ်လျှင် လေးကျပ်ကျ သင့်မည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ
တာဝန်ရှိသူက မြန်မာတိုင်း(မ်)ကို ပြောသည်။
ဖုန်းအလုံးရေ ကန့်သတ်မှုနှင့် ပတ်သက်၍ မေးမြန်းရာ အလုံးရေ ကန့်သတ်မှု
မရှိကြောင်းအဆိုပါတာဝန်ရှိသူကပြောသည်။
အင်တာနက်အသုံးပြုခွင့် လျှောက်ထားမည်ဆိုလျှင်ဖုန်းနှင့်ပတ်သက်သည့်
ဖုန်းပိုင်ဆိုင်ကြောင်း စာရွက်စာတမ်း၊ မှတ်ပုံတင် မူရင်းနှင့် မိတ္တူနှင့်
Sim Card တို့ လိုအပ်မည်ဖြစ်သည်။
CDMA 800 MHz မိုဘိုင်းဖုန်းများ နှင့် CDMA 450 MHz မိုဘိုင်းဖုန်းများ
ထပ်မံချထားပေးရန်မှာ နောက်ထပ် အစီအစဉ်တစ်ခု ဖြစ်ကြောင်း ၎င်းက ပြောသည်။
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။