ဤခေါင်းစဉ်တွင် 'သစ်'ဟူသော စာလုံး
နှစ်လုံး ပါဝင်သည်။ ရှေ့ဆုံးက 'သစ်'မှာ
မြန်မာအဘိဓာန်တွင် (၁)အဆောက်
အအုံ၊ ပရိဘောဂလုပ်ရန် အကိုင်းအခက်
ဖြတ်တောက်ထားသောသစ်လုံး (၂)
ယင်းသစ်လုံးကို ခွဲစိတ်ထားသောအရာ ဟု အဓိပ္ပာယ်ဖွင့် ထားသည့် နာမ်တစ်ခု
ဖြစ်ပါသည်။
နောက်ဆုံးက 'သစ်'မှာ ထို
အဘိဓာန်၌ပင် မဟောင်းသော၊ မသုံးစွဲရ
သေးသော၊ အကြုံဖူးသေးသောဟု အဓိပ္ပာယ်ဖွင့်ထားသည့် နာမ၀ိသေသန
ဖြစ်သည်။
ထို့ကြောင့် သစ်ကုန်သွယ်
လုပ်ငန်းခွန်သစ်ဆိုသည်မှာ သစ်နှင့်သစ်
ထွက် ပစ္စည်းများအပေါ် အသစ်ပြဋ္ဌာန်း
လိုက်သော ကုန်သွယ် လုပ်ငန်းခွန်ကို ဆိုလိုရင်း ဖြစ်ပါသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရ ဘဏ္ဍာရေးနှင့်အခွန် ၀န်ကြီးဌာန၏
၁၅-၃-၂၀၁၂ ရက်စွဲ
ပါ အမိန့်ကြေညာစာအမှတ်၊ ၁၁၆/
၂၀၁၂ ဖြင့် ထုတ်ပြန်ချက်အရ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေဇယား ၆ ပါ ကုန်
စည်အမျိုးအစားများနှင့် အမျိုးအစား အလိုက် ကျသင့်သည့် အခွန်ရာခိုင်နှုန်း
များကို ပြင်ဆင်သတ်မှတ်ခဲ့ပါသည်။
ယင်းသို့ ပြင်ဆင်သတ်မှတ်လိုက်သော ဇယား ၆ အရ သစ်နှင့်ဆိုင်သော ကုန်
စည်နှစ်မျိုး သတ်မှတ်ထားရှိရာ ပထမ တစ်မျိုးမှာ ကျွန်းသစ်လုံးနှင့်
ကျွန်းခွဲ သားများဖြစ်ပြီး ဒုတိယတစ်မျိုးမှာ သစ်မာသစ်လုံးနှင့်
သစ်မာခွဲသားများ ဖြစ်ပါသည်။
ယင်းကုန်စည်နှစ်မျိုးစလုံး အတွက် ကျသင့်သော အခွန်ရာခိုင်နှုန်း မှာ ၅၀
ရာခိုင်နှုန်း ဖြစ်ပါသည်။
တစ်ဖန် အမိန့်ကြေညာစာအမှတ် ၁၁၅/၂၀၁၂ အရ ကုန်သွယ်လုပ်ငန်း
ခွန်ဥပဒေဇယား(၂)မှ ဇယား(၅)ပါ
ကုန်စည်များကို ငါးရာခိုင်နှုန်းဖြင့် ကုန်သွယ်လုပ်ငန်းခွန် ကျသင့်စေရန်
ပြင်ဆင်သတ်မှတ်ခဲ့ရာ အထက်ပါ ဇယား(၆)ပါ ကုန်စည်နှစ်မျိုးမှအပ ကျန်
သည့်သစ်နှင့်ပတ်သက်သော ကုန်စည်
များအားလုံးသည် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်နှုန်းသာ ကျသင့်စေတော့မည်
ဖြစ်သည်။
သစ်ကုန်သွယ်လုပ်ငန်းခွန်သစ်ကို မပြဋ္ဌာန်းမီ နောက်ဆုံးသတ်မှတ်ခဲ့သော
ကုန်သွယ်လုပ်ငန်းခွန်ဇယားများအရ သစ်နှင့် ပတ်သက်သော ကုန်စည်များ အပေါ်
ကုန်သွယ်လုပ်ငန်းခွန်သစ် မှတ်ချက်များကို လေ့လာပါက ကျွန်း ဖြစ်စေ၊
သစ်မာဖြစ်စေ မည်သည့်သစ် မျိုးမဆို သစ်လုံးများအတွက် ကုန်သွယ်
လုပ်ငန်းခွန်မှာ ၁၀ ရာခိုင်နှုန်း ဖြစ်ပါ သည်။
ကျွန်းခွဲသားအပါအ၀င် ကျွန်း သစ်ဖြင့် ပြုလုပ်သည့် ကုန်စည်များ အတွက် ၂၅
ရာခိုင်နှုန်းဖြစ်ပြီး သစ်မာ ခွဲသားနှင့် သစ်မာထုတ်ကုန် များအတွက် ၂၀
ရာခိုင်နှုန်း သတ်မှတ်ခဲ့ပါသည်။
ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ နိုင်ငံတော်မှ သတ်မှတ်တောင်းခံလျက်
ရှိသော အခွန် ၁၅ မျိုးတွင် အပါအ၀င် ဖြစ်သော သွယ်ဝိုက်ခွန်တစ်မျိုးဖြစ်
ကြောင်း လေ့လာသိရှိရပါသည်။
သွယ်
ဝိုက်ခွန်ဆိုသည့်သဘောမှာ ကုန်စည် ထုတ်လုပ်ရောင်းချသူက ပေးရခြင်း မဟုတ်ဘဲ
ဝယ်ယူသုံးစွဲသူက ပေးရသော အခွန်ဖြစ်သည်။
သို့သော် ၀ယ်သူက တိုက်ရိုက် ပေးဆောင်ရခြင်းမဟုတ်၊ ရောင်းရငွေအပေါ်
သတ်မှတ်ရာခိုင်နှုန်း ဖြင့် ရောင်းသူက တောင်းခံကာ၊ ၀ယ်သူ
ကိုယ်စား ပြည်တွင်းအခွန်များဦးစီးဌာန
သို့ ပေးသွင်းရခြင်းဖြစ်၍ သွယ်ဝိုက်ခွန်
ဟု ခေါ်ဆိုခြင်းဖြစ်ပါသည်။
သို့ဖြစ်ရာ
ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်သတ်မှတ်
ခြင်းသည် ၀ယ်ယူစားသုံးသူတို့အတွက် ငွေကြေးအကုန်အကျ ပိုမိုများပြားစေ
မည်ဖြစ်ပြီး ကုန်သွယ်လုပ်ငန်းခွန် လျှော့
ပေါ့သတ်မှတ်ခြင်းကြောင့် ပြည်သူ
ပြည်သားများ သက်သာချောင်ချိစွာ ၀ယ်ယူသုံးစွဲနိုင်ကြ မည်ဖြစ်သည်။
သို့ဖြစ်ရာ နိုင်ငံအသီးသီးမှ အစိုးရ များအနေဖြင့် ပြည်သူများ မဖြစ်မနေ
ဝယ်ယူသုံးစွဲရမည့် ကုန်စည်များအပေါ် ကုန်သွယ်လုပ်ငန်း ခွန်ကို လျော့နည်း
သတ်မှတ်ကြသည့်ထုံးစံရှိသည်။
ယုတ်စွ
အဆုံး အချို့သော ကုန်စည်များကို ပြည်တွင်း၌ ထုတ်လုပ်ရောင်းချပါက
ကုန်သွယ်လုပ်ငန်းခွန် လုံးဝ ကင်းလွတ် ခွင့်ပေးကြ သည်။
မြန်မာနိုင်ငံအနေဖြင့် လည်း အလားတူ ကုန်စည်အမျိုးပေါင်း ၇၀ ကို
ပြည်တွင်း၌ ထုတ်လုပ်ရောင်းချ ခြင်းမှ ရောင်းရငွေအပေါ် ကုန်သွယ်လုပ် ငန်းခွန်
မကျသင့်စေရန် ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၏ ၁၅-၃-၂၀၁၂ ရက်စွဲပါ
အမိန့်ကြေညာစာအမှတ် ၁၁၄/၂၀၁၂ ဖြင့် သတ်မှတ်ပြဋ္ဌာန်း ပေးထားသည်ကို
တွေ့ရပါသည်။
အပြန်
အလှန်အားဖြင့် အများပြည်သူတို့ အတွက် မရှိမဖြစ် ၀ယ်ယူစားသုံးရန်
မလိုအပ်သော ကုန်စည်များ၊ တစ်နည်း အားဖြင့် ပြည်သူတို့အား ၀ယ်ယူသုံးစွဲ
ခြင်း မပြုစေလိုသော ကုန်စည်များကို လည်းကောင်း၊ အမြောက်အမြားသုံးစွဲ ပါက
သဘာဝပတ်ဝန်းကျင် ထိခိုက် ပျက်စီးစေခြင်းကဲ့သို့ သက်ရောက်မှုများ ရှိသည့်
ကုန်စည်များကိုလည်းကောင်း ကုန်သွယ်လုပ်ငန်းခွန် တိုးမြှင့်သတ်မှတ် ကြလေသည်။
ဘဏ္ဍာရေးနှင့် အခွန် ၀န်ကြီးဌာန၏ အမိန့်ကြေညာစာအမှတ် ၁၁၆/၂၀၁၂ တွင်
ဤသဘောတရားကို တွေ့ရသည်။
ယင်းအမိန့်ကြေညာစာပါ ကုန်သွယ်လုပ်ငန်းခွန်ဥပဒေဇယား(၆) အရ စီးကရက်အပေါ်
ကုန်သွယ်လုပ်ငန်း
ခွန် ၁၀၀ ရာခိုင်နှုန်း၊ ဆေးရွက်ကြီး အပါ
အ၀င် ဆေးပေါ့လိပ်၊ ဆေးပြင်းလိပ်၊ ဆေးတံသောက်ဆေး၊ ကွမ်းစားဆေး စသည့်
ကုန်စည်များအပေါ် ၅၀ ရာခိုင် နှုန်း၊ အရက်၊ ဘီယာနှင့် ၀ိုင်များအပေါ် ၅၀
ရာခိုင်နှုန်း စသည်ဖြင့် သတ်မှတ် ထားပါသည်။
အဆိုပါဇယား၌ပင် ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများအပေါ် ၅၀
ရာခိုင်နှုန်း၊ သစ်မာသစ်လုံးနှင့် သစ်မာခွဲသားများ အပေါ် ၅၀ ရာခိုင်နှုန်း
အသီးသီး သတ်မှတ်ထားရာ အထက်ဖော်ပြပါ ကုန်သွယ်လုပ်ငန်းခွန်သဘောတရား အရ
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူအများအား သစ်လုံး၊ သစ်ခွဲသား များ
ဝယ်ယူသုံးစွဲခြင်းမှ တားမြစ်လိုသော ရည်ရွယ်ချက်များ ရှိကောင်းရှိမည်ဟု ယူဆရ
လေသည်။
သစ်လုံး၊ သစ်ခွဲသား များသည် သစ်တောသယံဇာတအရင်း အမြစ်များကို
အခြေခံရသည့်ကုန်စည်
များဖြစ်ရာ သဘာဝပတ်ဝန်းကျင် ထိန်း
သိမ်းကာကွယ်ရေး ရှုထောင့်မှကြည့်လျှင် ကြိုဆိုလက်ခံရမည့် ရည်ရွယ်ချက်ဖြစ်
ပေသည်။
ထို့ပြင် အမိန့်ကြေညာစာ
အမှတ် ၁၁၅/၂၀၁၂ အရ ပရိဘောဂ၊
ကြမ်းခင်းတုံး၊ အထပ်သားစသည့် ကုန်စည်များအပေါ် ကုန်သွယ် လုပ်ငန်း
ခွန် ငါးရာခိုင်နှုန်း ပြောင်းလဲသတ်မှတ်
ခြင်းကို ကြည့်လျှင် သစ်လုံး၊ သစ်ခွဲသား
စသည့် ကုန်ကြမ်းများအစား အချော
ထည်အဆင့် ထုတ်လုပ်ရောင်းချခြင်းဖြင့် သစ်အခြေခံ စက်မှုလုပ်ငန်းများ
ဖွံ့ဖြိုး
တိုးတက်ရေးကို အားပေးလိုသည့်
သဘောကို တွေ့ရပါသည်။
သို့ဖြစ်ရာ
ယေဘုယျအားဖြင့်ဆိုပါလျှင် သစ်ကုန်
သွယ်လုပ်ငန်းခွန်သစ်သည် နိုင်ငံတော်
၏ အခွန်ကောက်ခံရေးဆိုင်ရာမူဝါဒ
အရ ငြင်းပယ်ရန်မရှိသော အစီအမံ ဖြစ်ပါသည်။
သို့စေကာမူ မြန်မာနိုင်ငံ၏ သစ်ထုတ်
လုပ်ရောင်းချနည်းစနစ်၊ ကုန်စည်၏ သဘောသဘာဝနှင့် လက်ရှိပြည်တွင်း မှ
နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင် သစ်အခြေခံ စက်မှုလုပ်ငန်းများ၏ အခြေအနေများ အရ
သစ်နှင့် သစ်ထွက်ကုန်စည်များ အပေါ် အသစ်ပြဋ္ဌာန်း လိုက်သော ကုန်
သွယ်လုပ်ငန်းခွန် သတ်မှတ်ချက်နှင့် သတ်မှတ်၍ ဝေဖန်စရာအချက်များစွာ
ရှိပါသည်။
မြန်မာ့သစ်ထုတ်လုပ်ရောင်း
ချမှုစနစ်ကိုကြည့်လျှင် သစ်နှင့်ပတ်သက် သမျှ ကုန်စည်အားလုံး၏
အရင်းအမြစ်မှာ သစ်တောသယံဇာတ များဖြစ်သည်။
ထူးခြားသော အခြေအနေအနည်းငယ် မှအပ မြန်မာနိုင်ငံရှိ သစ်တောသယံ
ဇာတအရင်းအမြစ်အားလုံးသည် နိုင်ငံ
ပိုင်ဖြစ်ပြီး ယင်းသစ်တောများအတွင်းမှ သစ်ထုတ်လုပ်မှုလုပ်ငန်းကို
နိုင်ငံပိုင် စီးပွားရေးအဖွဲ့အစည်းဖြစ်သော မြန်မာ့
သစ်လုပ်ငန်းတစ်ခုတည်း ကသာ လုပ်ပိုင်
ခွင့်ရှိပါသည်။
ပုဂ္ဂလိက သစ်ထုတ်
လုပ်ငန်းရှင်များသည် မြန်မာ့သစ်
လုပ်ငန်း၏ ကန်ထရိုက်များအဖြစ် ဆောင်ရွက်ကြခြင်းဖြစ်သည်။
ထိုသို့ ထုတ်လုပ်သည့် သစ်တန်ပမာဏမှာ
လည်း အကန့်အသတ်ဖြင့်သာ ဆောင်
ရွက်ခြင်းဖြစ်၍ ယင်းပမာဏထက် ပိုမို၍
အမြောက်အမြား ရရှိနိုင်မည်မဟုတ်ပါ။
ဆိုလိုသည်မှာ ထုတ်လုပ်မှုပမာဏ ကန့်
သတ်ချက်ကြောင့် မူလကပင် ၀ယ်လို
အား များလျက်ရှိသော သစ်နှင့် သစ်ထွက်
ကုန်စည်များအပေါ် ကုန်သွယ်လုပ်ငန်း
ခွန် တိုးမြှင့်သတ်မှတ်ခြင်းကြောင့် ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို
ပြည်သူများ ပိုမိုခံစားကြရမည် ဖြစ်ပါသည်။
ယင်းသို့
ဈေးနှုန်းကြီးမြင့်မှုကြောင့် အစားထိုး
သုံးစွဲရန် အခြားကုန်စည်များကို ဈေးနှုန်း
သက်သာစွာရနိုင်လျှင် ကောင်းပါသည်။
သို့သော် ဖြစ်နိုင်ခြေအလွန်နည်းပါသည်။
ထိုထက်ပိုဆိုးသည်မှာ ဇယား(၆)
အရ ကျွန်းသစ်လုံးနှင့် ကျွန်းခွဲသားများ၊
သစ်မာ သစ်လုံးနှင့် သစ်မာခွဲသားများဟု
သတ်မှတ်ထားရာ သစ်မှန်လျှင် အားလုံး
အကျုံးဝင်သွားပါသည်။
အမှန်မှာမူ
မြန်မာ့သစ်တောများအတွင်း ပေါက်
ရောက်သော သစ်မျိုးများအနက် စီးပွား
ဖြစ် ထုတ်လုပ်ရောင်းချလျက်ရှိသည့် သစ်မျိုးပေါင်း ၈၀ ကျော်ရှိပါသည်။
ယင်း
သစ်မျိုးများသည် သစ်မျိုးအလိုက် ရရှိနိုင်
သောပမာဏနှင့် အသုံးချမှုဆိုင်ရာ အရည်အသွေးကိုလိုက်၍ တန်ဖိုးများ မတူကြပါ။
ဥပမာ ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်စသည့် သစ်မျိုးများနှင့် အင်
ကညင်၊ တောင်သရက် စသည့် သစ်မျိုး
များ မတူကြပါ။
သို့ဖြစ်ရာ ကျွန်းသစ်ကဲ့
သို့ အဖိုးတန် နိုင်ငံ့ဂုဏ်ဆောင် သစ်မျိုး
များနှင့် အခြားသစ်မျိုးများ တစ်တန်း
တည်း မသတ်မှတ်သင့်ပါ။
အဖိုးတန်
ရှားပါးသော သစ်မျိုးများကို ကုန်သွယ်
လုပ်ငန်းခွန် ပိုမိုကောက်ခံပြီး တန်ဖိုး
အသင့်အတင့်မှ တန်ဖိုးနည်းသည့် သစ်
မျိုးများကို လျှော့ပေါ့ကောက်ခံသင့်ပါ
သည်။
သို့မှသာ ၀ယ်ယူသုံးစွဲသူများ
အနေဖြင့် လူသုံးနည်းသစ်မျိုးများကို ဈေးနှုန်းသက်သာစွာဖြင့်
ပိုမိုသုံးစွဲမည်
ဖြစ်ရာ သစ်တောသယံဇာတ ထိန်းသိမ်း
ရေးကိုလည်း များစွာအထောက်အကူ
ပြုမည် ဖြစ်သည်။
ဤအယူအဆနှင့်ပတ်သက်၍ တစ်
ဆက်တည်း စဉ်းစားမိသော အချက်မှာ
တရားမ၀င် သစ်ခုတ်လှဲမှုဖြစ်သည်။
သစ်
နှင့် သစ်ထွက်ကုန်စည်များသည် ပြည်သူ
တို့၏ နေရေးလိုအပ်ချက်အတွက် မရှိ
မဖြစ်ကုန်စည်များ ဖြစ်ပါသည်။
ဈေးနှုန်း
ကလည်းကြီး၊ အစားထိုးစရာကလည်း မရှိလျှင် သက်သာရာသက်သာကြောင်း ရှာကြမည်။
သစ်တောဆိုသည်မှာ အုတ်
တံတိုင်းခတ်ထားခြင်းမဟုတ်။ သစ်ခိုး
ခုတ်သူတွေ ယခုထက် ပိုမိုများလာတော့
မည်ဖြစ်သည်။
ယခင်က သစ်သူခိုးများ
သည် ကျွန်းသစ်၊ ပိတောက်၊ တမလန်း
စသည့် ရှားပါးအဖိုးတန်သစ်များကိုသာ အဓိက ခိုးခုတ်ကြသည်။ ယခုမူ သစ်ဆို
လျှင်ပြီးရော အမျိုးအစားမရွေး ခုတ်ကြ
ပေတော့မည်။
ဒုတိယအနေဖြင့် ဝေဖန်ရန် အချက် မှာ ကုန်စည်၏ သဘောသဘာဝ ဖြစ် ပါသည်။
'သစ်'ဟူသော ဝေါဟာရသည်
တစ်လုံးတည်းသော စကားလုံးဖြင့် ရပ် တည်လျက်ရှိသော်လည်း သစ်မျိုးကို လိုက်၍
ကုန်စည်အမျိုးအစား ကွဲပြားကြ သည်ကို တင်ပြခဲ့ပြီး ဖြစ်သည်။
အလား
တူ သစ်လုံးနှင့် သစ်ခွဲသားတို့သည်လည်း
ကုန်စည်၏ သဘောသဘာဝအရ မတူ
ညီပါ။ သစ်လုံးကို ခွဲစိတ်ပြီးမှ သစ်ခွဲသား
ဖြစ်လာခြင်း ဖြစ်ပါသည်။
ယင်းသို့ ထုတ်
လုပ်မှုအဆင့် မတူသဖြင့် သစ်လုံးနှင့် သစ်ခွဲသားကို ကုန်စည်တစ်ခုအဖြစ်
တပေါင်းတည်း မသတ်မှတ်သင့်ပါ။
သို့ဖြစ်ရာ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း တညီတည်း မသတ်မှတ်သင့်ဟု ယူဆ
ရပါသည်။
အကယ်စင်စစ် သစ်တောသယံဇာတ
များ ထိန်းသိမ်းရေး ဦးတည်မည်ဆိုပါက ကုန်ကြမ်းဖြစ်သော သစ်လုံးများအပေါ်
ကုန်သွယ်လုပ်ငန်းခွင် တိုးမြှင့်ကောက်ခံ
ပြီး ထပ်ဆင့် တန်ဖိုးမြှင့် ထုတ်ကုန်ဖြစ် သော သစ်ခွဲသားအပေါ် ကုန်သွယ်
လုပ်ငန်းခွန် လျှော့ပေါ့သင့်သည်။
သို့မှ
သာ ကုန်ကြမ်းသစ်လုံးကို ၀ယ်ယူပြီး
သစ်ခွဲသား ခွဲစိတ်ထုတ်လုပ်ရောင်းချ
သော လုပ်ငန်းရှင်များအနေဖြင့် အလေ
အလွင့် လျှော့ချရေး၊ အရည်အသွေးတိုး
တက်ရေးတို့ကို ပိုမိုအလေးထား ဆောင်
ရွက်ကာ ထုတ်လုပ်မှုစွမ်းအားတိုးမြှင့် ရေးကို ဖော်ဆောင် ကြမှာဖြစ်သည်။
ပြည်ပတင်ပို့မှုတွင်လည်း ဤအချက်သည် အရေးပါသောအချက် ဖြစ်သည်။
ထုတ်လုပ်မှု သဘောသဘာဝ အရ သစ်လုံးနှင့် ခွဲသားမတူ။
အကြမ်း အားဖြင့် သစ်လုံး နှစ်တန်ခွဲမှ ခွဲသားတစ်တန် ရသည်။
ပြည်ပရောင်းတန်းဝင် ခွဲ
သားထုတ်လုပ်လျှင် ယင်းထက်ပင် နည်း
ဦးမည်။
သစ်လုံး သုံးတန်ခွဲမှ ပြည်ပ ရောင်းတန်းဝင်ခွဲသား တစ်တန်ခန့် သာ
ရနိုင်မည်။
ထုတ်လုပ်စရိတ်များ၊ ၀န်
ဆောင် စရိတ်များ ထပ်ပေါင်းလျှင် ပြည်ပ
ပို့ကုန်ခွဲသား တစ်တန်၏ ကုန်ကျစရိတ်
အလွန်မြင့်မားသွားပေပြီ။ သို့သော် နိုင်ငံ
တကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်းရှိ
ဖို့ အရေးကြီးသည်။
ဈေးနှုန်းအလွန်မြင့်
သဖြင့် ၀ယ်ယူမည့်သူမရှိလျှင် မည်သို့မျှ
မတတ်နိုင်။
သို့ဖြစ်လျှင် မည်သူမျှ အရှုံးခံ၍ သစ်ခွဲစိတ်တင်ပို့တော့မည့် မဟုတ်ပေ။
ယင်းသို့ ထုတ်လုပ်မှု လုပ်ငန်း
များ ရပ်တန့်သွားလျှင် ထိုလုပ်ငန်းများတွင် ပါဝင်ပတ်သက်နေသော လုပ်သား
များ၊ ၀န်ထမ်းများနှင့် မိသားစုများ အလုပ်
လက်မဲ့ဖြစ်ကာ ၀င်ငွေလျော့နည်းသွား
ကြမည်။
သို့ဖြစ်ရာ သစ်လုံးနှင့် သစ်ခွဲသား
တို့ကို မတူညီသော ကုန်စည်များအဖြစ်
ခွဲခြား၍ ကုန်သွယ်လုပ်ငန်းခွန်ကိုလည်း
လိုက်လျော ညီထွေစွာ ခွဲခြားသတ်မှတ်
သင့်ပါသည်။
ထပ်ဆင့်တန်ဖိုးမြှင့် ထုတ်ကုန်များဖြစ်သော သစ်အချောထည် ထုတ်ကုန်များ
အပေါ် ကုန်သွယ်လုပ်ငန်းခွန် ငါးရာခိုင်
နှုန်း သတ်မှတ်ပေးခြင်းမှာ အလွန် ကောင်းမွန်သော အစီအမံ ဖြစ်ပါသည်။
သို့သော် သစ်အခြေခံ အချောထည် ထုတ်ကုန်များသည် ကုန်သွယ်လုပ်ငန်း
ခွန် လျှော့ပေါ့ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အခြားကုန်စည်များကဲ့သို့
ချက်ချင်း ထိုးတက်သွားနိုင်မည် မဟုတ်ပါ။
အဘယ်ကြောင့်ဆိုသော် မြန်မာ့ သစ်အခြေခံစက်မှုလုပ်ငန်းများကြုံတွေ့
နေရသည့် အခက်အခဲများမှာ အခွန် ကောက်ဆိုင်ရာ ကိစ္စတစ်ခုတည်းနှင့်သာ
သက်ဆိုင်နေခြင်းမဟုတ်ပေ။
လက်ရှိ အခြေအနေတွင်မူ မြန်မာ့သစ်အခြေခံ စက်မှုလုပ်ငန်းများသည်
ဖွံ့ဖြိုးတိုးတက်
ရေးအတွက် အချိန်ကာလတစ်ခုယူ၍ တည်ဆောက်ရန်လိုအပ်လျက်ရှိသည်မှာ
မငြင်းနိုင်သောအချက်တစ်ချက်ဖြစ်သည်။
သစ်အခြေခံစက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက်
ရင်းနှီးမြှုပ်နှံ
မှု၊ ဈေးကွက်၊ နည်းပညာ၊ ကျွမ်းကျင်
လုပ်သား စသည့် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးရဦးမည်ဖြစ်သည်။
ယင်းအချက်များပြည့်စုံမှသာ
နိုင်ငံတကာဈေးကွက်တွင် ယှဉ်ပြိုင်နိုင်စွမ်း မြင့်မားစေရေးအတွက်
နိုင်ငံတော်
အစိုးရ၏ ဖြေလျှော့မှု များသည်လည်း အသုံးတည့်ကာ အကျိုးကျေးဇူးများ
ဖြစ်ထွန်းလာမည် ဖြစ်သည်။
သို့ဖြစ်
ရာ ထိရောက်စွာ ဖွံ့ဖြိုးတိုးတက်ခြင်း မရှိသေးသော စက်မှုလုပ်ငန်း (Industry) တစ်ခုအတွက် ဖြေလျှော့ပေးမှုသည်
လက်ရှိအနေအထားအရ လက်တွေ့ အားဖြင့် အချည်းနှီးသာဖြစ်သည်။
မည်သည့်နိုင်ငံတွင်မဆို အုပ်ချုပ်သူ အစိုးရများသည် နိုင်ငံသားများထံမှ
ကောက်ခံရရှိသော အခွန်ဘဏ္ဍာဖြင့် နိုင်ငံ့အရေးအရာများကို စီမံခန့်ခွဲကြရသည်။
နိုင်ငံသားတိုင်းသည် အခွန်ပေး ဆောင်ရန် တာဝန်ရှိကြသည်။
အထူး သဖြင့် ကုန်သွယ်လုပ်ငန်းခွန်ဆိုသည်မှာ စားသုံးသူပြည်သူအားလုံး
ပေးဆောင် ရသော အခွန်ဖြစ်ပါသည်။
ထို့ကြောင့် အခွန်နှုန်းထား သတ်မှတ်ချက်များသည်
လုပ်ငန်းရှင်များအပါအ၀င် နိုင်ငံသားများမှ လိုလိုလားလား
ပေးဆောင်နိုင်စေရန် စီမံဆောင်ရွက်သင့်သည်။
မျှတမှုမရှိ
၍ ၀န်ထုပ်ဝန်ပိုးဖြစ်လာလျှင်၊ သို့မဟုတ် တွက်ခြေမကိုက်လျှင်
အခွန်တိမ်းရှောင်ရန် မသမာမှုများဖြစ်လာနိုင်သည်။
သစ်နှင့်ပတ်သက်သော ထုတ်ကုန် ဆိုင်ရာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုး
တိုးတက်စေရန် ကုန်စည်အမျိုးအမည် ကို ယခုထက်ပိုမို၍ ခွဲခြားသင့်ပါသည်။
လက်ရှိမြန်မာ့သစ်လုပ်ငန်း၏ ပြည်တွင်း
ထုတ်လုပ်ရောင်းချမှု စနစ်အရ ကျွန်း၊ အုပ်စု(၁)နှင့် အခြားဟူ၍
ခွဲခြားထားပါသည်။
အုပ်စု(၁) အမျိုးအစားတွင် ပျဉ်းကတိုး၊ ပိတောက်၊ သစ်ရာ၊ အင်ကြင်း၊
သင်္ဃန်းနှင့် တမလန်းတို့ ပါဝင်ကြသည်။
ကျွန်းနှင့် အုပ်စု(၁)မှအပ ကျန်သစ်မျိုးများ အားလုံးကို အခြားအုပ်စုတွင်
ထည့်သွင်းသည်။
ယင်းတို့ကို သစ်လုံးနှင့် ခွဲသားထပ်ခွဲလျှင် ကုန်စည်အမျိုးအမည်
ခြောက်ခုရရှိမည် ဖြစ်ပါသည်။
အဆိုပါ
ကုန်စည်အလိုက် အခွန်ရာခိုင်နှုန်းများကို အချိုးကျသင့်လျော်အောင်
သတ်မှတ်သင့်ပါသည်။
ယင်းသို့ သတ်မှတ်ရာ
တွင် သစ်မျိုးအလိုက် ရှားပါးသော အဖိုး
တန်သစ်များကို အခွန်ပိုမိုကောက်ခံပြီး အခြားအဖိုးနည်းသစ်များကို အခွန်
လျှော့ပေါ့ကောက်ခံခြင်း၊ သစ်လုံးများ
အပေါ် အခွန်ပိုမိုကောက်ခံ၍ ခွဲသားများကို အခွန်လျှော့ပေါ့
ကောက်ခံခြင်းတို့
ကို ပြင်ဆင်ညှိနှိုင်းသတ်မှတ်သင့်သည်။
အချုပ်အားဖြင့်ဆိုသော် မြန်မာ့သစ်
လုပ်ငန်းအပါအ၀င် သစ်နှင့် သစ်ထွက်
ကုန်စည်ဆိုင်ရာ စီးပွားရေးအသိုက်
အ၀န်းတစ်ခုလုံးအပေါ် ကြီးမားသော ရိုက်ခတ်မှုကို ပေါ်ပေါက်စေမည်ဖြစ်ပါသည်။
ထို့ပြင် ဆင့်ကဲအကျိုးသက်ရောက် မှုအဖြစ် သစ်တောသယံဇာတထိန်းသိမ်းရေး၊
ပြည်သူတို့၏ လူမှုစီးပွားဖွံ့ဖြိုး တိုးတက်ရေး တို့ကိုလည်း သွယ်ဝိုက်၍
ဂယက်ရိုက်ခတ်သွားနိုင်သည်။
အဘယ့်ကြောင့်ဆိုသော် သစ်ဆိုသည်မှာ လူတို့
အတွက် မရှိမဖြစ်လိုအပ်သော စားရေး၊
ဝတ်ရေးနှင့် နေရေးဟူသော အခြေခံ
လိုအပ်ချက် သုံးခုအနက် နေရေးနှင့် ပတ်သက်လျက်ရှိသည်။
နေရေး၊ ထိုင်ရေးဟု
ပြောဆိုသုံးနှုန်းကြသကဲ့သို့ နေရေးနှင့်
ထိုင်ရေးတွင် နေရေးက ပထမဖြစ်သည်။
သစ်ခွဲသားဆိုသည်မှာ နေစရာအိမ်
ဆောက်ရန် အဓိကကုန်စည်ဖြစ်သည်။
ဤသို့အရေးပါသော အခြေခံကုန်
စည်ကို မရှိမဖြစ်မဟုတ်သော ကုန်စည်များ (Non-essential
commodities) နှင့် တစ်တန်းတည်း ထား၍ အခွန်
ကောက်ခံရန် သတ်မှတ်ခြင်းသည် မဖြစ်မနေ ပြန်လည်စဉ်းစားသင့်သောအချက်
ဖြစ်သည်။
အကယ်၍ ဇယား(၆)တွင်
အခြားကုန်စည်များနှင့်အတူ လက်ရှိ
အတိုင်း တစ်တန်းတည်းထားမည်ဆို လျှင်ပင် ယခုကဲ့သို့ ကုန်စည် နှစ်မျိုးတည်း
အပေါ် အခွန်ရာခိုင်နှုန်း တစ်ပြေးညီ
သတ်မှတ်ခြင်းအစား ကုန်စည်အမျိုးအမည် ထပ်မံခွဲခြားကာ ကုန်စည်၏အရေးပါမှု
ကိုလိုက်၍ အခွန်ရာခိုင်နှုန်း
အဆင့်ဆင့် ပြန်လည်ခွဲခြား သတ်မှတ်သင့်ပါကြောင်း
အကြံပြုတိုက်တွန်းအပ်ပါသည်
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။