အစိုးရ၊ အတိုက်အခံ၊ ပညာရှင်စသဖြင့် လူစုံပါတဲ့ ရန်ကုန်မြို့က ထူးခြားတဲ့ ဆွေးနွေး ပွဲ

Monday, June 4, 20120 မှတ်ချက်များ



ဆွေးနွေးပွဲ သဘာပတိဖြစ်သူ ဒေါက်တာ အောင်ထွန်းသက်

မြန်မာအထည်ချုပ်လုပ်ငန်း (CMP လုပ်ငန်း) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးပွဲ တစ်ရပ်ကို ယမန်နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန်မြို့ Chatrium ဟိုတယ်တွင် စတင် ကျင်းပ သည်။ ယင်းဆွေးနွေးပွဲသို့ ပြည်ထောင်စု ၀န်ကြီးများဖြစ်ကြသော စက်မှုတစ်ဝန်ကြီး ဦးစိုးသိန်း၊ မီးရထားဝန်ကြီး၊ အလုပ်သမားဝန်ကြီး နှင့် စီးပွားကူးသန်းဝန်ကြီး ၊ နိုင်ငံရေး ပါတီ များမှ NLD ပါတီ အပါ အ၀င် နိုင်ငံရေး ပါတီများ၊ ၈၈ မျိုးဆက် ကျောင်းသားများမှ ကိုကိုကြီး၊ စီးပွားရေးလုပ်ငန်းရှင်များ ၊ အထည်ချုပ်လုပ်ငန်းရှင်များ ၊အလုပ် သမား ကိုယ်စားလှယ် များနှင့် ပညာ ရှင်များ တက်ရောက်ကြကြောင်း သတင်း ကို The Messenger သတင်းတွင်ဖော်ပြထားပါတယ်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက် က“ ကျွန်တော်တို့ အမြဲခေါက်ရိုးကျိုးနေတဲ့ အစည်းအဝေးတွေ အများကြီးလုပ်ဖူးပါတယ်။ အစည်းအဝေးတွေမှာ သဘာပတိကစကားပြောတယ် လာတက်တဲ့သူတွေ ကလည်း နားထောင်ချင်တာတွေ နားထောင်တယ်။ ပြီးတော့လည်း ဘာရလဒ်မှ မ ထွက်ဘဲ ပြီးသွားတာတွေကြီးပဲ ၊ ဒါပေမယ့် အခုပြည်ထောင်စုဝန်ကြီးတွေလာတက်တယ်။ လုပ်ငန်းရှင်တွေလာတယ်။ အလုပ်သမား ကိုယ် စားလှယ်တွေပါတယ်။ အားလုံးဆွေးနွေးဖို့ အချိန်ပေးထားတယ်။ အားလုံး(အားလုံး) ဆွေးနွေးမှ အဖြေရမှာ ပြဿနာတွေကြီးပဲ ပြောနေ ရင် အချိန်သာကုန်သွားမယ်၊ ဘာရလဒ်မှ ရမှာ မဟုတ်ဘူး။ ဒီအလုပ်သမား ကိစ္စကို အဖြေတစ်ခု ရအောင် ၀ိုင်း စဉ်းစားရမယ် ၊ စဉ်းစား တဲ့နေ ရာမှာလည်း ငါ့အမြင် သူ့အမြင် အဲဒီလိုမစဉ်းစားပဲ ....ငါတို့...ဆိုတဲ့ စိတ်ကိုထားပြီးစဉ်းစားဖြေရှာ ဖို့တိုက် တွန်းလိုပါတယ်” ဟု ဆွေး နွေး ပွဲအဖွင့် တွင်ပြောကြားသွားခဲ့သည်။


အလုပ်သမား ၀န်ကြီး ဦးအောင်ကြည်

“ကျွန်တော့ဘ၀မှာ ဒီလိုဆွေးနွေးပွဲမျိုး ပထမဆုံးကြုံဖူးတာပါ၊အရမ်းဝမ်းသာပါတယ်။ ပြီးတော့ နယ်ပယ် အသီးသီးက ပညာ ရှင်တွေ ပါလာ တာ တွေ့ရတော့ ပိုအား တက်မိပါတယ်။ ဒီဆွေးနွေးပွဲမှာ အလုပ်သမား ကိစ္စတွေနဲ့ပတ်သက်လို့ အဖြေတစ်ခုကို အတူတူ၇ှာကြည့်စေချင် ပါ တယ်။ အမြင်မတူလဲကိစ္စမရှိပါဘူး ပန်းတိုင်တူရင် လမ်းကြောင်း မတူလဲ အတူတူသွားလို့ ရပါတယ်။

အလုပ်ရှင်တွေဘက်ကရော အလုပ်သမားတွေဘက်ကပါ စဉ်းစားပုံပြောင်းဖို့ တိုက်တွန်းလိုပါတယ်။ အလုပ်သမားဘက်ကလည်း တောင်းဆို ခွင့် ရှိသလို အလုပ်ရှင်ဘက်ကလည်း သူ့လုပ်ပိုင်ခွင့်တွေ ရှိပြီး သားပါ။ တရား ဥပဒေလမ်းကြောင်းအတိုင်း လုပ်ကြဖို့ပဲ လိုပါတယ်။ ဒါပေမယ့်စိတ်မကောင်းစရာက တစ်ချို့ အလုပ်ရှင်တွေက အလုပ်သမားတွေကို ပြန်မခန့်ချင်ကြဘူး။ ရိုက်တာနှက်တာတွေအထိ လုပ် တယ်လို့ ကြားရ တယ်။ ဒါတွေက လုံးဝကို မဖြစ်သင့်တော့တဲ့ ကိစ္စပါ။ ဒီဆွေးနွေးပွဲမှာ အဖြေတစ်ခုရဖို့ လိုပါတယ် ”
ဟု အလုပ်သမားဝန်ကြီး ဦးအောင်ကြည်က ဆွေးနွေးပွဲမှာ ပြောသွားတာပါ။

၈၈ ခေါင်းဆောင် ကိုကိုကြီးနှင့် ရန်ကုန်တိုင်းအစိုးရ ၀န်ကြီးတဦးတို့ကို ဆွေးနွေးပွဲတွင် အတူ တွေ့ရစဉ်

၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကလည်း အခုဖြစ်ပျက်နေတဲ့ အလုပ်ရှင် အလုပ်သမား ပြဿနာများကို ဖြေရှင်းရာတွင် မိတ် ဖက်၊ စီးပွားဖက် ပုံစံမျိုးဖြင့် ဖြေရှင်းသင့်ကြောင်း၊ နိုင်ငံတော် အပိုင်း၊ အလုပ်ရှင်နှင့် အလုပ်သမား အပိုင်းဟူ၍ သုံးဦးသုံးဖလှယ် စုပေါင်း အဖြေရှာတဲ့ စနစ်နဲ့ သွားသင့်ကြောင်း၊ အဓိက ပြဿနာ ရှိနေသည်ဆိုသည်ကို ပထမအဆင့် အသိအမှတ်ပြုဖို့လိုကြောင်း၊ သို့မှသာ ပြဿနာ ကို အဖြေရှာနိုင်မည့် နည်းလမ်းမှန်ကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း ဆွေးနွေးသွားသည်ဟု သိရသည်။

 အိမ့်သံစဉ်
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger