ကချင်ဒုက္ခသည် လေးဦးကို အစိုးရတပ်ဖွဲ့မှ ဖမ်းဆီးထား

Saturday, June 23, 20120 မှတ်ချက်များ



ကျွဲကုန်သည်များနှင့် လိုက်ပါသွားသူ ဒုက္ခသည်စခန်းတွင်းမှ ကချင် အမျိုးသား လေးဦးအား မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် (မပခ) လက် အောက်ခံ ခလရ ၃၇ တပ်ဖွဲ့က ဖမ်းဆီးခဲ့ရာမှ ယနေ့ထိ ပျောက်ဆုံးနေ သဖြင့် ပြည်နယ် ဝန်ကြီးချုပ်ထံ တင်ပြထားသည်ဟု လိုက်ပါ ဆောင် ရွက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ပြောသည်။

ဇွန်လ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော် ဘုရားကျောင်းမှ စစ်ပြေးဒုက္ခသည် စခန်းတွင် ခိုလုံနေ သူ ဦး ဘရန်ယုန်၊ ဦးလဖိုင်ဂမ်နှင့် တာလောကြီးကျေးရွာမှ ဦးဇော်ဘောမ်နှင့် ဦးဇခွန်လရိန်တို့ကို ဝိုင်းမော်မြို့နယ် တာလောကြီးကျေးရွာ အနီးတွင် ခလရ ၃၇ တပ်ဖွဲ့များက ဖမ်းဆီးသွားခဲ့ရာ ယနေ့ထိ အဆက်အသွယ် မရခြင်း ဖြစ်သည်။

ဆားမှော်မြို့မှ ကျွဲကုန်သည် ကိုအောင်ထွေးနှင့် ဇနီး၊ တာလောကြီး ကျေးရွာမှ ဒေါ်အကိုင်တို့ကိုလည်း ၎င်းတို့နှင့်အတူ ဖမ်းဆီး ခံခဲ့ရ သော် လည်း ထိုသုံးဦးမှာ ကျပ်ငွေ ၁၂ သိန်း ပေးဆောင်၍ ပြန်လည် လွတ်မြောက်လာခဲ့သည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။

“သူတို့က ကျွဲမောင်းလိုက်သွားတာ တာလောကြီးအနားက လယ်ကွင်းမှာ ဖမ်းခံတယ်။ သူဌေး သုံး ယောက်က ပိုက်ဆံပေးလို့ လွှတ်ပေး လိုက်တယ်။ ဒီ လေးယောက်ကိုတော့ ဒီနေ့ထိ ဘယ်မှာရှိနေတယ်ဆိုတာ မသိဘူး။ ၁၈ ရက်နေ့ စာပို့ပြီး အကူအညီ တောင်းတာလည်း ဘာမှ ထူးခြားတာ မရှိလို့ ဒီနေ့က ဝန်ကြီးချုပ်ကို စာတင်လိုက်တာပါ” ဟု ဦးမာခါး က မဇ္ဈိမ ကို ပြောသည်။

ဇွန်လ ၁၈ ရက်နေ့က ရှေ့နေ ဦးမာခါး ကိုယ်တိုင် ခလရ ၃၇ တပ်သို့ သွားရောက် စုံစမ်းရာ တာဝန်ရှိ ဗိုလ်မှူး ညီညီထွန်း က ဖမ်းဆီးထား သူ များ အား စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့-စရဖ ထံ လွဲပြောင်းပေးလိုက်ကြောင်း ပြောဆိုခဲ့သည်ဟု သူက ပြောသည်။

ယနေ့ ဝန်ကြီးချုပ်ထံ ပေးပို့ခဲ့သောစာထဲတွင် ၂ဝဝ၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၇၆ နှင့် ၂၁(ခ)အရ နိုင်ငံသား တဦး လွတ်လပ်ခွင့် မရှိဘဲ အခွင့်အရေး ချိုးဖောက်ခံနေရသည်ဟု ရေးသားဖော်ပြထားသည်ဟု သူက ဆက်ပြော သည်။

“ဖွဲ့စည်းပုံမှာ ပါတဲ့ အခွင့်အရေး ချိုးဖောက်ခံနေရတာဘဲ။ ဥပမာ လူတယောက်ကို ၂၄ နာရီထက် ကျော်ပြီး ဖမ်းဆီးလို့ မရဘူး။ တရားရုံးရဲ့ ခွင့်ပြုချက် မရှိဘဲ ဖမ်းဆီးလို့ မရဘူး။ အသက်ရှင် နေသေးလား ဆိုတာလည်း မသိဘူး။ တရား ဥပဒေအရ လုပ်မယ်ဆိုလည်း တရားရုံး မ ရောက်တော့ ဘာမှ လုပ်လို့မရဘူး” ဟု ဦးမာခါး က မဇ္စျိမကို ပြောသည်။

ဖမ်းဆီးခံရသည်မှာ ရှစ်ရက် ကြာပြီဖြစ်သော်လည်း မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရသဖြင့် မိသားစုများက စိုးရိမ်နေသည်ဟု ဖမ်းဆီးခံရသူ ဦးဘရာယုန်း၏ ဇနီး ဒေါ်ခေါင်နန်က ပြောသည်။

“ကျမ အမျိုးသားက ကျွဲသူဌေးဆီမှာ ကျွဲဆွဲသွားတဲ့အခါ ပါသွားတာ။ တခါ ကျွဲလိုက်သွားရင် ကျပ် ငါးသောင်း ရတယ် ပြောလို့ ခဏလေးဆိုပြီး လိုက်သွားခိုင်တာ။ ဒီမှာက ကလေးကျောင်း ထားရတယ်၊ ပိုက်ဆံ အခက်အခဲရှိလို့ နည်းနည်းရရင်ရဆိုပြီး လိုက်သွားတာ။ မမျှော်လင့်ဘဲ ခုလို သူပျောက်သွားတော့၊ သူ့ကို ဘယ်လို ရှာရမလဲဆိုတာငွေရေးကြေးရေးလည်း အရမ်းခက်ခဲတယ်” ဟု မဇ္ဈိမကို ပြောသည်။

ဦးဘရာယုန်းနှင့် ဒေါ်ခေါင်နန်တို့တွင် သားသမီးသုံးဦးရှိပြီး ဝိုင်းမော်မြို့နယ် အင်ပွန်း ကျေးရွာတွင် နေထိုင်ခဲ့ရာမှ စစ်ပြေး ဒုက္ခသည် အ ဖြစ် မြစ် ကြီးနားမြို့ ရွှေစက်ကျေးရွာ နှစ်ခြင်းအသင်းတော်မှ ဖွင့်လစ်ထားသော ဒုက္ခသည်စခန်း တွင် လာရောက်ခိုလှုံနေခြင်း ဖြစ်သည် ဟု ဆို သည်။

ကချင်ပြည်နယ် ဝန်ကြီးချုပ် ဦးလဂျွန်ငံဆိုင်းထံ လိပ်မူပြီး မိတ္တူကို သမ္မတ ဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ်၊ ဝန်ကြီးများ၊ ကချင်ပြည် နယ်ရှိ ကုလသမဂ္ဂအဖွဲ့များ၊ ပြည်နယ်ရဲမင်းကြီး၊ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC၊ ကက်သလစ် အသင်းတော်များသို့ ပေးပို့ထား သည်။

ထို့အပြင် မေလနှင့် ဇွန်လအတွင်း ဖောက်ခွဲမှု၊ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နှင့် ဆက်သွယ်သည့် မတရားသင်းပုဒ်မ ၁၇(၁)တို့ဖြင့် မပခ လက် အောက်ခံ တပ်ဖွဲ့များနှင့် စရဖ တို့မှ ယခုရက်ပိုင်းအတွင်း လိုက်လံဖမ်းဆီးမှုများ ရှိနေသည် ဟု အင်ဂျန်းယန်မြို့နယ် ပြည်သူ့လွှတ် တော်အမတ် ဒေါ်ဒွဲဘူ က ပြောသည်။

“ခုတလော မြို့ထဲမှာ မိုင်းခွဲတဲ့ ၁၇ နှစ်အရွယ် ကလေးတယောက်ကို ဖမ်းမိတယ်။ သူနဲ့ ဆက်စပ်ပြီး ဖမ်းတာ။ သူ့ဖြောင့်ချက်အရ ဖမ်းတာလား မသိဘူး။ ရှေ့နေတို့ တရားသူကြီးတို့ ပြောပြတယ်။ အဲဒီကလေးက ရိုက်စစ်စရာတောင် မလို ဘူး။ ဘယ်နေ့ ဘယ်မှာ မိုင်းထောင်တယ်။ ဘယ် သူနဲ့ ဘယ်လိုလုပ်တယ်ဆိုတာ အကုန်လုံး သူ ပြောသွားတယ်” ဟု သူက မဇ္စျိမကို ပြောသည်။

ဇွန်လ ၁၇ ရက်နေ့ မြစ်ကြီးမြို့ ဂျန်မိုင်ကောင်ရပ်ကွက်ရှိ စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလုံနေသူ ဦးဘရန်ရှောင် ဆိုသူအားလည်း ပေါက် ကွဲ (၃) အမှုဖြင့် ဆက်စပ်၍ မေးမြန်း စစ်ဆေးရန် ရှိသည်ဟုဆိုကာ အမှတ် ၁ ရဲစခန်း ဒုရဲအုပ် ကျော်မျိုးနိုင်၏ အမိန့်စာဖြင့် ဖမ်းဆီး ခံခဲ့ ရသည်။

ဒုရဲအုပ် ကျော်မျိုးနိုင်အား မဇ္စျိမက ဆက်သွယ် မေးမြန်းခဲ့ရာ အထက်က အမိန့်အရ ဖမ်းဆီးခြင်း ဖြစ်၍ ယင်းတို့ ဖမ်းဆီးပြီးနောက် စရ ဖထံ လွဲအပ်လိုက်သည်ဟု ပြောသည်။

မြစ်ကြီးနားမြို့ တပ်ကုန်ရပ်ကွက်အတွင်း မေလအတွင်း ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ ရဲ တဦး ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ပြီး ထိုဖောက်ခွဲမှု ဖြင့် ဖမ်းဆီးခံရသူ အနည်းဆုံး ၁ဝ ဦးကျော် ရှိနေသည်ဟု ရှေ့နေ ဦးမာခါးက ပြောသည်။ တခြား ၁၇(၁) နှင့် ဖမ်းဆီးခံရသူများလည်း ၂ဝ ဦး ထက် မနည်းရှိနေသည်ဟု ဆိုသည်။

မတရားသင်းဥပဒေ ပုဒ်မ ၁၇(၁) ကို ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဒု-ဥက္ကဋ္ဌ မီးရထားဝန်ကြီး ဦး အောင် မင်း၏ နှုတ်မိန့် ညွန်ကြားချက်အရ ကချင်ပြည်နယ်တွင် ကြာသပတေးနေ့မှ စတင်၍ ပယ်ဖျက်လိုက်ကြောင်း ပြည်နယ် ဝန်ကြီး ချုပ် ဦးလ ဂျွန်ငံဆိုင်း က ပြောသည်။

ဗန်းမော် လေဆိပ်တွင် ပြည်ထောင်စုဝန်ကြီးက ပြည်နယ် ဝန်ကြီးချုပ်အား မှာကြားချက်ကို ဌာနဆိုင်ရာများအား တဆင့် ညွှန်ကြား လိုက် ခြင်း ဖြစ်သည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger