တရားမ၀င် နိုင်ငံခိုးဝင်မှုဖြင့် ဘင်္ဂါလီ ၈၂ ဦးကို ထောင်ဒဏ် ချမှတ်

Saturday, June 23, 20120 မှတ်ချက်များ



မွန်ပြည်နယ် ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ ဆိုက်ကပ်လာသည့် ဘင်္ဂါလီ လှေစီးခရီးသည် ၈၄ ဦးအနက် ၈၂ ဦးကို လူဝင်မှု ကြီးကြပ်ရေး ဥပဒေ ပုဒ်မ ၁၃/၁ ဖြင့် ရေးမြို့နယ် တရားရုံးမှ ထောင်ဒဏ် တနှစ်စီ ချမှတ်လိုက်ကြောင်း ရေးမြို့မ ရဲစ ခန်း က ပြောသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အဆိုပါဘင်္ဂါလီများကို ရေးမြို့ အားကစားရုံအတွင်း ယာယီတရားရုံး ဖွင့်လှစ်ပြီး အမှုစီရင်ချက် ချခဲ့ခြင်း ဖြစ်သည် ဟု မြို့မရဲစခန်းမှ ရဲအရာရှိ တဦးက ပြောသည်။

“သူတို့အင်အားများတဲ့အတွက် အားကစားရုံမှာပဲ တရားခုံရုံး ဖွဲ့ပြီး၊ ရေး တရားသူကြီးက တနှစ်စီ ချ လိုက်တာပါ၊ ကလေးနှစ်ယောက်က လွဲ ပြီး အားလုံးကို အမိန့်ချလိုက်တာ” ဟု ရဲအရာရှိက ပြောသည်။

အဆိုပါ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားများကို ဇွန်လ ၁၉ ရက်နေ့တွင်ပင် မော်လမြိုင် အကျဉ်းထောင်သို့ ပို့ဆောင်ခဲ့သည်။ အဖမ်းခံရသူ ၈၄ ဦးအ နက် အမျိုးသမီးတဦးနှင့် ကလေးနှစ်ဦး ပါဝင်ပြီး၊ ကျန်းမာရေး ကောင်းမွန်ကြောင်း အထက်ပါ ရဲအရာရှိက ပြောသည်။

မလေးရှားနိုင်ငံသို့ တရားမ၀င် သွားရောက်မည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသား ၈၆ ဦးပါ အဆိုပါ တန်ကေးစက်လှေသည် စက်ချို့ယွင်းမှု ကြောင့် ကပ္ပလီ ပင်လယ်ပြင်တွင် ရက်အတန်ကြာ မျောပါနေရာမှ ရေးမြို့နယ် အံဒင်ကျေးရွာအုပ်စု ငါးမျှားစခန်းမှ ငါးဖမ်းလှေများ၏ ကယ်တင်မှု ကြောင့် မေလ ၂၃ ရက်နေ့တွင် ငါးမျှားစခန်းသို့ ရောက်ရှိခဲ့သည်။

ပင်လယ်ပြင်တွင် မျောပါစဉ်က ၁၇ ဦး သေဆုံးခဲ့ပြီး ငါးမျှားစခန်းသို့ ရောက်ရှိစဉ်တွင် ကလေးနှစ်ဦး၊ အမျိုးသမီးတဦး အပါအဝင် လှေစီး ခရီး သည် ၈၆ ဦး ပါဝင်သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံအာဏာပိုင်များက ဒုက္ခသည်များကို လာရောက်စစ်ဆေးသော်လည် တစုံတရာ အရေးယူ ဆောက်ရွက်ခဲ့ခြင်း မရှိပဲ၊ ဒေသခံများ က စက်ပြင်ဆင်ပေးခြင်း၊ ငွေကြေးနှင့် စားနပ်ရိက္ခာအချို့ကို ထောက်ပံ့ကူညီပေးခြင်းဖြင့် မေလ ၂၇ ရက်နေ့တွင် နိုင်ငံတကာ ရေ ကြောင်း သို့ ပြန်လည်ပို့လွှတ်ခဲ့သည်။

၎င်းစက်လှေသည် စက်ချွတ်ယွင်းမှုကြောင့် ဇွန်လ ဒုတိယပတ်တွင် ရေးမြို့နယ် တောင်ပိုင်း ခေါဇာမြို့နယ်ခွဲ မန်ကျည်းရွာသို့ ရောက်ရှိ ကာ၊ စက်လှေ ပြင်ဆင်ရန်အတွက် ကော့လှိုင်ကျေးရွာအုပ်စု သဲခုံရွာသို့ တဖန် ဆိုက်ကပ်စဉ်တွင် ထားဝယ် ရေတပ်၏ ဖမ်းဆီးခြင်းကို ခံရပြီး ရေးမြို့ အာဏာပိုင်ထံသို့ လွှဲအပ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“အဲဒီလှေက သဲခုံရွာကို ၀င်လာတယ်။ လူ ၈၆ ယောက် ပါလာတယ်။ အဲဒီဆိုက်ရောက်တဲ့ နေ့မှာ ၂ ယောက် ပျောက်သွားတယ်။ သူတို့တ တွေက ငါးမျှားစခန်းကနေ ထွက်ခွာလာပြီး မန်ကျည်းကျွန်းကို ရောက်လာတယ်။ အဲဒီမှာ လှေ ပျက် လာပြီးတော့ ကျမတို့ သဲခုံရွာဘက်ကို ၀င်လာတယ်။ လှေပြင်ဖို့နဲ့ စက်ဆီဝယ်ဖို့အတွက်လို့ ပြောတယ်။ အခု မြန်မာ အာဏာ ပိုင်တွေက ရေးမြို့ဘက်ကို ခေါ်သွားပြီ” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

လက်ရှိအခြေအနေအရ ရခိုင်ပြည်နယ်ဘက်တွင် ဘင်္ဂလီလူမျိုးများနှင့် ရခိုင်ပြည်နယ်သားများအကြား တင်းမာမှု ပဋိပက္ခများ ဖြစ်ပွားနေ သောကြောင့် မွန်ပြည်နယ်အတွင်း လူမျိုးခြားများ ၀င်ရောက်လာပြီး ဒေသအတွင်း အခြေအနေ ရှုပ်ထွေးသွားမည်ကို ဒေသခံ သံဃာ တော်များ စိုးရိမ်နေကြသည်။


 ကောင်းဝါ
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger