ပြီးခဲ့တဲ့ မေလအတွင်း ရန်ကုန်တိုင်း ဒေသကြီး စည်ပင် သာယာရေး နယ်နမိတ် အတွင်း ယာဉ်မတ်ာတဆမှု ၉၃ မှု ဖြစ်ပွား ခဲ့တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး
ကြိုးမဲ့ ကြေးနန်းနှင့် ယာဉ်ထိန်း တပ်ဖွဲ့မှူး ရုံးမှ သတင်းများ အရ သိရပါတယ်။ အဲဒီလို ဖြစ်ပွားခဲ့တဲ့ ယာဉ်မတော်တဆမှု တွေမှာ ယာဉ်ကို မဆင်မခြင် မောင်းမှုကြောင့် အများဆုံး ဖြစ်ပွားရတာ ဖြစ်ပါတယ်။ အဆိုပါ ကာလ အတွင်း ယာဉ်မတော်တဆ မှုကနေ ဆက်စပ် ဖြစ်ပေါ်ခဲ့တဲ့ ဒဏ်ရာ ရရှိသူ ကတော့ ၁၇ ဦးထိ ရှိခဲ့ပါတယ်။
သေဆုံးသူ ဦးရေ ကတော့ ၂၅ ဦးထိ ရှိတယ်လို့ သိရပါတယ်။ အဲဒီလို ယာဉ်မတော်တဆမှုတွေ နေ့စဉ် ဖြစ်ပွားနေ ရတာကတော့ ယာဉ်မောင်းသူတွေရဲ့ စည်းကမ်းမဲ့ မောင်းနှင်းမှု များနဲ့ ပျက်စီးနေတဲ့ လမ်းမ အချို့မှ ချိုင့်ခွက် များကို ရှောင်တိမ်း မောင်းနှင်မှု များကြောင့် အခုလို ယာဉ်မတော်တဆမှုများ ဖြစ်ပွား နေတာ ဖြစ်ပါတယ်။ အဲဒီလို ယဉ်မတော်တဆမှုများ ဖြစ်ပွားမှု မရှိစေဖို့ အတွက် သက်ဆိုင်ရာ နယ်မြေ အလိုက် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝင် များနဲ့ ဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိသူများ ကလည်း နေ့စဉ် ပူးပေါင်း ကာကွယ်မှု တွေကို ဆောင်ရွက်လျက် ရှိတယ်လို့ သတင်း ရရှိပါတယ်။

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။