ရွှေဈေးနှုန်း ပုံမှန် အတိုင်း ရှိနေ

Saturday, June 9, 20120 မှတ်ချက်များ

ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွေကျပ် တစ်သောင်းတန် များကို ဇွန်လ

၁၅ ရက်နေ့မှ စတင်ထုတ် ပြန်ရန် ကြေညာခဲ့ ပေမယ့် ယခု လက်ရှိ မှာတော့ အဆိုပါ ထုတ်ပြန်ချက်ကြောင့် ရွှေဈေးကွက်မှာ ဈေးနှုန်း မြင့်တက်မှု မရှိဘူးလို့ သိရပါတယ်။

ရန်ကုန် ရွှေဈေးကွက် အတွင်းမှာ ရွှေဈေးနှုန်း တွေဟာ ယခုတစ်ပတ် ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်မှာ အဖွင့်ဈေး ၇၁၀၅၀၀ ကျပ်နဲ့ ညနေ အပိတ်ဈေး ၇၁၀၀၀၀ ကျပ်၊ အင်္ဂါနေ့ မနက် အဖွင့် ဈေးမှာ ၇၀၉၀၀၀ ကျပ်နဲ့ အပိတ်ဈေးမှာ ၇၀၉၂၀၀ ကျပ်၊ ဗုဒ္ဓဟူးနေ့ အဖွင့်ဈေးမှာ ၇၁၁၅၀၀ ကျပ်နဲ့ အပိတ်ဈေးမှာ ၇၁၃၀၀၀ နဲ့ ကြာသပတေးနေ့ အဖွင့်ဈေးမှာ ၇၁၁၀၀၀ ကျပ် နဲ့ အပိတ် ဈေးမှာ ၇၁၀၀၀၀ ဈေးနှုန်း ရှိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၇ ရက်နေ့ ကြာသပတေးနေ့ ညနေပိုင်းမှာ တစ်သောင်းကျပ်တန် ငွေစက္ကူများ သုံးစွဲရန် ကြေညာခဲ့ ပေမယ့်လည်း ယခုလက်ရှိ ရန်ကုန် ရွှေဈေးကွက်မှာ ဇွန်လ ၈ ရက်နေ့ နံနက်ပိုင်း အဖွင့်ဈေးမှာ ၇၁၄၀၀၀ ကျပ်ဈေးနှုန်း ရှိခဲ့ပြီး ညနေ ၄ နာရီအထိ ရွှေဈေးနှုန်းမှာ ၇၁၁၀၀၀ ကျပ်ဈေးနှုန်းသာ ရှိတယ်လို့ သိရပါတယ်။ ရွှေလုပ်ငန်းရှင် အသင်းမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ ရွှေဈေးကွက်ဟာ ယခုလက်ရှိမှာ ဈေးကွက် ထိခိုက်မှု မရှိသေးပဲ အရောင်းအ၀ယ်များ ပုံမှန်ရှိနေ သေးတယ်လို့ သိရပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger