သမ္မတ အကြောင်း ကြားပါက ဒုတိယ သမ္မတ နေရာ ပြန်လည် ရွေးချယ် မည်

Friday, June 29, 20120 မှတ်ချက်များ


လာမည့်  ဇူလိုင် ၄ ရက်နေ့တွင် ကျင်းပမည့် စတုတ္ထ အကြိမ် လွှတ်တော် ပုံမှန် အစည်းအဝေး များတွင် နိုင်ငံတော် သမ္မတမှ အကြောင်းကြား လာပါက ဒုတိယ သမ္မတနေရာ ပြန်လည်ရွေး ချယ်အ တည်ပြုမှုများ ပြုလုပ်ရမည် ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

“ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦး ကျန်းမာရေးချို့ယွင်းနေတယ်ဆိုတော့ နိုင်ငံတာဝန်တွေ ထမ်းဆောင်ဖို့က ဘယ်လိုမှကို အဆင်မပြေတော့ဘူး။ ပြီးတော့ သူအနားယူဖို့အတွက်ကိုလည်း သမ္မတဆီကို အကြောင်းကြားပြီးသား။ ဒီတော့ သမ္မတကသာ လက်ခံပြီး အကြောင်း ကြားလာမယ်ဆိုရင် ခုကျင်းပမည့် လွှတ်တော်အစည်း အဝေးမှာ ဒုတိယသမ္မတတစ်ဦး ထပ်မံရွေးချယ်သွားမှာပါ”ပာု အမျိုးသားလွှတ်တော် ကိုယ်စား လှယ်တစ်ဦးက ဆိုသည်။

မြန်မာနိုင်ငံ၏ ဒုတိယသမ္မတ သီပာသူရ ဦးတင်အောင်မြင့်ဦးသည် ကျန်းမာရေးချို့ယွင်းလာသည့်အတွက် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ထံ မေလ ၃ ရက်နေ့တွင် အနားတောင်းခံခဲ့ကြောင်း သိရသည်။

“ဒုတိယသမ္မတတစ်ဦးက ပြန်ရွေးချယ်ရဖို့များပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ အရင်က အရေးပေါ်အစည်းအဝေး မခေါ်ဘူးဆိုပေမယ့် ခု ပြည်ထောင်စုလွှတ်တော် အစည်းအဝေးက စတော့မှာဆိုတော့ ဒီအစည်းအဝေးမှာ ဒုတိယသမ္မတတစ်ဦးကို တပ်မတော်သားအစုအဖွဲ့က ပြန်ရွေးချယ် ကြမှာပါ”ပာု ရှမ်းတိုင်းရင်းသား ဒီမိုကရက်တစ်ပါတီမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၃) နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ၊ ပုဒ်မ ၇၃(စ)၊ (ဆ)တွင် ဒုတိယသမ္မတတစ်ဦးဦးသည် ရာထူး သက်တမ်းမကုန်မီ နုတ်ထွက်သောကြောင့်ဖြစ်စေ၊ ကွယ်လွန်သောကြောင့်ဖြစ်စေ၊ ထာဝစဉ် မစွမ်းဆောင်နိုင်သောကြောင့်ဖြစ်စေ၊ တစ်စုံတစ်ရာသော အကြောင်းကြောင်းကြောင့်ဖြစ်စေ၊ ဒုတိယသမ္မတ ရာထူးနေရာလစ်လပ်လျှင် ပြည်ထောင်စုလွှတ်တော် အစည်းအဝေး ကျင်းပနေချိန်ဖြစ်ပါက ယင်း ဒုတိယသမ္မတကို ရွေးချယ်တင်မြှောက်ပေးခဲ့သော အစုအဖွဲ့က ခုနှစ်ရက်အတွင်း ဒုတိယသမ္မတတစ်ဦး ရွေးချယ်တင်မြှောက်ရေးအတွက် နိုငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် အကြီးအမှူးထံ ဆောလျင်စွာ အကြောင်းကြားရမည်ဖြစ်ပြီး ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကျင်းပချိန် မပာုတ်လျှင် ပြည်ထောင်စု လွှတ်တော်အကြီးအမှူးသည် နိုင်ငံတော်သမ္မတ၏ အကြောင်းကြားစာရရှိသည့်နေ့မှ ၂၁ ရက်အတွင်း ပြည်ထောင်စုလွှတ် တော်အစည်းအဝေးခေါ်ယူ၍ သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတစ်ဦးကို ရွေးချယ်တင်မြှောက်ပေးရေးအတွက် သတ်မှတ် ထားသည့် နည်းလမ်းအတိုင်း ဆောင်ရွက်ရမည် ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

YC-Yangon Chronicle
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger