ပင်လယ်ရေမြင့်တက်ဝင်ရောက်လာမှုကြောင့် လယ်မြေဧက (၁၀၀၀)ကျော် ရေကြီးနစ်မြှုစ်

Wednesday, June 13, 20120 မှတ်ချက်များ


ပြီးခဲ့သည့် (၃.၆.၂၀၁၂) ရက်နေ့တွင် မွန်ပြည်နယ်၊ပေါင် မြို့နယ်သဲကုန်းကျေးရွာတွင်အမှတ်  (၇၃၀၊၇၂၉စီ၊၇၃၃၊၇၃၂)ကွင်းရှိ  တောင်သူများ၏ ပျိုးထောင်စိုက်  ပျိုးထားသည့် စပါးပင်များနှင့် လယ်ယာမြေဧက (၁၀၀၀)ကျော်  ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး  မှုများဖြစ်ပေါ်ခဲ့ကြောင်း သိရှိရ သည်။
ယခင်နှစ်များ ယခုကဲ့သို့ ပင် လယ်ရေကြီးနစ်မြှုပ်မှုဒဏ်ကို  ခံစားရခြင်းမရှိပါ။ယခုနှစ်သည်    အဆိုးဆုံးနှစ်ဖြစ်၍အပျက်စီးအ ဆုံးရှုံးအများဆုံးဖြစ်ရသည်။ အဓိက ဖြစ်ခဲ့ရသည့်အကြောင်း   မှာကွင်းအမှတ်(၇၃၀A)အ၀ဖြဲကွင်း   ရှိ ဦးမောင်စီ၏လယ်မြေဧရိယာ အတွင်း ပြုလုပ်ထားသည့် ပင်လယ်ရေကာတာတမံအား မြို့နယ်အုပ်ချုပ်ရေးမှူး၏ အမိန်  ဖြင့်(၃၀.၅.၂၀၁၂)ရက်နေ့တွင်  ဦးထွန်းမြင့် အပါအ၀င် တောင် သူအချို့မှဖောက်ချလိုက်သည့်  အတွက် ပင်လယ်ရေများ ၀င် ရောက်လာခြင်းကို မထိန်းသိမ်း  နိုင်ခဲ့ခြင်းဖြစ်သည်။ နစ်မြှုပ်ဆုံး  ရှုံးခဲ့ရသည့် မြေဧကပေါင်း (၁၀၀၀)ကျော်ရှိခဲ့ပါသည်။
(၅.၆.၂၀၁၂)ရက်နေ့တွင်  ဒေသခံ လယ်သမား(၅၈)ဦးမှ လက်မှတ်ရေးထိုး၍ ပင်လယ်ရေ  ကြီးမြင့်ဝင်ရောက်မှုကြောင့်  ပျိုးထောင်ထားသည့်စပါးပင်များ  ရေကြီးနစ်မြှုပ်၍ ပျက်စီးဆုံးရှုံး  မှု့အခြေအနေကို ပေါင်မြို့နယ်  အုပ်ချုပ်ရေးမှူးထံသို့ သွားရောက်  တင်ပြခဲ့သည့်အတွက် တာတမံ    ပြန်လည်ပိတ်ဆို့ခဲ့ပါသည်။ သို့ သော်လည်း မြို့နယ်အုပ်ချုပ်ရေး  မှူး၏ အမိန့်ဖြင့်ဖောက်ထား သော ရေနစ်ချောင်းပေါက်ကို ပြန်လည်ပိတ်ဆို့ရန် မိုးရာသီဖြစ်  သည့်အတွက် တောင်သူလယ် သမားများအတွက် အခက်အခဲ  နှင့်ကြုံတွေ့နေရကြောင်း  သိရှိပါ သည်။
အဖေ့သား(ပဲခူး) - Hot News Journal
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger