လွှတ်တော်စတုတ္ထပုံမှန်အစည်းအဝေးများ ခေါ်ယူခြင်းနှင့် ပါတီများ နှင့်လွှတ်တော်ကိုယ်စားလှယ်များ၏အသံများ

Wednesday, June 13, 20120 မှတ်ချက်များ

ဒေါက်တာမေ၀င်းမြင့်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားရင်ကြားစေ့ရေးဟာ သိပ်အရေးကြီးတယ်လေ။ ရင်ကြားစေ့ ရေးဆိုတာ အားလုံးပါတာပဲ။ ယနေ့ဖြစ် ပွားနေတဲ့ စစ်ပွဲတွေ အပစ်အခတ်ရပ် သွားမယ်။ ရပ်သွားပြီးရင် အစိုးရနဲ့အတူ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာ မှာ အင်အားတွေ တိုးလာမယ်။ အဲဒီလို ဖြစ်တာက ငြိမ်းချမ်းရေးတဲ့။ နောက်ထပ် တစ်ခုကို ပြောဆိုရင် စီးပွားရေးကိုပြော ရမှာပဲ။ ယနေ့ တောင်းဆိုတယ်ဆိုတာ လိုအပ်လို့ တောင်းဆိုတာ။ ဘာလိုအပ် သလဲဆိုတာကို စဉ်းစားပေးရမယ်။ အကောင်အထည် ဖော်ပြပေးရမယ်။ စီးပွားရေးအကောင်အထည်ပေါ်လာပြီ။ စီးပွားရေးဖွံ့ဖြိုးတိုးတက်လာပြီဆိုရင် အစိုးရအပေါ် အဓိက အစိတ်အပိုင်း တစ်ခုအဖြစ် မြင်လာပါလိမ့်မယ်။ အန်တီ တို့ဟာ နှစ်ပေါင်းများစွာ ဒေါ်အောင်ဆန်းစုကြည် ပြောထားသလိုပါပဲ။ အကြမ်းမဖက်တဲ့နည်းနဲ့ စားပွဲပေါ်မှာပဲ ဖြစ်စေချင်သလို အဲဒီလိုပဲ ငြိမ်းငြိမ်း ချမ်းချမ်းပဲ ဖြစ်စေချင်ပါတယ်။

ဒေါက်တာမြတ်ဉာဏစိုး
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အနေနဲ့ကတော့ ကျွန်တော်တို့ အဆို တွေ၊ မေးခွန်းတွေကို ဗဟိုအလုပ်အမှု ဆောင်အဖွဲ့ကို တင်ပြဖို့ ရှိပါတယ်။ ကျွန် တော်တစ်ဦးတည်းအနေနဲ့ကတော့ ကျွန် တော့်ရဲ့ မပြီးပြတ်သေးတဲ့အဆိုကို လွှတ် တော်မှာ ကျန်ပါသေးတယ်။ အဲဒါက ဒုတိယအကြိမ်မှာကတည်းက တင်ထား တဲ့ လစာဥပဒေပြဋ္ဌာန်းပေးဖို့ အဆို။ နိုင်ငံတော်ပိုင် စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတော်ပိုင် ပစ္စည်းတွေကိုပေါ့နော်။ အဲဒါတွေကို ပွင့်လင်းမြင်သာရှိအောင် ဆောင်ရွက်ဖို့ ကျန်တဲ့အဆိုတွေလည်း ကျန်ပါသေးတယ်။ တကယ့်တကယ် အဆိုတွေဟာ မတင်သွင်းရသေးတဲ့အခါ မှာ သတင်းထုတ်ပြန်မှုမရှိပါဘူး။ အဓိက ကတော့ အနိမ့်ဆုံးလစာ သတ်မှတ်ချက် ယေဘုယျပဲလို့ ပြောလို့ရပါတယ်။ အဖွဲ့ ချုပ်အနေနဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ကနေပြီးတော့ လွှတ်တော်ရေးရာကော် မတီဖွဲ့စည်းဖို့ ရှိပါသေးတယ်။ အဲဒီမှာ ဆွေးနွေးပြီးတော့မှ ကျွန်တော်တို့ လှုပ် ရှားသွားဖို့ ရှိပါတယ်။

ဦးခိုင်မောင်ရည်
(အလုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)

ပြည်သူတွေလိုအပ်နေတဲ့ လုံ လောက်တဲ့ လစာကိစ္စဗျာ။ လျှပ်စစ်မီး ကိစ္စလေ။ လျှပ်စစ်ကိစ္စမှာ တိကျတဲ့ စွမ်း ဆောင်မှုအရည်အသွေး ရှိလာဖို့ဗျာ။ ဘယ်နည်းနဲ့ဖြစ်ဖြစ် လျှပ်စစ်ဓာတ်အား အပြည့်အ၀ရရှိဖို့ပေါ့ဗျာ။ ဒါတွေကို လွှတ်တော်အမတ်တွေက လိုလားကြမှာ ပါ။ ကျန်တာတွေက လယ်ယာကိစ္စ ပြဿနာတွေလေ။ အခု မပြီးနိုင်မစီးနိုင်။ နောက်ထပ်လည်း ပေါ်ပေါက်နေတာ တွေကို ဒီလိုပဲ ထိုင်ကြည့်နေကြမှာလား ပေါ့။ နောက် မြေကွက်တွေ အလွယ် တကူ သိမ်းတယ်။ နောက် ကြေညာချက် မထုတ်ပြန်ဘဲ ရပ်ဆိုင်းတယ်ဗျာ။ အဲဒါ တွေကို ပွင့်လင်းဖို့ ထင်သာမြင်သာလုပ်ဖို့ တွေ ဖြစ်စေချင်ပါတယ်။

ဦးခင်မောင်ဆွေ
(အမျိုးသားဒီမိုကရေစီအင်အားစုပါတီ)

ပြည်သူတွေကို သိစေချင်တာတွေ ကတော့ ကျွန်တော်တို့ပါတီက လွှတ် တော်ကိုယ်စားလှယ်တွေကို လွှတ်တော် မှာ မြန်မာ့စီးပွားရေးမှာ လက်ဝါးကြီးအုပ် ထားတဲ့ကိစ္စတွေ၊ နောက်လယ်သမား အလုပ်သမားကိစ္စတွေအတွက် ထွက် လာတဲ့ဥပဒေတွေက အားနည်းနေတာ တွေနဲ့ အကျိုးရှိမယ့် ဥပဒေတွေ ထပ်မံ ပြဋ္ဌာန်းနိုင်ဖို့တွေ နယ်စပ်ရောက်နေတဲ့ ပုဂ်္ဂိုလ်တွေအတွက် အလုပ်သမားကိစ္စ တွေ၊ ရပိုင်ခွင့်တွေကို လွှတ်တော်မှာ တင်ပြပြောဆိုကြဖို့တွေ ရှိပါတယ်။

ဦးဖုန်းမြင့်အောင်
(ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမျိုးသားဒီမိုကရေစီပါတီသစ်)

ဟိုတစ်နေ့က လွှတ်တော်ရုံးက ဖုန်း ဆက်တယ်။ First  ဇူလိုင်မှာ စမယ်တဲ့။ မေးခွန်းတွေ ကြိုပို့ပါဆိုလို့ မေးခွန်းငါးခု ကို အဖြေတစ်ခုကို မနေ့က ပို့လိုက်တယ်။အဓိကကတော့ဗျာ။ ရန်ကုန်မြို့ ဘတ်စ် ကားစနစ်တွေ နောက်ထပ်ဘာသာရေးနဲ့ ပတ်သက်တဲ့ကိစ္စ၊ ၀န်ထမ်းတွေနဲ့ ပတ် သက်တဲ့ မေးခွန်းတစ်ခုပေါ့နော်။ နောက် ထပ် သ/မနဲ့ပတ်သက်တဲ့ မေးခွန်းတစ်ခု၊ အဆိုတစ်ခုကတော့ အိမ်ခြံမြေကိစ္စနဲ့ ပတ်သက်တဲ့အဆိုတွေ တင်ထားပါတယ်။ ပုံမှန်ဥပဒေက လွှတ်တော်မစခင် ၁၅ရက်  ရက် ၂၀ မှာ ၁၅ ရက်ကြိုတင်ပြီး လွှတ် တော်က ပေးထားရတယ်။ လွှတ်တော် ရောက်မှပေးရင် လွှတ်တော်မစခင် ပေး ရတာပေါ့နော်။

ဦးဂျေယောဝူ
(အမျိုးသားကိုယ်စားလှယ် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ)

ကျွန်တော်တို့တိုင်းပြည်မှာ တိုင်းရင်း သားတွေအားလုံး ဖွဲ့စည်းပြီးဖြစ်လာတဲ့ နိုင်ငံလေ။ တိုင်းရင်းသားဆိုတာကလည်း နိုင်ငံသားပါပဲ။ တိုင်းရင်းသားအရေးကိစ္စ ကို မျက်ကွယ်ပြုလို့မဖြစ်၊ အမျိုးသား ရင် ကြားစေ့ရေးမှာ တိုင်းရင်းသားတွေနဲ့ ပြေ လည်မှဖြစ်မယ်။ လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာတွေကို လက်နက်နဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ အခုသိနေပြီပဲ။ ရပ်တန်းက ရပ်ပြီး ဆွေးနွေးဖို့ တွန်းအားပေးသွားမှာ ပါ။ ကျွန်တော်ပြောချင်တာက ငြိမ်းချမ်း ရေးအတွက် လက်နက်နဲ့ထိန်းချုပ်လို့ မရ ဘူး။ လက်နက်နဲ့ ထိန်းချုပ်ခဲ့တာလည်း ကမ္ဘာ့နိုင်ငံတွေမှာ နမူနာယူစရာတွေ တစ်ပုံကြီးပါ။ ယနေ့ထက်ထိ ဘယ်မှာ ငြိမ်းချမ်းလို့လည်း နမူနာအနေနဲ့ ကြည့် လိုက်လေ။ လက်ရှိ ပါလက်စတိုင်းအရေး လူတွေအစုလိုက်အပြုံလိုက် စတေးခံခဲ့ရ တယ်။ လူမှုဘ၀ ဒုက္ခအမျိုးမျိုး ကြုံတွေ့ နေရတာဟာ လက်နက်နဲ့ငြိမ်းချမ်းရေးကို ဖြေရှင်းနေတာပဲလေ။

Hot News Journal သတင်းအဖွဲ့ 
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger