(ဒေါ်အောင်ဆန်းစုကြည်ရဲ့
ထိုင်း မြန်မာနယ်စပ် ခရီးစဉ်ကို Karen Information Center အဖွဲ့သားများရဲ့
တိုက်ရိုက် သတင်းပေးပို့ချက်များနဲ့အတူ အချိန်နဲ့တပြေးညီ ဖော်ပြသွားမှာ
ဖြစ်ပါတယ်။)
အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်းနိုင်ငံ
မဲဆောက်မြို့ကို ၂၀၁၂၊ ဇွန်လ ၂ ရက်နေ့ မနက် ၉ နာရီကျော်က ရောက်ရှိလာခဲ့ရာ
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ သောင်းသောင်းဖြဖြ
ကြိုဆိုခဲ့ကြပါတယ်။ ထို့နောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ထိုင်း မြန်မာနယ်စပ်
မယ်လဒုက္ခသည်စခန်းကို တိုက်ရိုက် ခရီးထွက်ခွာ သွားခဲ့ပါတယ်။
နေ့လည် ၁၁ နာရီခန့်တွင် မယ်လဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပြီး မယ်လ
ဒုက္ခသည်စခန်းရှိ ထိုင်းအာဏာပိုင်များရဲ့ ရုံးမှာ ဒုက္ခသည်များနဲ့ စခန်းရဲ့
အခြေအနေများနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။ ထို့နောက် နေ့လည် ၁၂ နာရီတွင်
မယ်လစခန်း ဘော်လုံးကွင်းကို သွားရောက်ရာ မယ်လဒုက္ခသည်စခန်းတွင်
နေထိုင်ကြတဲ့ တိုင်းရင်းသားပြည်သူလူထုက “အမေစု၊ အမေစု“ လို့ ၀ိုင်းဝန်း
နှုတ်ဆက်ကြပါတယ်။
နေ့လည် ၁၂ နာရီခွဲတွင် မယ်လဒုက္ခသည်စခန်းရှိ AMI ဆေးရုံတွင် နေ့လည်စာ သုံးဆောင်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ထိုင်း မြန်မာနယ်စပ် ခရီးစဉ်နဲ့ ပတ်သက်တဲ့
တာ့ခ်ခရိုင် တာဝန်ရှိသူများကိုယ်တိုင် အတိအကျ မသိရှိကြရကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးကို အထူး တင်းကြပ်ထားကြောင်း၊
ဒေါ်အောင်ဆန်းစုကြည်အနီးတွင် KNU/KNLA ငြိမ်းချမ်းရေးကောင်စီက
ဗိုလ်မှူးချုပ် ဒေါက်တာတီမသေ ရှိနေကြောင်း သိရပါတယ်။ ဒေသစံတော်ချိန် နေ့လည်
၁ နာရီခန့်တွင် မယ်လဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာရန် ပြင်ဆင်နေပါတယ်။
နေ့လည် ၁ နာရီခွဲတွင် မယ်လ ဒုက္ခသည်စခန်းမှ ပြန်လည် ထွက်ခွာလာပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုမယ့် တိုင်းရင်းသားများဟာ
မယ်တော်ဆေးခန်းအနီးတွင်လည်း စောင့်ကြိုနေကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့
ခရီးစဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် အတိအကျ သိနိုင်ဖို့ ခဲယဉ်းနေသလို
အပြောင်းအလဲများ ရှိနေကြောင်း နယ်စပ်သတင်းရပ်ကွက်တခုက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို စောင့်ကြိုနေကြတဲ့ မဲဆောက်ရောက် မြန်မာတိုင်းရင်းသားများ
မြင့်လှိုင်၊ ဇွန် ၂ ရက်၊ ၂၀၁၂
မြင့်လှိုင်၊ ဇွန် ၂ ရက်၊ ၂၀၁၂
Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။