ကချင်စစ်ပြေးဒုက္ခသည်များ ထပ်တိုးလာ

Thursday, June 14, 20120 မှတ်ချက်များ


KNG

အစိုးတပ်ဖွဲ့နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA တို့ တိုက်ပွဲဆက်လက်ဖြစ်ပွားနေခြင်းကြောင့် စစ်ပြေးဒုက္ခသည်များသည် တရုတ်နယ် စပ် ဒေသနှင့် ကေအိုင်အိုထိန်းချုပ်ဒေသများတွင် နေ့စဉ်ထွက်ပြေးခိုလှုံလာနေဆဲဖြစ်သည်ဟု ဒုက္ခသည် ကယ်ဆယ်ရေး ကော်မတီ ဥက္ကဋ္ဌ ဆလန်ကဘာ ဆ လန်ကဘား ဒွဲပီဆာ ပြောသည်။

ဧပြီလ ၂၅ မှစ၍ ချီဖွေမြို့နယ်၊ ဆော့လော်မြို့နယ် နှင့် ပန်ဝါမြို့နယ်ခွဲများတွင် တိုက်ပွဲများဖြစ်ပွားခြင်းကြောင့် ဒေသခံများ ထွက်ပြေး တိမ်း ရှောင်လာခဲ့ခြင်းဖြစ်သည်။

ဒုက္ခသည်များသည် ကချင်ဒီမိုကရေစီသစ်တပ်မတော် NDAK နယ်ခြားစောင့်တပ် ထိန်းချုပ်ထားသော ပန်ဝါမြို့နှင့် ဖရဲကျေးရွာ၊ လဂွေ ကျေး ရွာ၊ လိုင်ဇာသွားလမ်းရှိ အင်ပေါန်၊ ရောတ်ဂျတ် ကျေးရွာများမှ ထပ်မံရောက်ရှိလာခြင်းဖြစ်သည်။

ဖရဲနှင့် လဂွေကျေးရွာ ဒေသခံများသည် ပန်ဝါအထက်ဘက်ရှိ တရုတ်-မြန်မာ နယ်စပ် ကေအိုင်အို ထိန်းချုပ်နယ်မြေ ဆဒုံးဒေသရှိ မှတ် တိုင် အမှတ် (၆) ဒုက္ခသည်စခန်းသို့ တိမ်းရှောင်လာကာ အင်ပေါန်နှင့် ရောတ်ဂျတ်မှ ဒေသခံများသည် ဂျေယန်ခဒုက္ခသည်စခန်းသို့ ရောက်ရှိ လာကြောင်း သိရသည်။

ယခုချိန် မှတ်တိုင်အမှတ်(၆) ဒုက္ခသည်စခန်းတွင် ဒုက္ခသည် အိမ်ထောင်စု ၈၁ စု၊ လူဦးရေ ၄၂၄ ဦးရှိပြီး ၎င်းတို့၏ စားဝတ်နေရေး အ တွက် KIO နှင့် ကချင်ခရစ်ယာန်အသင်းတော်များမှ ကူညီပေးနေကြောင်း ကြည့်ရှုပေးနေသူ ဆရာခေါတိုက်ပြောသည်။

လူဦးရေ ၆၀၀၀ ကျော်ရှိသော ဂျေယန့်ဒုက္ခသည်စခန်းတွင်မူ စားဝတ်နေရေးအတွက် KIO နှင့် ခရစ်ယာန်အသင်းတော်များ၊ အခြား အ စိုးရ မဟုတ်သောဒေသဆိုင်ရာအဖွဲ့အစည်းများ အကူညီပေးနေသော်လည်း အစားအစာများ ဆက်လက်လိုအပ်နေကြာင်း ၎င်းဒုက္ခ သည် စခန်းမှ တာဝန် ရှိသူ KIA အရာရှိ ၀မ်ဒေဆိုင်းဂျတ်ဒူ ပြောသည်။

“စားဖို့ ဆန်၊ ဆား တွေတော့ပေးလို့ရပေမဲ့ အာဟာရရှိမဲ့ဟာတွေမပေးနိုင်ဘူး ပြောမယ်ဆိုရင် ပဲ၊ ဆီ၊ ကြက်သွန်နီ ကြက်သွန်ဖြူ ၊ အသားလို မျိုး မကျွေး နိုင်ဘူးလေ” ဟုအထက်ပါ အရာရှိပြောပြခဲ့ခြင်းဖြစ်သည်။

ကမ္ဘာ့ကုလသမဂ္ဂနေအကူညီပေးရေးအဖွဲ့ UN မှ ကားကြီး ၃ စီးဖြင့် ရောက်လာကာ ဇွန်လ ၁၂ ရက်နေ့က မန်စီမြို့နယ်ရှိ လနာ့ဇွပ်ဂျာ ဒုက္ခ သည် စခန်းတွင် တလစာ စားနပ်ရိက္ခာကို ကူညီခဲ့ပြီး ယနေ့တွင် ဘွမ်စစ်ဘွမ် ဒုက္ခသည်စခန်းတွင် လူဦးရေ ၅၀၀ ကျော်အတွက် ထောက်ပံ့ ခဲ့သည်ဟု ကူညီလိုက်ပါခဲ့သူ ဒုက္ခသည်ကယ်ဆယ်ရေး ကော်မတီ အတွင်းရေးမှူး ဆလန်ကဘား လဖိုင်ဇော်ရော် ပြောပြ ခဲ့သည်။

“မနေ့ကတော့ လနာ့ဇွပ်ဂျာ စခန်းမှာ လှူတယ်။ ဒီနေ့တော့ ဘွမ်စစ်စခန်းရောက်နေတယ် အခု ပစ္စည်းတွေ ဝေဖို့လုပ်နေတယ်။ WFP က အ စားအစာကူညီတယ်။ ဆန်၊ ဆား၊ ပဲ တို့ပေါ့။ တစ်ဦးချင်းကို တလစာ အ တွက် ပေးတယ်။ UNICEF က အားဆေး၊ ရေသန့်၊ စားဆေး တွေပေး တာဖြစ် တယ်” ဟု ကချင် သတင်း ဌာနသို့ ပြောသည်။

ကုလသမဂ္ဂအဖွဲ့အစည်းများ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးရုံး (UNOCHA)၊ ကုလသမဂ္ဂ ပညာရေးနှင့် ကလေးသူငယ် များဆိုင် ရာ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)၊ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့(WFP) အပါ အဝင် ကုလ သမဂ္ဂ အဖွဲ့ အစည်း များမှ ကိုယ်စားလှယ်များ လာရောက်လှူဒါန်းခဲ့ကြခြင်း ဖြစ်သည်။

UN အကူအညီပေးရေးအဖွဲ့သည် ပြီးခဲ့သည့် မေလကုန်ပိုင်းကလည်း မိုင်ဂျာယန်အတွင်းရှိ စစ်ပြေးဒုက္ခသည်များနှင့် ဝိုင်းမော်မြို့နယ် ဆဒုံး ဒေသအတွင်းရှိ တရုတ်- မြန်မာနယ်စပ်တွင် ခိုလှုံနေသော စစ်ပြေးဒုက္ခသည်များအတွက် အစားအသောက်နှင့် ရိက္ခာ တလစာကို ထောက်ပံ့ ပေးခဲ့ သည်။

ထို့နောက် မြန်မာအစိုးရက အကူအညီပေးရေး လမ်းကြောင်းများကို မေလအတွင်း ပိတ်ဆို့ခဲ့ပြီးနောက် ဇွန်လ ၅ ရက်မှ စ၍ ပါကထောင် ဒုက္ခ သည်စခန်းနှင့် အုံလုံဒုက္ခသည်စခန်းတွင် ဆက်လက်ထောက်ပံ့ပေးခဲ့သည်ဟု ဆလန်ကဘား ဒွဲပီဆားက ပြောသည်။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger