Online Media များ၏ ရပိုင်ခွင့်ကို ခံစားနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

Tuesday, May 8, 20120 မှတ်ချက်များ

Online Media များကို သမားရိုးကျမီဒီယာများ (Traditional Media) နည်းတူသတ်မှတ်ပြီး စာနယ်ဇင်း သမားများ၏ ရပိုင်ခွင့်များ ခံစားနိုင်ရန် အတွက်လည်း ဆောင်ရွက်လျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးဝင်းက ထုတ်ဖော်ပြောကြား လိုက် သည်။

ပြန်ကြားရေးဝန်ကြီးဌာနနှင့် ကုလသမဂ္ဂပညာရေးသိပ္ပံနှင့် ယဉ်ကျေးမှု အဖွဲ့ (UNESCO) တို့ ပူးပေါင်းကျင်းပ သည့် World Press Freedom Day 2012 အခမ်းအနားကို ယခုလ ၃ ရက်နေ့က ကမ်းနားဟိုတယ်တွင် ကျင်းပခဲ့ ရာတွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးကျော်ဆန်းကိုယ်စား တက်ရောက် လာသော ဒုတိယ ဝန်ကြီးက ယင်းကဲ့သို့ ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

''ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ Online Media များကို သမားရိုးကျ မီဒီယာများ (Traditional Media) နည်းတူ သတ်မှတ်ပြီး စာနယ်ဇင်းသမားများရဲ့ရပိုင် ခွင့်များခံစားနိုင်ရန်အတွက် ဆောင်ရွက် လျက်ရှိကြောင်း၊ ပုံနှိပ် မီဒီယာ ဥပဒေတွင် သတင်း အေဂျင်စီထူထောင်ပြီး အွန်လိုင်းမှ သတင်းအချက်အလက်များ ဖြန့်ဝေလိုပါ က စနစ်တကျမှတ်ပုံတင်ပြီး ဆောင်ရွက် ခွင့်ရရှိစေရန် Online Journalist များ သည်လည်း ကျန်စာနယ်ဇင်းသမားများ နှင့် တန်းတူ ရပိုင်ခွင့် များ အကာအကွယ် များ ကျင့်ဝတ်များ ရရှိကျင့်သုံးနိုင်စေရန် စဉ်းစားဆောင်ရွက်ထားကြောင်း အနာဂတ် တွင် မြန်မာနိုင်ငံ၏ မီဒီယာ လောကသည် လွတ်လပ်မှုနှင့် တာဝန်သိမှုကို ဟန်ချက် ညီညီ ကျင့်သုံးနိုင်သည့် စစ်မှန် သော စတုတ္ထ မဏ္ဍိုင်အဖြစ် ပေါ်ပေါက် လာတော့မည် ဖြစ်ပါတယ်''ဟု ဒုတိယဝန်ကြီးက ပြောကြား သည်။

အဆိုပါ အခမ်းအနားကို ပြည် သူ့လွှတ်တော် အားကစားယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှု ကော် မတီ ဥက္ကဌ သူရဦးအေးမြင့်၊ ရန်ကုန်တိုင်း ဒေသကြီး လူမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း၊ ရန်ကုန်မြို့ရှိ နိုင်ငံခြား သံရုံး များမှ သံအမတ်ကြီးများ၊ သံရုံးရာရေးတာဝန်ခံ များနှင့်တာဝန်ရှိသူများ၊ ကုလသမဂ္ဂလက် အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ် စားလှယ်များ၊ ပြန်ကြားရေးဝန်ကြီးဌာန နှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့မှဌာနဆိုင်ရာအကြီး အကဲများ နှင့် တာဝန် ရှိ သူများ၊ ပြည်တွင်း ပြည်ပ သတင်းထောက်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ယင်း နှင့်ပတ်သက်၍ Online Media ကို လုပ်ကိုင်နေသူတစ်ဦးက '' ကျွန်တော့်အနေနဲ့ သတင်းထူး သတင်းဦးသတင်း မှန်တွေကို အချိန်နဲ့ တပြေးညီ အွန်လိုင်း ကနေ ပြည်သူတွေသိရှိနိုင်ဖို့ ဆောင်ရွက် နေတဲ့ယ ခုလို အချိန်မှာ ဒီလိုမျိုး ကျွန်တော် တို့ကို (Traditional Media) များနည်းတူ ရပိုင်ခွင့်များ ခံစားနိုင်ဖို့အတွက် ပြန်ကြားရေး ဝန်ကြီးဌာနအနေနဲ့ စဉ်းစား ဆောင်ရွက် လျက်ရှိတယ်ဆိုတာကို သိရတဲ့ အတွက် အများ ကြီး ဝမ်းသာပါတယ်။ အွန်လိုင်း မီဒီယာတွေ မြန်မာနိုင်ငံမှာ ဒီထက်ဖွံ့ဖြိုး နိုင်အောင် အတက်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွား မှာဖြစ်ပြီး အွန်လိုင်း မီဒီယာ သမားတွေကို ကာကွယ်ပေးမယ့် ဥပဒေ တွေလဲ လျင်မြန် စွာပေါ်ထွက်နိုင်ပါစေလို့ မျှော်လင့်ပါတယ်'' ဟု သူ က ပြောကြားသည်။

ပြန်ကြားရေး ဝန်ကြီးဌာနအနေ ဖြင့် စာနယ်ဇင်းလွတ်လပ်ခွင့်များကို ဖွဲ့ စည်းပုံအခြေခံဥပဒေနှင့်အညီ ကျင့်သုံးနိုင် ရန် လိုအပ်သည့် ပုံနှိပ်မီဒီယာဆိုင်ရာဥပဒေ ကြမ်းတစ်ခုကို ပြင်ဆင်ရေးဆွဲလျက်ရှိကြောင်း၊ ယခုဆိုလျှင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ၏အကြံပြုချက်များ၊ ယူနက်စကိုအဖွဲ့မှ ပညာရှင်များ၏ အကြံပြုချက်များနှင့် ပြီးခဲ့ သည့် မတ်လအတွင်း ကျင်းပခဲ့သည့်မီဒီယာ ကွန်ဖရင့်က ရရှိသည့်အကြံပြုချက်များအပေါ် မူတည်ပြီး ဒုတိယမူကြမ်းကို ဧပြီ ၂၃ ရက် တွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ထပ်မံ တင်ပြထားပြီးဖြစ်ကြောင်း၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အကြံပြုချက်များရရှိပါက လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက် ဆောင်ရွက်ကာ အနီးဆုံးပြည်ထောင်စုလွှတ် တော်အစည်းအဝေးကို တင်ပြ အတည်ပြု ချက်ရယူသွား မည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပင် ရုပ်သံလွှင့်မီဒီယာ ဥပဒေကြမ်းတစ်ခု ကိုလည်းရေး ဆွဲနိုင်ရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ နှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။
Yangon Media Group
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger