ကာမလိမ်လည် ပြန်ပေးဆွဲမှုဖြင့် ဂမ္ဘီရ စာရေးဆရာ သွန်းနေစိုးကို အမှုဖွင့် စစ်ဆေး

Tuesday, May 8, 20120 မှတ်ချက်များ

စာရေးဆရာ သွန်းနေစိုး (ဓါတ်ပုံ-သွန်းနေစိုး - ဖေ့စ်ဘုတ်)
ရန်ကုန်၊ ဧပြီ ၃၀

'သုသာန်စောင့် မဖဲဝါ' ဂမ္ဘီရ စာအုပ်ဖြင့် လူငယ် စာဖတ်ပရိသတ်များ၏ အားပေးမှုကို ရရှိခဲ့သော စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)ကို ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၆၆ (ကာမလိမ်လည် ပြန်ပေးဆွဲမှု)ဖြင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ဧပြီလ ၂ရ ရက်နေ့ကစ၍ အမှုဖွင့် စစ်ဆေးလျက် ရှိကြောင်း အဆိုပါရဲတပ်ဖွဲ့ စခန်းနှင့် ကာယကံရှင်များထံမှ သိရသည်။

အဆောင်တွင် နေထိုင်သည့် သမီး ဖြစ်သူ ပျောက်ဆုံးသွားသဖြင့် လိုက်လံ စုံစမ်းရာ စာရေးဆရာ သွန်းနေစိုးက တက္ကသိုလ် ကျောင်းဝင်းအတွင်း ဝင်ရောက်၍ အကြမ်းဖက် ခေါ်ယူသွားသည် ကိုကြားသိရကြောင်း၊ ယင်းကြောင့် မင်္ဂလာတောင်ညွန့် ရဲတပ်ဖွဲ့စခန်းတွင် ပ/၄၀၈/ ၂၀၁၂ဖြင့် အမှုဖွင့် တိုင်တန်း ခဲ့ကြောင်း အဆိုပါ တက္ကသိုလ် ကျောင်းသူ ၏ဖခင်ဖြစ်သူ ဦးလှကြိုင်က ဆိုသည်။

သမီးဖြစ်သူက မိခင်ဖြစ်သူကို နာရီ ဝက်အတွင်း လာရောက် ခေါ်ယူရန် ဧပြီ လ ၂ရ ရက်နေ့ ညနေပိုင်းတွင် ဖုန်းဖြင့် ဆက်သွယ် ပြောကြားသဖြင့် ၄င်းတို့ နှစ်ဦး၏ တည်နေရာကို သိရှိကာ သက် ဆိုင်ရာ ရဲတပ်ဖွဲ့စခန်းကို အကြောင်း ကြားခဲ့ကြောင်း ၄င်းက ပြောကြား သည်။

မိမိနှင့် စာရေးဆရာ သွန်းနေစိုး (အမည်ရင်း-ဦးကျော်ဝဏ္ဏ)တို့သည် ၂၀၁၁ ခုနှစ် စက်တင်ဘာလ ၁၁ ရက် နေ့တွင် သမီးရည်းစားများ ဖြစ်ခဲ့ကြောင်း၊ ရည်းစား ဖြစ်ပြီးနောက် မိဘများမသိ အောင်လက်ထပ်စာချုပ်တွင် လက်မှတ် ထိုးခဲ့ဖူးကြောင်း၊ ၄င်းတွင် လက်ရှိအိမ် ထောင်နှင့် ကလေးရှိနေကြောင်း မိမိက သိရှိချိန်တွင် ကွာရှင်းစာချုပ်တွင် ပြန် လည် လက်မှတ်ရေးထိုးခဲ့ကြောင်း၊ ကွာ ရှင်းစာချုပ်တွင် လက်မှတ်ရေးထိုးပြီး ၁ဝရက်အကြာ ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၄င်းက မိမိ၏တက္ကသိုလ် ကျောင်းအတွင်းသို့ ရောက်ရှိလာပြီး မိမိ တွင် ကိုယ်ဝန်ရှိနေသည်ဟုဆိုကာ ကိုယ်ဝန် ဖျက်ချရမည်ဟု လိမ်လည်ပြောဆိုလျက် ဒလမြို့သို့ ခေါ်ဆောင်သွားကြောင်း အသက် ၂၁ နှစ်အရွယ်ရှိ ကာယကံရှင် အမျိုးသမီးက ရှင်းပြသည်။

အမှုဖွင့် တိုင်တန်းသူများ၏ အရွယ်ရောက်ပြီး မိန်းကလေးကို လိမ်လည်ဖြားယောင်းကာ ခိုးယူပေါင်းသင်း သည့် စွပ်စွဲချက်အတွက် စာရေးဆရာ သွန်းနေစိုး (ဒဿကျော်စွာ)အမည်ရင်း- ဦးကျော်ဝဏ္ဏနှင့် ကာယကံရှင်မ ...တို့ ၏ ဘိုကလေးမြို့နယ် တရားရုံးတွင် တရားဝင် လက်ထပ်ထားသော လက်ထပ် စာချုပ်နှင့် ၄င်းတို့နှစ်ဦး ပျော်ရွှင်စွာ ရိုက် ကူးထားသော မှတ်တမ်းဓာတ်ပုံ အစ ရှိသည်တို့ကို ရဲတပ်ဖွဲ့စခန်း၌ စစ်ဆေးနေစဉ် တင်ပြခဲ့ကြောင်း ဦးကျော်ဝဏ္ဏ ၏အမှုကိစ္စအတွက် လိုက်ပါကူညီ ဆောင်ရွက်ပေးနေသူ ၄င်း၏မိတ်ဆွေ ဦးအယ်ခွန်လင်းစံ ကဆိုသည်။

တရားရုံးချုပ်ရှေ့နေတစ်ဦးလည်း ဖြစ်သူ ၄င်းက ''တရားရုံးကိုမတင်သေး ဘဲ ရဲစခန်းမှာပဲရှိနေသေးတဲ့အတွက် ရှေ့နေအနေနဲ့ လိုက်ပါဆောင်ရွက်ပေးလို့ တော့မရပါဘူး။ သူ့ရဲ့အထောက်အထား တွေကို ရဲစခန်းမှာစစ်ဆေးတုန်းကပဲ တင်ပြပေးခဲ့ပါတယ်''ဟု ဧပြီလ ၂၉ ရက်နေ့တွင်ရှင်းပြသည်။

စာရေးဆရာ သွန်းနေစိုးအနေဖြင့် ပြင်ပမှ ဝေဖန်ပြောဆိုမှုများကို ကြားသိ နေသော်လည်း အချုပ်ထဲ ရောက်ရှိနေ သောကြောင့် ဖြေရှင်းပြရန် အခွင့်မသာ သေးကြောင်း၊ အချုပ်မှ လွတ်မြောက်လာ ပါက ရှင်းပြမည်ဖြစ်ကြောင်း၊ နှစ်ဦး သဘောတူခိုးပြေးခြင်းဖြစ်ကြောင်း၊ မိမိ ဖြူစင်ကြောင်း သက်သေပြရန် မိန်းက လေးတစ်ယောက်သိက္ခာကို မချလိုသဖြင့် ယခုလောက်သာပြောလိုကြောင်း၊ တရား ဝင် လက်ထပ်ထားခြင်းဖြစ်ကြောင်း ၄င်း၏ကိုယ်ပိုင် Facebook စာမျက်နှာ ၌ ဧပြီလ ၃၀ ရက်နေ့ နေ့လယ်ပိုင်း က ရေးသားထားသည်ကို တွေ့ရသည်။
The Voice Weekly
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger