Samsung ကုမ္ပဏီမှ နောက်ဆုံးပေါ် ဖုံးတစ်မျိုး ဖြစ်သည့် Galaxy S3 စမတ်ဖုန်းမှာ အင်္ဂါနေ့က စတင်ပြီး ဥရောပနှင့် အရှေ့ အလယ်ပိုင်းရှိ
နိုင်ငံပေါင်း ၂၈ ခုတွင် စတင် ရောင်းချလိုက်ပြီ ဖြစ်သည်။
ယခုလို ရောင်းချခြင်းဖြင့် နာမည်ကျော် iPhone ကို ပြိုင်ဆိုင်နိုင်ရန် ကြိုးစားခြင်း တစ်မျိုးလည်း ဖြစ်သည်။ တောင်ကိုရီးယား အခြေစိုက် Samsung ကုမ္ပဏီမှာ ၂၀၁၂ ခုနှစ် အစောပိုင်း ပထမ သုံးလပတ် အတွင်း Apple ကုမ္ပဏီ၏ ရောင်းအားကို ကျော်လွန်အောင် ကြိုးစားနိုင်ခဲ့ကာ Apple ကုမ္ပဏီမှာလည်း ယခုနှစ် တတိယ လေးလပတ် ကာလ အတွင်းတွင် ၎င်းတို့၏ iPhone အသစ်ကို ထုတ်လုပ်နိုင်ရန် မျော်လင့်ထားကြောင်း သိရသည်။
Galaxy S3 မှာ Android operating စနစ်ကို သုံးထားပြီး အသုံးပြုသူများ၏ မျက်လုံး လှုပ်ရှားမှုကို ခြေရာခံကာ ဖုန်းမျက်နှာပြင်ကို အလင်းအမှောင် ဖြစ်မှုကို ချိန်ပေးနိုင်ကာ Samsung တို့၏ အပြောအရ ယခုဖုန်းကို လာမည့် ဇူလိုင်လတွင် နိုင်ငံပေါင်း ၁၄၅ နိုင်ငံတွင် ရောင်းချနိုင်ရန် ရည်ရွယ်ထားကြောင်းလည်း သိရသည်။
source : Reuters

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။