မြန်မာ-ထိုင်း စီးပွားရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့

Wednesday, May 30, 20120 မှတ်ချက်များ

ထိုင်းနိုင်ငံ Office of the Board of Investment မှ တာဝန်ရှိသူ တစ်ဦး ဦးဆောင်ပြီး ပြည်တွင်းမှာ ရင်းနှီး မြှုပ်နှံမှုနဲ့ စီးပွားရေး ကုန်သွယ်မှု လုပ်ငန်းများ

ပူးပေါင်း ဆောင်ရွက်ဖို့ အတွက် မြန်မာ-ထိုင်း စီးပွားရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲကို မေလ ၂၈ ရက်နေ့က အင်းယားလိတ် ဟိုတယ်မှာ ကျင်းပပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီ ဆွေးနွေးပွဲမှာ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်း ကုမ္ပဏီ ၅၀ မှ လုပ်ငန်းရှင် ၇၆ ဦးခန့် ပါဝင်တဲ့ ကိုယ်စားလှယ် အဖွဲ့တွေက လာရောက် ဆွေးနွေး ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဆွေးနွေးရာမှာ ထိုင်းနိုင်ငံမှ စီးပွားရေး လုပ်ငန်းရှင်များနဲ့ ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းရှင် များက ပြည်တွင်းမှာ ဆောင်ရွက် နေတဲ့ လုပ်ငန်းများ ဖြစ်တဲ့ ရာဘာ လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ဓါတုပစ္စည်း လုပ်ငန်း၊ ပို့ဆောင်ရေး ဆိုင်ရာ လုပ်ငန်း၊ ပို့ကုန်သွင်းကုန် ဆိုင်ရာ လုပ်ငန်း၊ မော်တော်ယာဉ်နဲ့ မော်တော်ယာဉ် အပိုပစ္စည်း အမျိုးမျိုး၊ အထည်ချုပ် လုပ်ငန်းတို့မှာ ပူးပေါင်း ဆောင်ရွက် နိုင်ဖို့ ဆွေးနွေးမှု ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆီအုန်း လုပ်ငန်း၊ စက်ပစ္စည်း အမျိုးမျိုး၊ စက်သုံးဆီ လုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ စားသောက်ကုန် လုပ်ငန်း၊ ဆောက်လုပ်ရေး လုပ်ငန်းနဲ့ ရေနံဓါတ်ငွေ့ လုပ်ငန်းများ အစရှိတဲ့ စီးပွားရေး လုပ်ငန်း အမျိုးမျိုးကို အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရေး အတွက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြတယ်လို့ သတင်း ရရှိပါတယ်။

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger