ပုဇွန်ထုတ်ကြော်

Saturday, May 12, 20120 မှတ်ချက်များ


ဒီပုဇွန်ထုတ်ကြော် ချက်နည်းက ၀တ်ရည် အကိုကြီးရဲ့ ချက်နည်းပါ။ အကိုကြီး ရန်ကုန် ပြန်လာလည်တိုင်း ချက်ကျွေးလေ့ ရှိတာမို့ အမှတ်တရ အနေနဲ့ မနေ့က လုပ်စား ဖြစ်တာပါ။ လုပ်ရတာလည်း အရမ်းလွယ်ပြီ အရသာက ချိုစိမ့် မွှေးနေပါတယ်။ ပုဇွန်ကျောခွဲပြီ အစားသွပ်ထားတာမို့ သာမန် ပုဇွန်ထုတ်ကြော်တွေနဲ့ လုပ်နည်း လုံးဝ မတူပါဘူး။ ချက်ကြည့်ရအောင်…
ပါဝင်သောပစ္စည်းများ
၁။ ပုဇွန်ထုတ် – ၄ကောင်
၂။ မုန်လာဥနီ – ၁ဥ (နှုတ်နှုတ်ဆင်းပါ)
၃။ ကြက်သွန်ဖြူ – ၅မွှာ (နှုတ်နှုတ်ဆင်းပါ)
၎။ ကြက်သွန်မြိတ် – ၁စည်း ( ပါးပါးလှီးပါ)
၅။ ခရုဆီ – စားပွဲတင်ဇွန်း တ၀က်
၆။ ဆား – လက်ဖက်ရည်ဇွန်း တ၀က်
ရ။ သကြား – လက်ဖက်ရည်ဇွန်း တ၀က်
၈။ ကြက်ဥ – တ၀က် (ခလောက်ပါ)
၉။ ဂျုံ – စားပွဲတင်ဇွန်း ၂ဇွန်း
ချက်ပြုတ်နည်း
၁။ ပုဇွန်ထုတ်ကိုကို ရေစင်အောင် ဆေးပြီ အခွံကို အလယ်ကနေ ကတ်ကြေးဖြင့် ညှပ်လိုက်ပါ။ ပြီလျှင် ဓားဖြင့် အလယ်ကြောကို အနည်းငယ် လှီးလိုက်ပါ။

၂။ ထို့နည်းအတိုင်း ကျန်ပုဇွန်ထုတ် ၃ကောင်ကို ဆက်လက်ပြုလုပ်ပါ။
၃။ ပြီးလျှင် ပါဝင်သောပစ္စည်းများ ဖြစ်သော (မုန်လာဥနီ၊ ကြက်သွန်ဖြူ၊ ကြက်သွန်မြိတ်၊ ဆား၊ သကြား၊ ခရုဆီ၊ ကြက်ဥ၊ ဂျုံ) တို့ကို ခွက်တစ်ခုထဲ ရောနယ်လိုက်ပါ။

၎။ ပြီးလျှင် ရောနယ်ထားသော အစားများကို ပုဇွန်ထဲသို့ အစားသွပ်ပေးပါ။

၅။ ခုပုဇွန်ထုတ်ကြော်လို့ ရပါပြီ။ ဒယ်ထဲ ဆီစားပွဲတင်ဇွန်း ၂ဇွန်း ထည့်ပြီ အစားသွပ်ထားသော ပုဇွန်များကို မီးအသင့်တင့်ဖြင့် ၂မိနစ်ခန့် ဆီပူထိုးကြော်ပေးပါ။
၆။ အရသာရော၊ အနံ့ပါ သင်းသည့် ပုဇွန်ထုတ် ကြော်လေးကို ထမင်းပူပူလေးဖြင့် သုံးဆောင်နိုင်ပါပြီ…
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger