ဝက်သားလုံးကြော်

Saturday, May 12, 20120 မှတ်ချက်များ


ဇွန်ကျောင်းတွေလည်း ပြန်ဖွင့်တော့မှာမို့ ကလေးတွေ အတွက် အထူးစပယ်ရှယ် ထမင်းဘူး လုပ်နည်းလေးတွေ ရွေးချယ် တင်ဆက်ပေးသွားပါ့မယ်။ ၀က်သားကို ပါမုန့်ခြောက်ရယ်၊ ဂျုံနဲ့ ကပ်ပြီ အကြွပ်ကြော်ထားတဲ့ ၀က်သားလုံးကြော် လေးတွေပါ။ ထို့ပြင် ကျန်းမာရေးနဲ့ ညီမျှအောင် မုန်လာဥနီ၊ ပြောင်းဖူးသေး၊ ဘိုးစားပဲ တို့ကို ကြော်ထားတာလေး ထည့်သွင်းထားပါတယ်။ ထမင်းကတော့ ကလေးတွေ အကြိုက် Angry Bird ပုံလေးကို ဖော်ထားတာပါ။ ထမင်းဘူးလေး တူတူပြင်ကြရအောင်…
ဝက်သားလုံးကြော် ပါဝင်ပစ္စည်းများ
  • ၀က်သား – ၂၅၀ ဂရမ် (နှုတ်နှုတ်စဉ်းထားပါ)
  • ကြက်သွန်ဖြူ – ၂မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – တစိတ် (နှုတ်နှုတ်စဉ်းပါ)

  • ဆား – လက်ဖက်ရည်ဇွန်း ၁ဇွန်းခွဲ
  • သကြား – လက်ဖက်ရည်ဇွန်း တ၀က်
  • ငရုတ်ကောင်းမှုန့် – လက်ဖက်ရည်ဇွန်း တ၀က်
  • နှမ်းဆီ – လက်ဖက်ရည်ဇွန်း ၃ပုံ ၁ပုံ
ဝက်သားလုံး ကြော်နည်း
၁။ အရင်ဆုံး ၀က်သားလုံးကြော် အတွက် ပါဝင်ပစ္စည်းများ ဖြစ်သော (၀က်သား၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဆား၊ သကြား၊ ငရုတ်ကောင်းမှုန့်၊ နှမ်းဆီ) တို့ကို ဇလုံတစ်ခုထဲ သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီလျှင် နုယ်ထားသော ၀က်သားများကို အနေတော် အလုံးလေးများ လုံးလိုက်ပါ။

၃။ ပြီမှ ပြီးလျှင် ပန်းကန်ပြားတစ်ခုထဲ ဂျုံမှုန့်များထည့်ပြီး ၀က်သားလုံးများကို ဂျုံကပ်ပေးပါ။

၎။ ပြီးနောက် ခလောက်ထားသော ကြက်ဥခွက်ထဲ ၀က်သားလုံးများကို နှစ်စိမ်ပေးပြီး ပါမုန့်ခြောက် (breadcrumb) ထည့်ထားသော ပန်းကန်ပြားထဲထည့် ပါမုန့်ခြောက်များ ကပ်ပေးပါ။



ရ။ ဒယ်ထဲ ဆီများများထည့်၍ ၀က်သားလုံးများကို မီးနည်းနည်းဖြင့် အညှိရောင်သန်းလာ သည်အထိ ကြော်ပေးပါ။

၈။ ၀က်သားလုံးများ ရပြီဆိုလျှင် ဟင်းရွက်များကို ကြော်ပါ့မည်။
၉။ ဟင်းရွက်ကြော်အတွက် အရှည်လှီးထားသော မုန်လာဥနီ၊ ဘိုစားပဲ၊ ထပ်ခြမ်းခြမ်းထားသော ပြောင်းဖူးသေး တို့ကို အရင်ဆုံး ရေနွေးဖျော်ပေးပါ။
၁၀။ ပြီမှ ပြန်ဆယ်ကာ ဆား(လက်ဖက်ရည်ဇွန်း တ၀က်)၊ ငရုတ်ကောင်းမှုန့်(လက်ဖက်ရည်ဇွန်း ၃ပုံ၁ပုံ) တို့ဖြင့် ရောနုယ်ပြီ ကြက်သွန်မြိတ်များဖြင့် စည်းထားလိုက်ပါ။
၁၁။ ထို့နောက် ဒယ်ထဲ ဆီနည်းနည်းထည့်ပြီ စည်းထားသော ဟင်းရွက်များကို ရေ (အနည်းငယ်)  ထည့်ကြော်ပေးပြီ ပြန်ဆယ်ထားလိုက်ပါ။
၁၂။ ဟင်းရွက်ကြော်ရပြီဆိုလျှင် ၀က်သားလုံးကြော်၊ ဟင်းရွက်ကြော်တို့နှင့် ထမင်းဘူးကို ပြင်လို့ရပါပြီ…

မှတ်ချက် ။       ။ Angry Bird ထမင်းလုပ်ပုံ အဆင့်ဆင့် သိချင်ပါက အောက်တွင် ဆက်ဖတ်ပါ။
Angry Bird ထမင်းပုံဖော်နည်း
၁။ အရင်ဆုံး Angry Bird လုပ်ရန် ထမင်း ၃ပုံ၂ပုံကို ခရမ်းချဉ်သီးဆော့(စားပွဲတင်ဇွန်း ၁ဇွန်း) ထည့်ကာ ရောနယ်လိုက်ပါ။

၂။ ပြီလျှင် ခရမ်းချဉ်သီးဆော့နှင့် ရောနုယ်ထားသော ထမင်းကို တြိဂံပုံဖော်လိုက်ပါ။
၃။ ပြီမှ ကျန် ထမင်းဖြူ ၃ပုံ၁ပုံကို Angry Bird တြိဂံအောက်ခြေမှာ ကပ်ပေးပါ။

၎။ ထို့နောက် Angry Bird ပုံကြမ်းရပြီဆိုလျှင် မျက်လုံး၊ မျက်ခုံး အတွက် ရေညှိရွက်၊ ချိစ်ပြားကို အသုံးပြုပါ။
၅။ နှာခေါင်း၊ အမောက်ကို မုန်လာဥနီနှင့် ပုံဖော်ပေးပါ။
Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger