ပန်းငရုတ်ပွ အစာသွတ်

Thursday, May 3, 20120 မှတ်ချက်များ

ပန်းငရုတ်ပွကို ဘုံလုံသီးအစာသွတ်လိုပဲ အစာသွတ်ပြီးချက်တာမျိုးပါ။ ဒါပေမဲ့ ပန်းငရုတ်ပွ အစာသွတ်မှာ ထူးခြားစေတာက ခရမ်းချဉ်သီးဆော့ဖ်ပဲ ဖြစ်ပါတယ်။ ပန်းငရုတ်ပွအစာသွတ်ဖို့ကိုတော့ ဝက်သား ဒါမှမဟုတ် ကြက်သားကို သုံးနိုင်ပါတယ်။

ပါဝင်သောပစ္စည်းများ

ပန်းငရုတ်ပွ - လေးတောင့်

ဝက်သားအသား - ၁၀ကျပ်သား

ကော်မှုန့် - အနည်းငယ်

ခရမ်းချဉ်သီး- နှစ်လုံး

ကြက်သွန်ဖြူ/နီ

ချင်း

ခရုဆီ

ပြုလုပ်ပုံအဆင့်ဆင့်

အရင်ဆုံး ပန်းငရုတ်ပွတွေကို ရေစင်အောင်ဆေးပြီး အညှာနားကနေ ထိပ်လေးတွေကို ဓါးနဲ့ညီညီညာညာ လှီးပြီး ဖွင့်ပါ။ အထဲက ငရုတ်စေ့တွေကိုလည်း ဖယ်ထုတ်ပစ်လိုက်ပါ။ ဝက်သားအသားကိုတော့ နုပ်နုပ်စဉ်းပြီး ကြက်သွန်ဖြူ/နီ၊ ချင်းရောထောင်းထားတာတွေနဲ့၊ ဆား ၊ကော်မှုန့် အနည်းငယ်တို့နှင့်ရောမွှေပြီး ခုနထိပ်ဖွင့်ထားတဲ့ ငရုတ်ပွထဲကို သွတ်ပါမယ်။ အစာသွတ်ပြီးသွားရင် ခုနလှီးထုတ်ထားတဲ့ အညှာပိုင်းလေးကို နေရာမပျက်ပြန်အုပ်ပေးပြီး ပွင့်ကျမသွားအောင် သွားကြားထိုးတံလေးနဲ့ ထိုးထားပါမယ်။ ရေခံထားတဲ့ ထမင်းပေါင်းအိုးဆန်ခါထဲကို အစာသွတ်ထားတဲ့ ငရုတ်ပွလေးတွေကို ထည့်ပြီး ဆယ့်ငါးမိနစ်လောက် ပေါင်းပါမယ်။ အဲ့လိုပေါင်းနေတဲ့အချိန်မှာ ခရမ်းချဉ်သီးဆော့ဖ်အတွက် ကြက်သွန်ဖြူနီကို အရင်ဆီသတ်ပြီး ခရမ်းချဉ်သီးပါးပါး လှီးထားတာတွေ ထည့်ပါမယ်။ ဆား၊ အရသာမှုန့်နဲ့ ခရုဆီအနည်းငယ်လည်း ထည့်မွှေပြီး ခရမ်းချဉ်သီးတွေ လိပ်သွားတဲ့အခါ ချထားလိုက်ပါ။ ဆယ့်ငါးမိနစ်လောက် ပေါင်းပြီးသွားတဲ့ ငရုတ်ပွတွေကို အိုးထဲက ထုတ်လိုက်ပြီး အနေတော်လေးတွေ လှီးပြီး အတောင့်ပုံမပျက်အောင် ထားပါ။ ပြီးတော့မှ အပေါ်ကနေ ခုန ခရမ်းချဉ်သီးဆော့ဖ်ကို လောင်းပေးလိုက်ရင် အရသာ ထူးကဲတဲ့ ငရုတ်ပွ အစာသွတ်ကို သုံးဆောင်လို့ရပြီပေါ့။

Ref: 7 Day News

Share this article :

Post a Comment

မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။

 
Support : Creating Website | Johny Template | Mas Template
Copyright © 2011. For Myanmar News - All Rights Reserved
Template Created by Creating Website Published by Mas Template
Proudly powered by Blogger