
ပါဝင်သောပစ္စည်းများ
ပုစွန်
ချဉ်ပေါင်ရွက်
ငရုတ်သီးအကြမ်းဖတ်
ကြက်သွန်နီ/ဖြူ
ဆီ
ငရုတ်သီးအစိမ်းမှုန့်
ဟင်းခတ်မှုန့်။
ပြုလုပ်ပုံအဆင့်ဆင့်
ချဉ်ပေါင်ရွက်များကို ခြွေ၍ ရေဆေးပြီးလျှင် နေလှန်းထားပါ။ ချဉ်ပေါင်ရွက်ခြောက်များကို အဆင်သင့် ပြုလုပ်ထားပါ။ ဆီသတ်ပြီးလျှင် အဆင်သင့်ရေဆေးပြီးသား ပုဇွန်များကို ဆီပြန်အောင်မွှေပါ။ ဆီပြန်၍ပွက်ပွက်ဆူလာလျှင် ချဉ်ပေါင်ရွက်ခြောက်များကို ထည့်၍မွှေပါ။ ငရုတ်သီး အကြမ်းဖတ် အနည်းငယ်ထည့်၍ မွှေပါ။ ရေအနည်းငယ်ထည့်၍ အရသာသင့်သလို ထည့်ပြီး ဆူပွက်လာလျှင် အရသာရှိသော ချဉ်ပေါင်ပုဇွန်ခြောက်စပ်ဟင်းကို သုံးဆောင်နိုင်ပါတယ်။
Ref: 8 Days

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။