မြန်မာနိုင်ငံမှ ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံကူး လက်မှတ် ရရှိပြီးပါက အမေရိကန် ကွန်ဂရက်လွှတ်တော်သို့ အလည်အပတ် လာရောက်မည့်
နေ့ရက်ကို စောင့်မျှော် ကြိုဆိုနေပါကြောင်း အဆင့်မြင့် ဆီးနိတ်လွတ်တော် အမတ်တစ်ဦး ဖြစ်သူ တစ်ချိန်က သမ္မတ အဖြစ် ဝင်ရောက် အရွေးခံခဲ့သည့် ဂျွန်မက်ကိန်းမှ အင်္ဂါနေ့ကပြောကြားလိုက်သည်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် နိုင်ငံကူး လက်မှတ် ပြုလုပ်ခဲ့ပြီး ၂၄ နှစ် အတွင်း ပထမဆုံး အကြိမ်အဖြစ် နိုင်ငံရပ်ခြားသို့ ခရီးထွက်ရန် ပြင်ဆင်နေကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ လွန်ခဲ့သည့် အင်္ဂါနေ့ အစောပိုင်းက ပြောကြားခဲ့သည်။ မိမိ အနေဖြင့် သူမ ယခုလို နိုင်ငံကူး လက်မှတ် ရရှိသည့် အတွက် ဝမ်းသာမိကြောင်း ၊ ကွန်ဂရက်တွင် တွေ့ဆုံရမည့် အချိန်ကို မျှော်လင့်နေပါကြောင်း ဂျွန်မက်ကိန်းက ပြောကြားခဲ့သည်။ ယခုလို လာရောက် လည်ပတ်နိုင်သည့် နေ့ရက် အတိအကျကို မက်ကိန်းမှ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိသော်လည်း ဒေါ်အောင်ဆန်းစုကြည်သို့ အမေရိကန်ရှိ နိုင်ငံသားများကို ပေးအပ်သော အမြင့်ဆုံး ဆုတံဆိပ် ဖြစ်သည့် Congressional Gold medal ကို လူတွေ့ ပေးအပ်ရန် ရှိကြောင်း ပြောခဲ့သည်။
အဆိုပါ ဆုတံဆိပ်မှာ လွန်ခဲ့သည့် ၂၀၀၈ ခုနှစ်က ဒေါ်အောင်ဆန်းစုကြည့်သို့ ချီးမြှင့်ခဲ့ခြင်း ဖြစ်သည်။ အမေရိကန် ပြည်ထောင်စုမှာ လွန်ခဲ့သည့် လက မြန်မာနိုင်ငံ အပေါ် ပိတ်ဆို့ အရေးယူမှုများထဲမှ အချို့ကို ဖယ်ရှားပေးခဲ့ပြီး ယခုလို ဒေါ်အောင်ဆန်းစုကြည်ကို လည်ပတ်ရန် ဖိတ်ခေါ်မှု ပြုလိုက်ခြင်းလည်း ဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်မှာ လာမည့် လအတွင်း နော်ဝေနိုင်ငံ အော်စလိုမြို့သို့ ခရီးထွက်မည် ဖြစ်ကာ ၁၉၉၁ ခုနှစ်တွင် ရရှိခဲ့သည့် နိုဘယ်ဆုကို ကိုယ်တိုင်သွားရောက် လက်ခံမည် ဖြစ်သည်။
source :channelnewsasia.com

Post a Comment
မှတ်ချက်ပေးချင်သော၊လူကြီးမင်းများခင်ဗျား။ ယဉ်ယဉ်ကျေးကျေးပြောစေလိုပါတယ်။လာရောက်အားပေးသော စာဖတ်ပရိသတ်တွေကိုလည်း အထူးပင်ကျေးဇူးတင်ရှိပါတယ်။